ပြည်ပမှာသုံးလကျော်နေထိုင်ပြီးပြည်တွင်းကို ပြန်ဝင်လာရင်ပြည်ပမှာအလုပ်လုပ်နေတယ်လို့ ယူဆပြီးပြန်ဝင်လာတဲ့အချိန် အခွန်ကောက်မယ်လို့စစ်ကော်မရှင်ကဆိုပါတယ်။စစ်ကော်မရှင်ဟာ ပြည်ပမှာနေထိုင်သူတွေဆီက အခွန်ရသလောက်ကောက်ဖို့ ကြိုးစားနေပါတယ်။ဒီကိစ္စကြောင့် ရန်ကုန်နဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ သက်ဆိုင်ရာဌာနတွေက စစ်ဆေးမှုတွေလုပ်လာတယ်။အချို့ခရီးသည်တွေဆိုရင် ငွေညှစ်ခံနေရတယ်။ဒီကိစ္စဟာ အသက်အရွယ်မရွေးအကျုံးဝင်နေတာကြောင့် လူတန်းစားပေါင်းစုံအတွက်ပြည်ပထွက်ခွင့် ပိုမိုခက်ခဲနေနိုင်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


