အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၀၇၊ ၂၀၂၅။ (စနေ)

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းအစပ် တောင်ခမ်းဒေသကတိုက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့နောင်ချိုမြို့နားကို ရောက်ရှိလာပါပြီ။ထိုဒေသမှာ ၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းထဲကတိုက်ပွဲတွေ တောက်လျောက်ပြင်းထန်နေတာပါ။အစောပိုင်းမှာတော့ TLNAကအသာစီးရနေပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက အသာစီးကပြန််လည်ထိုးစစ်ဆင်လာနိုင်တယ်။အခုဆိုရင်TLNAသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နဲ့၁၀မိုင်အကွာအထိ စစ်ကောင်စီတပ်တွေရောက်ရှိလာပါပြီ။စစ်ကောင်စီရဲ့ လက်နက်ကြီးတွေလက်လှမ်းမှီနိုင်တဲ့ အကွာအဝေးကိုရောက်လာတာကြောင့် မြို့ပေါ်ကပြည်သူတချို့လဲ ပြန်လည်တိမ်းရှောင်နေကြရပြီ။နောင်ချိုမြို့ဟာ စစ်ကောင်စီလက်ထဲပြန်လည်ကျရောက်သွားမလား စောင့်ကြည့်နေရပြီပေါ့။

Read moreDetails

ဇွန် ၀၆၊ ၂၀၂၅။ (သောကြာ)

ထရန့်ရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်တဲ့အမိန့်ဟာပြည်တွင်းမှာ မတည်ငြိမ်မှုတွေကြောင့်အမေရိကန်မှာအခြေချဖို့ကြိုးစားနေတဲ့ လူတန်းစားတစ်ရပ်ကိုထိခိုက်မှုတွေရှိလာလိမ့်မယ်။ကျောင်းသွားတက်မယ့် သူတွေလဲသွားလို့မရတော့ပါဘူး။သာမာန်ပြည်သူတွေအတွက်ကတော့ ထူးခြားမှုမရှိပါဘူး။ဒါပေမယ့်နိုင်ငံရေးကိစ္စတွေကြောင့် နယ်စပ်မှာဒုက္ခသည်အဖြစ်နေထိုင်ပြီးအမေရိကန်ကို နိုင်ငံရေးခိုလှုံခွင့်ရဖို့လုပ်နေသူအတွက်တော့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်ထင်တယ်။ အမေရိကန်နိုင်ငံထဲတရားဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၂၀ရါခိုင်နှုန်းကျော်ဟာ မြန်မာပြည်ကိုမပြန်တော့ပဲခိုကပ်နေကြတဲ့အတွက် ထိုအမိန့်ကိုထုတိပြန်ရတာလို့ အမေရိကန်ဘက်ကလဲပြောထားတယ်။ ထိုအမိန့်ကြောင့်မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ပြည်တွင်းစစ်ကြောင့် ကမ္ဘာပေါ်မှာအဆိုးရွားဆုံးနိုင်ငံအနည်းငယ်စာရင်းထဲကို ရောက်ရှိတယ်ဆိုတာ ထပ်မံပြသလိုက်တာပါပဲ။

Read moreDetails

ဇွန် ၀၅၊ ၂၀၂၅။ (ကြာသပတေး)

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို  အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုးလိုက်တယ်။ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးခေါင်းစဥ်နဲ့ ဝင်ခွင့်မပြုတော့တာပါ။ အခြားဝင်ခွင့်မပြုတဲ့နိုင်ငံတွေဟာလဲ နိုင်ငံရေး၊စစ်ရေး တည်ငြိမ်မှုမရှိတဲ့ အာဖဂန်နစ္စတန်၊ အီရန်၊ လစ်ဗျား၊...

Read moreDetails

ဇွန် ၀၄၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

စစ်ကောင်စီအစည်းအဝေးတစ်ခုမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခ များစွာနစ်နာတယ်၊ လုံခြုံရေးဆိုင်ရာ အခက်အခဲများလည်း ဖြစ်ပေါ်လာနိုင်၍ ကြပ်မတ်ကြရန် ညွှန်ကြားခဲ့ပြီးနောက် တနိုင်ငံလုံးမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေပါတယ်။ လမ်းပေါ်မှာဖမ်းယုံမကပဲ ကားနှင့်ဆိုင်ကယ်ရောင်းချသည့် ဆိုင်တွေကိုပါ ဝင်ရောက်ဖမ်းဆီးနေတယ်။ အခုလိုလိုင်စင်မဲ့ဆိုင်ကယ်များ၊ ကားများကို တက်သုတ်ရိုက်ဖမ်းနေခြင်းမှာ...

Read moreDetails

ဇွန် ၀၃၊ ၂၀၂၅။ (အင်္ဂါ)

ရုရှားနိုင်ငံထဲကလေတပ်စခန်းတွေကိုယူကရိန်းက ဒရုန်းပေါင်းများစွာအသုံးပြုပြီးတိုက်ခိုက်သွားတယ်။ထိုတိုက်ခိုက်မှုကြောင့် ရုရှားဗုံးကြဲလေယာဥ်ကြီးတွေ အများအပြားပျက်စီးကုန်တယ်။ယူကရိန်းဟာထိုစစ်ဆင်ရေးအတွက် အချိန်ယူပြီးသေချာစီမံတိုက်ခိုက်ခဲ့တာပါ။ မြန်မာပြည်မှာလဲတော်လှန်ရေးအဖွဲ့တွေဟာ ဒရုန်းတွေကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီး ထိုဒရုန်းတွေနဲ့စစ်ကောင်စီရဲ့လေတပ်စခန်းတွေကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ရင်ကောင်းမယ်။အသုံးပြုမယ့်ဒရုန်းတွေကို နည်းပညာပိုင်းအရ သေချာအဆင့်မြင့် ထားဖို့တော့လိုတယ်။ပညာတတ်လူငယ်တွေပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဒီလိုမျိုးတိုက်ခိုက်မှုတွေ လုပ်နိုင်ရင်သိပ်ကောင်းလိမ့်မယ်။တပြည်လုံးကိုပတ်ပြီး ဒုက္ခပေးနေတဲ့စစ်ကောင်စီလေတပ်ကို ထိထိရောက်ရောက်ပညာပေးစေချင်တာပါပဲ။

Read moreDetails

ဇွန် ၀၂၊ ၂၀၂၅။ (တနင်္လာ)

ရန်ကုန်လူဦးရေရဲ့ တဝက်နီးပါးလောက်ဆင်းရဲနေတယ်ဆိုပေမယ့် အထိနာဆုံးကတော့အခြေခံလူတန်းစားတွေပါပဲ။ လုပ်ခလစာနည်းပါးမှုနဲ့ ဆက်တိုက်မြင့်တက်လာနေသော အခြေခံကုန်စျေးနှုန်းများကြား အခြေခံလူတန်းစားများသည် အသားဟင်းကိုပင် နေ့စဉ်မစားနိုင်တော့ပါဘူး။ ရန်ကုန်မြို့ရှိ စက်ရုံလုပ်သားများ၏ လစဉ် ဝင်ငွေမှာ အချိန်ပိုကြေးများအပါအဝင် ပျမ်းမျှ ကျပ် ၃ သိန်း မှ ၄...

Read moreDetails

ဇွန် ၀၁၊ ၂၀၂၅။ (တနင်္ဂနွေ)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့ ပဋိပက္ခကျယ်ပြန့်လာမှု နှင့် စီးပွားရေးကျဆင်းမှုများကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် ဆင်းရဲမွဲတေမှု ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)...

Read moreDetails

မေ ၃၁၊ ၂၀၂၅။ (စနေ)

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မိုနိုဝါဟူစိန်ကို ဒါကာသို့ ချက်ချင်း ပြန် လာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်ခေါ်လိုက်တယ်။ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ အာရက္ခတပ်တော် (AA) ကြား ထိတွေ့ဆက်ဆံမှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီက ကန့်ကွက်မှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို...

Read moreDetails

မေ ၃၀၊ ၂၀၂၅။ (သောကြာ)

တော်လှန်ရေးအတွက်ရန်ပုံငွေရှာပေးနေတဲ့ Click to Donate နဲ့ ပန်ဆယ်လိုတို့က သတင်းကောင်းတစ်ခုရှိတယ်လို့ ဆိုရှယ်မီဒီယာမှာတင်လာကြတယ်။ဘာသတင်းကောင်းလဲ စုံစမ်းကြည့်​​တော့ လေယာဥ်ပစ်လက်နက်တွေမြေပြင်ကို တကယ်ရောက်လာပြီလို့ယူဆရတယ်။ထိုနှစ်ဦးဟာ NUGအတွက်လေယာဥ်ပစ်လက်နက်ဝယ်နိုင်ဖို့ ၂၀၂၂ခုနှစ်ကတည်းကရန်ပုံငွေကောက်ခံခဲ့တာပါ။ထိုအချိန်တုန်းက ဒေါ်လာ၂သန်းကျော်ရခဲ့တယ်။ဒါပေမယ့်လေယာဥ်ပစ်လက်နက်ဆိုတာလဲ ဝယ်ဖို့ထင်သလောက်မလွယ်ကူတော့ ကြန့်ကြာနေခဲ့တယ်။အခုတော့ ထိုကိစ္စအောင်မြင်ပြီသွားပြီလို့ ယူဆရပါတယ်။ဘာပဲဖြစ်ဖြ်လေကြောင်းအားသာချက်ကို အသုံးချပြီးပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့...

Read moreDetails

မေ ၂၉၊ ၂၀၂၅။ (ကြာသပ​တေး)

ဖားကန့်ကိုအင်အားဖြည့်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာနောက်ဆုံးမှာတော့ ဖားကန့်ကိုရောက်ရှိသွားပါပြီ။အင်အား၆၀၀ခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာKIAရဲ့​ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကိုရောက်ချိန်မှာ အင်အားတစ်ရာခန့်သာကျန်ပါတော့တယ်။ဒါတောင် လမ်းမှာဒေသခံဆယ်ဦးခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသေးတယ်။တနေ့ကပြောခဲ့တဲ့ စစ်ကောင်စီရဲ့ထိုးစစ်တွေထဲကတစ်ခုကတော့ ရည်မှန်းချက်ကိုရောက်သွားပါပြီ။အခြားဒေသတွေက စစ်ကောင်စီရဲ့ထိုးစစ်တွေကတော့ ထူးခြားမှုသိပ်မရှိသေးပါဘူး။

Read moreDetails
Page 19 of 182 1 18 19 20 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist