အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၀၃၊ ၂၀၂၄။ (ကြာသပတေး)

တရုတ်ကိုယ်စားလှယ်နဲ့ရှမ်းမြောက်ကEAOအဖွဲ့ တွေ့ဆုံပွဲကသတင်းအချက်အလက်တွေကို မြန်မာနောင်းသတင်းဌာနက ဖွင့်ချလိုက်ပါတယ်။ထိုတွေ့ဆုံပွဲကို MNDAAက လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက်ပိုင်းမှာ​ ပြုလုပ်ခဲ့တယ်လို့သိရတယ်။စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မတွေ့ဆုံ​ခင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ကိုလာရောက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တယ်။အဲ့ဒီနောက် တရုတ်အထူးကိုယ်စားလှယ်ဟာ တရုတ်မြန်မာနယ်စပ်မျဥ်းပေါ်က EAOတွေဖြစ်တဲ့ ကချင်အဖွဲ့၊ကိုးကန့်အဖွဲ့၊တအောင်းအဖွဲ့၊ဝအဖွဲ့တို့နဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံခဲ့တယ်။အဓီကကတော့ထိုEAOတွေအနေနဲ့စစ်ကောင်စီကို ဆက်လက်မတိုက်ခိုက်ဖို့ ဖိအားပေးခဲ့တာလို့သိရတယ်။ထိုအဖွဲ့တွေထဲမှာမှ...

Read moreDetails

အောက်တိုဘာ ၀၂၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ထိုမြို့တွေကို တိုက်ပွဲ ၄ရက်တာအတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်။ ထိုဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေသိပ်မရှိပဲ နယ်မြေခံကချင်ပြည်သူ့စစ်တပ်တွေသာအဓိက ရှိနေတာပါ။ KIA ကတော့ ထိုပြည်သူ့စစ်နယ်မြေထဲက အခြားမြို့တွေကိုပါ ဆက်လက်သိမ်းပိုက်မယ့် အနေအထားမှာရှိနေတယ်။...

Read moreDetails

အောက်တိုဘာ ၀၁၊ ၂၀၂၄။ (အင်္ဂါ)

ရခိုင်ပြည်နယ်မှာAAက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ ကို ထိုးစစ်စတင်နေပြီဖြစ်ပါတယ်။(AA) နှင့် စစ်ကောင်စီတို့ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှာ တိုက်ပွဲပြင်းထန်နေသလို ဧရာဝတီတိုင်းနှင့် နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း တိုက်ပွဲဖြစ်နေတယ်။ အမ်းမြို့တိုက်ပွဲကို စက်တင်ဘာလ ၂၆မှာ စတာလို့သိရတယ်။အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်...

Read moreDetails

စက်တင်ဘာ ၃၀၊ ၂၀၂၄။ (တနင်္လာ)

အခုရက်ပိုင်းဒေါ်လာစျေးတွေ တဖြည်းဖြည်းနဲ့ထိုးကျလာတာ တွေ့ရပါတယ်။လဆန်းပိုင်းက ၆၀၀၀ကျပ်အထက်မှာရှိတဲ့ ဒေါ်လာစျေးဟာအခုဆိုရင် ၅၀၀၀ကျပ်အောက်အထိကျဆင်းလာပါပြီ။နှစ်စဉ်စက်တင်ဘာ၊အောက်တိုဘာလတွေရောက်ရင် ဒေါ်လာစျေးတွေကျဆင်းနေကျဆိုပေမယ့် သိရတဲ့အခြားသတင်းတစ်ခုအရတော့ စိတ်ဝင်စားစရာကောင်းနေတယ်။ စစ်ကောင်စီက ငွေကြေးဈေးကွက်အတွင်း တရုတ်ယွမ်ငွေတွေ ပိုထုတ်ရောင်းလာနေတယ်။ နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားနေသည့် သွင်းကုန်လုပ်ငန်းများနှင့် လေယာဉ်ဆီနှင့်အခြားစက်သုံးဆီများအတွက် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ်၊ ထိုင်းဘတ်နှင့် အမေရိကန်...

