အာဏာသိမ်း ဒိုင်ယာရီ

မတ် ၁၀၊ ၂၀၂၅။ (တနင်္လာ)

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းအစပ်က တောင်ခမ်းဒေသကနေTNLAတို့ ဆုတ်ခွာလိုက်ရပါတယ်။ထိုဒေသကိုTNLAက ပြီးခဲ့တဲ့သြဂုတ်လကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်။တောင်ခမ်းမှာစစ်ကောင်စီ အမြောက်တပ်လေးခုရှိပြီး နှစ်ခုကိုသိမ်းပိုက်နိုင်ပြီးမှ ပြန်လည်စွန့်ခွာခဲ့ရတယ်။ခြောက်လနီးပါး တိုက်ခိုက်ခဲ့ပေမယ့်လဲ စစ်ကောင်စီကရှမ်းတောင်ဘက်ကနေ လူအင်အားလက်နက်အင်အားအဆက်မပြတ် ဖြည့်တင်းနိုင်နေတာကြောင့် အ​ပြီးသတ်မသိမ်းနိုင်ခဲ့ပါဘူး။တောင်ခမ်းကို မသိမ်းနိုင်တဲ့အတွက် ပြင်ဦးလွင်ကိုသိမ်းပိုက်နိုင်ရေးကတော့ အလှမ်းဝေးနေဦးမှာပါ။ အခြားဒေသတွေမှာလဲ ဗန်းမော်၊အင်းတော်နဲ့ဖလမ်းမြို့တွေကို သုံးလခန့်ကြာသည်အထိ...

Read moreDetails

မတ် ၀၉၊ ၂၀၂၅။ (တနင်္ဂ​နွေ)

ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်မှာပဲ  MNDAAကဆန္ဒပြပြည်သူတွေကိုပစ်ခတ်လို့ ဒေသခံခြောက်ဦးခန့်သေးဆုံးသွားပါတယ်။ထိုမြို့နယ်ကရွာတစ်ရွာမှာ တရုတ်တွေဝင်ရောက် ရွှေတူးနေတာကို ရွာသားတွေကသွားရောက်ကန့်ကွက်ရာမှာ MNDAAကပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်။ထိုရွာကအဓိကရေအရင်းအမြစ်ဖြစ်တဲ့ချောင်းမှာ ရွှေတူးနေတာကြောင့် ဒေသခံတွေကဆန္ဒပြကန့်ကွက်ကြတာပါ။လူသေဆုံးတဲ့အထိ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် MNDAAရဲ့လုပ်ရပ်ဟာ စစ်ကောင်စီနဲ့ထူးမခြားနားဖြစ်လာတယ်။နောက်ပိုင်းမှာတော့ဒေသခံတွေရဲ့ တောင်းဆိုမှုကိုMNDAAက လက်ခံခဲ့တယ်လို့သိရတယ်။ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေထဲမှာ အခုလိုဖြစ်ရပ်တွေဖြစ်လာတာ ပုံရိပ်မကောင်းပါဘူး။ရှမ်းမြောက်မှာလဲတိုက်ပွဲတွေငြိမ်သက်နေတဲ့နောက်ပိုင်း အချင်းချင်းပဋိပက္ခတွေ...

Read moreDetails

မတ် ၀၈၊ ၂၀၂၅။ (စနေ)

