နောင်ချိုမြို့ကိုထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာလဲ မြို့အနီးလေးမိုင်အကွာအထိ ရောက်လာနေပါပြီ။စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီးတောင်ခမ်းဘက်ကတက်လာတဲ့ စစ်ကြောင်းကမြို့နဲ့အတော်နီးနေပြီ။ပြင်ဦးလွင်ဘက်ကတက်လာတဲ့ စစ်ကြောင်းဟာလဲလအတန်ကြာရပ်တန့်နေခဲ့ရာက အခုဆိုရင်ရှေ့ကို တဖြည်းဖြည်းတိုးလာနေပါပြီ။TLNAတပ်တွေ တဆုတ်ထဲဆုတ်နေရတယ်။ဒီပုံစံအတိုင်းဆိုရင် နောင်ချိုမြို့ကို စစ်ကောင်စီလက်ထဲ ဒီလမကုန်ခင် ပြန်ပေးရဖို့များနေပါပြီ။
Read moreDetailsမန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၇မိုင်ကျေးရွာအနီး စစ်စခန်းတွေထဲ လနဲ့ချီကြာ ခိုအောင်းနေရတဲ့ စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ဖောက်ထွက် လာပါတယ်။ ဇွန်လ ၂၇ရက်က စလို့ သပိတ်ကျင်းနယ် ၇မိုင်ရွာ တဝိုက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်အုပ်စုက...
Read moreDetailsစစ်ကိုင်းမြို့မှာ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်နေသည့် နမ့်လတ်ပရဟိတအဖွဲ့၏ အဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီးထားပြီး၊ အဖွဲ့ပိုင်ကားနှင့် ငလျင်ကူညီရေးပစ္စည်းများကို သိမ်းဆည်းထားပါတယ်။ အဖွဲ့ဝင်အားလုံးကို ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားတာလို့သိရတယ်။ ဖမ်းဆီးမှုမတိုင်မီ တရက်က စစ်ကောင်စီအရာရှိတဦး ဓမ္မာရုံသို့ လာရောက်စစ်ဆေးခဲ့သေးတယ်။ လက်ရှိအချိန်မှာတော့ လုပ်အားလာပေးတဲ့...
Read moreDetailsကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ ဖားဆောင်းမြို့ကလက်ကျန်တပ်ရင်းနှစ်ခုကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စတင်တိုက်ခိုက်နေပါတယ်။တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်မှာ စက်သုံးဆီစျေးတွေ မြင့်တက်နေတယ်လို့သိရတယ်။
Read moreDetailsစစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲ လနဲ့ချီကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး စိုက်ပျိုးမြေ ဧက ၃၀,၀၀၀ နီးပါး စပါး မစိုက်နိုင်သေးဘူးလို့ သိရတယ်။ ပုလဲနယ် ကျေးရွာ ၂၀ ကျော်က...
Read moreDetailsလက်ရှိစစ်ရေးအခြေအနေတွေအရ မဟာဗျူဟာမရှိတဲ့ တိုက်ပွဲတွေ မြို့နယ်တခုလုံး လွှမ်းခြုံနိုင်တဲ့တိုက်ပွဲမဟုတ်ရင် အဲဒီတိုက်ပွဲတွေက တော်လှန်ရေးကိုဝန်ပိစေတာကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ပဲ စစ်စရိတ်ကုန်ကျမှုသာ များလာမှာဖြစ်တယ်။ အခုနောက်ပိုင်းမှာ ဘယ်တိုက်ပွဲမှာ စစ်သား ဘယ်နှစ်ယောက် သေသွားလဲဆိုတာ စစ်တပ်အတွက် ထွေထူးကြီး သက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး။စစ်တပ်က တိုင်းပြည်ထဲ လူငယ်...
Read moreDetailsရန်ကုန်မန္တလေးလမ်းဟောင်းက စစ်ကောင်စီစခန်းကိုးခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တပြိုင်နက်တိုက်ခိုက်ခဲ့ကြတယ်။တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားနှစ်ဆယ်ခန့်သေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိတယ်လို့NUGကသတင်းထုတ်ပြန်တယ်။လွန်ခဲ့တဲ့၂နှစ်လောက်ကဆိုရင်တော့ ဒီသတင်းမျိုးဟာတော်လှန်ရေးအတွက် အားတက်စရာကောင်းလိမ့်မယ်။ရန်ကုန်မန္တလေးလမ်းဟောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်နိုင်တော့မယ်လို့ လော်ဘီတချို့ကပြောပြလိမ့်မယ်။အခုတောင် သတင်းဌာနတချို့က စစ်စခန်းကိုးခုလောက်ကို ဝင်တိုက်ပြီးပြန်ဆုတ်သွားခဲ့ရတာကိုပဲ ရန်ကုန်နဲ့မိုင်၈၀၊၁၀၀ဝင်းကျင်အထိ PDFတွေရောက်လာပြီဆိုပြီး ဖွနေသေးတယ်။လက်ရှိကာလ စစ်ရေးနိုင်ငံရေးအခြေအနေတွေကိုနားလည်နေသူတွေအတွက်တော့ ဒီသတင်းဟာအားတက်စရာသတင်းတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။
Read moreDetailsစစ်ကောင်စီရဲ့ မတရားအမှုဆင်ဖမ်းဆီးခြင်းခံနေရတဲ့ သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တရားခွင်ကပုံတွေပေါက်ကြားလာပါတယ်။တရားရုံးတစ်ခုမှာလို့ ယူဆရပြီး ဘယ်တရားရုံးမှန်းတော့မသိပါဘူး။တကယ်တော့ ထိုနေရာဟာတရားရုံးမဟုတ်ပါဘူး။မတရားတဲ့ရုံးပါ။သူမကိုတရားခံစစ်စ်နေတဲ့ပုံတွေကို တွေ့ရတော့ အော့နှလုံးနာစရာ၊ခံပြင်းစရာကောင်းလှပါတယ်။ဒါ့အပြင်ဒေါ်ဆောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့နေရာကိုလဲ ဘယ်သူမှမသိကြပါဘူး။နေပြည်တော်အကျဥ်းထောင်ကနေ အခြားနေရာတစ်ခုကိုပြောင်းရွှေ့ချုပ်နှောင်ထားတယ်လို့ပဲ သိရတယ်။ဒီတော်လှန်ရေးကြီးမအောင်မြင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ဘဝလက်ကျန်သက်တမ်းတွေကို မတရားအကျဥ်းချခံထားရတဲ့ထောင်ထဲမှာပဲ ကုန်ဆုံးတော့မှာပါ။
Read moreDetailsရှမ်းမြောက်မှာ MNDAAသိမ်းပိုက်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးလိုက်ရပြီးနောက်သိန္ဒီမြို့ကိုပါ ပေးရဦးမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။သေချာပြီမဟုတ်သေးပေမယ့် လားရှိုးတုန်းကလဲမပေးပါဘူးဆိုပြီးပေးခဲ့ရတာပဲလေ။အခုလောလောဆယ်တော့ MNDAAနဲ့ စစ်ကောင်စီတို့ ထပ်မံတွေ့ဆုံမယ်လို့ မကြားမိသေးပါဘူး။တရုတ်ဟာနယ်စပ်ကုန်သွယ်ရေးပြန်ပွင့်ဖို့ လမ်းကြောင်းပေါ်က မြို့တွေကိုအတင်းအကျပ်ဖိအားပေးပြီးစစ်ကောင်စီကို ပြန်ဖို့ တောင်းဆိုပါလိမ့်မယ်။အခုလဲMNDAA ထိန်းချုပ်နယ်မြေတွေထဲကမြို့တွေမှာ တရုတ်နိုင်ငံသားတွေဝင်ရောက်ပြီး စီးပွားရေးလုပ်နေတယ်လို့သိရတယ်။စစ်ကောင်စီကို အမြစ်ပြတ်အောင်မလုပ်နိုင်ဘူးဆိုရင် ထိုနယ်မြေတွေဟာ တရုတ်အပိုင်နီးပါးဖြစ်သွားပါလိမ့်မယ်။
Read moreDetailsစစ်ကောင်စီကွပ်ကဲနယ်မြေများတွင် ဖမ်းဆီးမှုများ ပြုလုပ်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များဟာသက်ဆိုင်ရာ စစ်ကောင်စီ တပ်ဖွဲ့ထံ ကြိုတင်အကြောင်းကြားရမည်ဟု ညွှန်ကြားချက် ထွက်ပေါ်လာတယ်။ အကြောင်းမကြားဘဲ ဖမ်းဆီးပါက ရဲတပ်ဖွဲ့ဝင်များပါ အရေးယူခံရမည် ဖြစ်ကြောင်း သိရတယ်။ ထိုသို့ ထုတ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီအရာရှိများ ပိုင်ဆိုင်သည့်...
Read moreDetailsYou can copy without credits to our site. We Need Freedom.