Read moreDetails

စက်တင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂ​နွေ)

မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အားပေးနိုင်မှုအခြေအနေဟာ ပိုမိုဆိုးရွားလာနေပါပြီ။ရေအားလျှပ်စစ်အပြည့်အဝထုတ်လုပ်နိုင်တဲ့ မိုးရာသီမှာတောင်ဓာတ်အားပြတ်တောက်မှုတွေ ဆိုးရွားလာနေတယ်။အာဏာသိမ်းကာစကမိုးရာသီဆိုရင်တစ်နိုင်ငံလုံးကို၂၄နာရီဓာတ်အားအပြည့်ပေးနိုင်ခဲ့တယ်။နောက်ပိုင်းနှစ်တွေမှာတော့ နေ့ပိုင်းတွေမှာအလှည့်ကျ ဓာတ်အားပေးလာရပြီး ညပိုင်းတွေကိုတော့မီးမှန်အောင်ပေးထားတယ်ပေါ့။ဒီနှစ်မှာတော့မိုးရာသီမှာတောင် နေ့ရောညပါအလှည့်ကျစနစ်နဲ့မီးပေးနေရတယ်။နောက်လကစပြီး မနက်အစောပိုင်းတွေပါ မီးပျက်တော့မှာပါ။မနက်အစောကြီးလျှပ်စစ်မီးမရတဲ့အတွက် အလုပ်သမားတွေ၊ကျောင်းသားတွေ မနက်စာထမင်းဘူးအတွက် ချက်ပြုတ်ဖို့ဒုက္ခရောက်ကြတော့မယ်။ဒါဟာရန်ကုန်က အခြေအနေပဲရှိပါသေးတယ်။ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာဆိုတနေ့ရှစ်နာရီတောင် လျှပ်စစ်မီးမရတော့ပါဘူး။အခြားနယ်မြို့တွေကတော့ ဆိုဖွယ်ရာမရှိတော့ဘူး။ တနိုင်ငံလုံးရေတွေကြီးပြီး ရေအားလျှပ်စစ်ထုတ်ပေးနေတဲ့ဆည်တွေ...

Read moreDetails

စက်တင်ဘာ ၂၈၊ ၂၀၂၄။ (စနေ)

စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုကို EAO နဲ့PDF တွေကပြတ်ပြတ်သားသား ဆန့်ကျင်ကြပါတယ်။အများစုကစစ်ကောင်စီအနေနဲ့ လက်နက်ချမှတွေ့ဆုံဆွေးနွေးရေး စဉ်းစားမယ်လို့ ပြောထားကြတယ်။တော်လှန်ရေးဘက်က တဖြည်းဖြည်းနဲ့အရေးသားလာချိန်မှာ တွေ့ဆုံဆွေးနွေးရေးကို ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ဘူး။စစ်ကောင်စီဘက်ကလဲ သူတို့ကိုယ်သူတို့ရှုံးနေတယ်လို့ အခုထိမထင်သေးပါဘူး။ဒါဆိုရင်ဘာလို့ နိုင်ငံရေးလမ်းကြောင်းက ဆွေးနွေးမယ်လို့ခေါ်လဲဆိုရင် နိုင်ငံတကာကိုအပြကောင်းအောင်လို့ပါ။ငါတို့ကဆွေးနွေးဖို့ ခေါ်တယ်နော်၊သူတို့ကမလာတာ ဆိုတဲ့ပုံစံမျိုးပြချင်တာပါ။အဓိကအားဖြင့် တရုတ်ကိုပြချင်တာပါ။အာဆီယံနဲ့...

Read moreDetails

စက်တင်ဘာ ၂၇၊ ၂၀၂၄။ (သောကြာ)

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ကိုတိုက်ခိုက်နေတဲ့EAO တွေနဲ့PDF တွေကိုလက်နက်ကိုင်လမ်းစဥ်ကိုစွန့်လွတ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ပြောချင်တာကတော့ EAOတွေလက်နက်စွန့်ပြီး ပါတီထောင်၊ရွေးကောက်ပွဲဝင်ပြိုင်ပေါ့။မြန်မာပြည်အကြောင်း သေချာမသိသူတွေရဲ့အမြင်မှာဆိုရင်တော့ ဒီဖိတ်ခေါ်မှုကြောင့်မြန်မာပြည်ကြီး ငြိမ်းချမ်းတော့မယ်ထင်ကြမှာပဲ။။အဲ့ဒီလောက်အထိ မရိုးရှင်းပါဘူး။တနိုင်ငံလုံးကို ဗုံးကြဲ၊လူသတ်၊လုယက်ဖျက်စီးနေတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါတယ်ဆိုတာ ဘယ်သူမှယုံမှာမဟုတ်ပါဘူး။သူတို့ကဟန်ပြသာ ထုတ်ပြောနေတာပါ။ထိုဖိတ်ခေါ်မှုကြောင့်လဲ ဘာမှထူးခြားလာမှာမဟုတ်ပါဘူး။

Read moreDetails

စက်တင်ဘာ ၂၆၊ ၂၀၂၄။ (ကြာသပတေး)

