ရုရှားနိုင်ငံထဲကလေတပ်စခန်းတွေကိုယူကရိန်းက ဒရုန်းပေါင်းများစွာအသုံးပြုပြီးတိုက်ခိုက်သွားတယ်။ထိုတိုက်ခိုက်မှုကြောင့် ရုရှားဗုံးကြဲလေယာဥ်ကြီးတွေ အများအပြားပျက်စီးကုန်တယ်။ယူကရိန်းဟာထိုစစ်ဆင်ရေးအတွက် အချိန်ယူပြီးသေချာစီမံတိုက်ခိုက်ခဲ့တာပါ။
မြန်မာပြည်မှာလဲတော်လှန်ရေးအဖွဲ့တွေဟာ ဒရုန်းတွေကိုတွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီး ထိုဒရုန်းတွေနဲ့စစ်ကောင်စီရဲ့လေတပ်စခန်းတွေကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ရင်ကောင်းမယ်။အသုံးပြုမယ့်ဒရုန်းတွေကို နည်းပညာပိုင်းအရ သေချာအဆင့်မြင့် ထားဖို့တော့လိုတယ်။ပညာတတ်လူငယ်တွေပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဒီလိုမျိုးတိုက်ခိုက်မှုတွေ လုပ်နိုင်ရင်သိပ်ကောင်းလိမ့်မယ်။တပြည်လုံးကိုပတ်ပြီး ဒုက္ခပေးနေတဲ့စစ်ကောင်စီလေတပ်ကို ထိထိရောက်ရောက်ပညာပေးစေချင်တာပါပဲ။