မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်သည့် အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က လက်မှတ်ရေးထိုးလိုက်တယ်။ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးခေါင်းစဥ်နဲ့ ဝင်ခွင့်မပြုတော့တာပါ။ အခြားဝင်ခွင့်မပြုတဲ့နိုင်ငံတွေဟာလဲ နိုင်ငံရေး၊စစ်ရေး တည်ငြိမ်မှုမရှိတဲ့ အာဖဂန်နစ္စတန်၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ယီမင် စတဲ့နိုင်ငံတွေ ပါဝင်နေတယ်။ အခုလိုမြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ကန့်သတ်လိုက်တာမျိုး အရင်စစ်အစိုးရလက်ထက်ကလဲ လုပ်ခဲ့ဖူးပြီး အိုဘားမားလက်ထက်မှာ အမေရိကန်က ပြန်လည်ပယ်ဖျက်ပေးခဲ့တယ်။ ထရန့်ဘက်ထက်မှာတော့မြန်မာပြည်သူတွေအတွက် သတင်းဆိုးတွေချည်းသာရောက်လာနေတယ်လို့ ဆိုရမှာပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