လာမယ့်အောက်တိုဘာလ၁ရက်နေ့မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီကကြေညာထားပါတယ်။ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာသန်းခေါင်စာရင်းကောက်မယ်ဆိုတာ ရယ်စရာပဲ။တကယ်တော့ သန်းခေါင်စာရင်းဟာစစ်ကောင်စီအတွက်ဟန်ပြပါပဲ။ရွေးကောက်ပွဲလုပ်ဖို့ သန်းခေါင်စာရင်းကောက်မှာလို့ ပြောထားတဲအတွက်ရွေးကောက်ပွဲအတွက် အချိန်ဆွဲတဲ့သဘောပါပဲ။တော်လှန်ရေးအဖွဲ့တွေဘက်ကလဲ ထိုသန်းခေါင်စာရင်းကိုm ကန့်ကွက်ထားကြပါတယ်။ထိုလုပ်ငန်းကို ကူညီသူတွေကိုပါ အရေးယူမယ်လို့ပြောထားတယ်။ ဘာပဲပြောပြောစစ်ကောင်စီကတော့ အဖြစ်သဘောနဲ့ဖြစ်အောင်လုပ်သွားမှာပဲ။အချက်အလက်တွေမှန်မမှန်ကို သူတို့စိတ်မဝင်စားပါဘူး။တကယ်တော့ ထိုသန်းခေါင်စာရင်းဟာ တော်လှန်ရေးကို မထိခိုက်နိုင်သေးဘူး။နောက်နှစ်မှာ ကျင်းပမယ်လို့...

Read moreDetails

စက်တင်ဘာ ၂၅၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

အင်းလေးကန်အနီးက နာမည်ကျော်ခရီးသွားမြို့လေးဖြစ်တဲ့ ကလောမြို့မှာလဲ ရေဘေးကိုအတော်လေးခံလိုက်ရပါတယ်။တောင်ပေါ်မြို့ဖြစ်တာကြောင့်မြေပြိုမှုတွေပါရှိခဲ့ပြီး အိမ်တွေအလုံးလိုက် မြေ​အောက်ရောက်ကုန်ကြတယ်။မိသားစုလိုက်ပျောက်ဆုံး၊သေဆုံးမှုတွေရှိခဲ့တာကြောင့် ထိုတစ်မြို့ထဲမှာတင် ပျောက်ဆုံးသေဆုံးသူ တစ်ရာကျော်ရှိနေတယ်။အခုတော့ရေကျသွားပေမယ့် မြို့ထဲမှာတင်နေတဲ့နှုန်းနှစ်တွေကို ခက်ခက်ခဲခဲရှင်းလင်းနေရတယ်။မြို့ရှင်းလင်းရေးလုပ်ငန်းတွေကို စစ်ကောင်စီကဘာမှကူညီပေးခြင်းမရှိပဲ ကိုယ်ထူကိုယ်ထလုပ်ဆောင်နေရတယ်။ မန္တလေးတိုင်းအလယ်ပိုင်းမှာတော့ အခုချိန်ထိတချို့ရွာတွေ ရေနစ်နေဆဲပဲ။မြစ်သားမြို့ကရွာတစ်ချို့ဟာ အနီးရှိကင်းတာဆည်က ရေဆက်လွတ်နေတာကြောင့် အခုချိန်ထိ ရေမကျသေးပါဘူး။မြေပြန့်ကမြို့ရွာတွေမှာတော့...

Read moreDetails

စက်တင်ဘာ ၂၄၊ ၂၀၂၄။ (အင်္ဂါ)

နိုင်ငံတဝန်းရေဘေးကြုံနေရတဲ့ ဒေသအများစုမှာ ရေတွေပြန်ကျသွားပေမယ့် အခုချိန်ထိရေပြန်မကျသေးတဲ့ ဒေသနှစ်ခုရှိနေပါတယ်။ကရင်နီပြည်နယ်လွိုင်ကော်၊မိုး​​​ဗြဲမြို့တွေနဲ့ ရှမ်းတောင်က အင်းလေးဒေသတွေပါ။ ကရင်နီပြည်နယ်မှာ ရေဘေးစကြုံကတည်းက ဘီလူးချောင်းရေလျှံမှုနဲ့မိုး​ဗြဲဆည်က ရေတွေဆက်တိုက်ဖောက်ချနေတာကြောင့် ရေဘေးကိုဆက်လက်ကြုံတွေ့နေရတယ်။လွိုင်ကော်မှာဆို မြို့လယ်ကောင်အထိရေတက်နေပြီး ထပ်တောင်တိုးလားနေတယ်။စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့တွေလဲ လွတ်လပ်စွာမသွားလာနိုင်ကြဘူး။မိုး​ဗြဲမြို့မှာလဲ ထိုနည်းတူပါပဲ။ရေပင်လယ်ကြီးဖြစ်လို့နေတယ်။ ရှမ်းတောင်ကနာမည်ကျော်အင်းလေးကန်ထဲက ရွာတွေလဲကန်ရေအဆမတန်...

Read moreDetails
Page 20 of 159 1 19 20 21 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist