ဗန်းမော်မြို့ကို စစ်သင်္ဘောတွေဆိုက်ကပ်နိုင်ပြီးနောက် ထင်ထားတဲ့အတိုင်းပဲစစ်တပ်က KIAကိုပြန်လည်တိုက်ခိုက်လာပါပြီ။စစ်တပ်က အင်အားဖြည့်တင်းပီး နောက်တန်ပြန်ထိုးစစ်ဆင်လာလို့ ကာလအတော်ကြာငြိမ်သက်နေတဲ့ ဗန်းမော်မြို့မှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေပါတယ်။
အလားတူပဲကရင်ပြည်နယ်မှာလဲ စစ်တပ်ကကျုံဒိုးကော့ကရိတ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီးနောက်ကော့ကရိတ်မြဝတီလမ်းပိုင်းကို ဆက်လက်ထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။အင်အားအလုံးအရင်းသုံးပြီး ပိတ်မိနေတဲ့အောင်ဇေယျစစ်ကြောင်းကို ပြန်အသက်သွင်းချင်နေပုံပဲ။ထိုင်းနယ်စပ်က ဝေါလေဗျူဟာတိုက်ပွဲဟာလဲ အကြောင်းမထူးသေးပါဘူး။ကရင်ပြည်နယ်ထဲမှာ တော်လှန်ရေးအဖွဲ့တွေဘက်က ထိုးစစ်တွေအရှိန်သေသွားသလောက်ဖြစ်နေပါပြီ။