ဖားကန့်ကိုအင်အားဖြည့်ဖို့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာနောက်ဆုံးမှာတော့ ဖားကန့်ကိုရောက်ရှိသွားပါပြီ။အင်အား၆၀၀ခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာKIAရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် ဖားကန့်ကိုရောက်ချိန်မှာ အင်အားတစ်ရာခန့်သာကျန်ပါတော့တယ်။ဒါတောင် လမ်းမှာဒေသခံဆယ်ဦးခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားသေးတယ်။တနေ့ကပြောခဲ့တဲ့ စစ်ကောင်စီရဲ့ထိုးစစ်တွေထဲကတစ်ခုကတော့ ရည်မှန်းချက်ကိုရောက်သွားပါပြီ။အခြားဒေသတွေက စစ်ကောင်စီရဲ့ထိုးစစ်တွေကတော့ ထူးခြားမှုသိပ်မရှိသေးပါဘူး။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