ကမ္ဘာ့အရေးဟာလဲအချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။အမေရိကန်မှာ ဒေါ်နယ်ထရန့်သမ္မတဖြစ်လာပြီးရက်ပေါင်းတစ်ရာ မပြည့်ခင်မှာပဲလှုပ်ခတ်မှုတွေများစွာရှိလာတယ်။ကုန်သွယ်ရေးမှာ အခွန်တွေတိုးကောက်လာတယ်။နိုင်ငံတကာအကူအညီပေးရေးအစီအစဥ်တွေကို ဖျက်သိမ်းပစ်တယ်။ယူကရိန်းအရေးမှာ ဒေါ်နယ်ထရန့်ဟာရုရှားဘက်ကရပ်တည်နေတာကြောင့် ဥရောပနိုင်ငံတွေမျက်ခုံးလှုပ်လာတယ်။      ဥရောပမှာ စစ်အင်အားတိုးချဲ့ဖို့ပြင်လာတယ်။ အခုချိန်​ထိ​​တော့ပြောင်းလဲလာတဲ့ကမ္ဘာ့အရေးဟာ မြန်မာ့အရေးကိုကောင်းကျိုးပြုမယ့် အချက်မတွေ့သေးပါဘူး။ဒေါ်နယ်ထရန့်ဟာပူတင်နဲ့သင့်မြတ်နေတော့ ကောင်းကျိုးထပ်ဆိုးကျိုးတွေသာ ပိုဖြစ်ပေါ်လာဖို့ရှိနေတယ်။အခြားဒီမိုကရေစီနိုင်ငံတွေဟာလဲ သူတို့ဒီမိုကရေစီကိုခြိမ်းခြောက်ခံလာရမယ့်အရေး ကာကွယ်ဖို့ရှိလာတာကြောင့်မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ဝင်စားနိုင်မှုပိုမိုနည်းပါးလာနေပါတယ်။တကယ်တော့...

Read moreDetails

မတ် ၀၇၊ ၂၀၂၅။ (သောကြာ)

မင်းအောင်လှိုင်ကတော့ ရုရှားမှာအတော်ပျော်ရွှင်နေပုံပဲ။ပူတင်နဲ့ဖက်လှဲတကင်းနုတ်ဆက်နေတဲ့ ပုံတွေတွေ့ရတယ်။သားကအဖေကို တွေ့လိုက်သလိုမျိုးပဲ။သူ့ရဲ့ရုရှားခရီးစဥ်အောင်မြင်တယ်လို့ နေပြည်တော်ကသူ့လူတွေကို ပြန်ပြောထားတယ်လို့သိရတယ်။ခရီးစဥ်အတွင်းသဘောတူညီချက်များစွာ ရထားတယ်။နူကလီးယားဓာတ်အားပေးစက်ရုံ အသေးစားတစ်ခု ဆောက်လုပ်ပေးဖို့လဲပါတယ်။ မင်းအောင်လှိုင်ရဲ့အခုတခေါက် ရုရှားခရီးစဥ်ကို သတိထားစောင့်ကြည့်ရပါမယ်။အရင်အခေါက်တွေလို ခိုးကြောင်ခိုးဝှက်သွားတာမဟုတ်ပဲပူတင်က ဖိတ်လို့သွားတာဖြစ်တယ်။ရုရှားကစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုလိုက်တဲ့သဘောပဲ။ဒါဟာစစ်ကောင်စီအတွက် ကြီးမားတဲ့အသက်ရှူပေါက်တစ်ခု ဖြစ်လာမှာဖြစ်ပြီးနိုင်ငံရေးစစ်ရေးအကူအညီတွေ ရလာနိုင်ပါတယ်။စစ်ကောင်စီဟာ တရုတ်နိုင်ငံနဲ့လဲလောလောဆယ်မှာ ကောင်းမွန်ဆက်ဆံရေးရှိထားတယ်။တော်လှန်ရေးအင်အားစုတွေ...

Read moreDetails

မတ် ၀၆၊ ၂၀၂၅။ (ကြာသပတေး)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့မှာ KIAနဲ့TLNAနှစ်ဖက်တပ်တွေ အချင်းများနေတာကြာပါပြီ။အရင်ရက်တွေကအောက်ခြေတပ်သားတွေ ထိုးကြိတ်နေကြတဲ့ဗီဒီယိုဖိုင်တွေ တက်လာသေးတယ်။ဒီရက်ပိုင်းမှာတော့ ထိုမြို့ကKIAဆက်ဆံရေးရုံးကို TLNAကအင်အားသုံးဝင်စီးပြီး KIAတပ်ဖွဲ့ဝင်တွေကိုဖမ်းခေါ်သွားပါတယ်။ကွတ်ခိုင်မြို့မှာKIAတပ်တွေရှိနေတာ TLNAကသဘောကျပုံမရဘူး။အခုတော့နှစ်ဖက်တင်းမာမှုအခြေအနေတွေဟာ ပိုဆိုးလာနေပါပြီ။မကြာခင် ကျည်ပေါက်သွားနိုင်တဲ့အခြေအနေပါပဲ။KIAဘက်ကတော့ ဒေသခံပြည်သူတွေရဲ့သဘောထားနဲ့ ဆုံးဖြတ်သွားမယ်လို့ပြောလာတယ်။ ချင်းပြည်နယ်ဘက်မှာနှစ်ဖွဲ့ကွဲနေတဲ့ တော်လှန်ရေးအဖွဲ့တွေပေါင်းစည်းဖို့ ကြိုးစားနေချိန်မှာ ကချင်ပြည်နယ်နဲ့ရှမ်းမြောက်ကEAOကြီးတွေ အချင်းချင်းတင်းမာမှုတွေရှိလာတာ အလားအလာမကောင်းပါဘူး။ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့မျှော်လင့်မိတယ်။

Read moreDetails

မတ် ၀၅၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

စစ်ကိုင်းတိုင်း မုံရွာမန္တလေးလမ်းမပေါ်မှာခရီးသည်တင်ကားတစီးကိုစစ်ကောင်စီက လူသားဒိုင်းအဖြစ်အသုံးချသွားပါတယ်။ ဒီနေ့ထိုလမ်းပေါ်မှာစစ်ကောင်စီရဲ့သံပြားကာစစ်ကားနှစ်စီးကို တော်လှန်ရေးအဖွဲ့တွေခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်လမ်းပိတ်ထားတာကြောင့် ခရီးသွားကားတွေရပ်တန့်ထားရတယ်။ထိုအချိန်မှာစစ်သူပုန်တွေ ရောက်လာပြီး ရှေ့ဆုံးကခရီးသည်အပြည့်ပါသော ခရီးသည်တင်ကားတစ်စီးကို တိုက်ပွဲဧရိယာထဲခေါ်ယူသွားကာ လူသားဒိုင်းအဖြစ်အသုံးချသွားတယ်။တိုက်ပွဲခဏရပ်တန့်သွားချိန်မှာတော့PDFတွေက ကားပေါ်ကခရီးသည်တွေကို ကယ်ထုတ်ခဲ့ပါတယ်။ဒါပေမယ့်ထိုအချိန်မှာပဲ စစ်သူပုန်တွေကကားအနီးဝန်းကျင်ကို တပ်လေထီးနဲ့ဗုံးတွေကြဲချခဲ့တာကြောင့်ကလေးတစ်​ယောက်နဲ့မိခင်တစ်ယောက်အသက်ဆုံးရှုံးခဲ့ရတယ်။ထိုတိုက်ပွဲမှာသံပြားကာ ကားနှစ်စီးကိုဖျက်စီးနိုင်ခဲ့ပေမယ့် စစ်သူပုန်တွေရဲ့လူသားဒိုင်းလုပ်မှုကြောင့် ပြည်သူတချို့အသက်ဆုံးရှုံးခဲ့ရတယ်။ စစ်ကောင်စီကတော့ ထိုဖြစ်ရပ်ကိုPDFတွေလုပ်တာပါလို့လွဲချပါတယ်။ဒါပေမယ့်အမှန်တရားကိုတော့...

Read moreDetails

မတ် ၀၄၊ ၂၀၂၅။ (အင်္ဂါ)

ရှမ်းမြောက်ကTLNAနဲ့MNDAAထိန်းချုပ်နယ်မြေတွေမှာ ထိုအဖွဲ့တွေကအခွန်တွေအများအပြား ကောက်ခံနေတာကြောင့် ဒေသခံပြည်သူတွေအခက်တွေ့နေရတယ်။TLNAထိန်းချုပ်နယ်မြေတွေမှာ ကုန်စုံဆိုင်တွေကအစ အခွန်ဆိုပြီး တလ၅သိန်းတောင်းခံနေတယ်လို့သိရတယ်။တစ်လငါးသိန်းဆိုတဲ့ နှုန်းထားဟာအလွန်များပြားလွန်းတယ်။ဆိုင်တိုင်းထိုနှုန်းထားနဲ့သာပေးရမယ်ဆိုရင် အခြေခံကုန်စျေးနှုန်းတွေစျေးထပ်တက်လာပါလိမ့်မယ်။ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံရမှုတွေကြောင့်ပစ္စည်းတွေရှားပါးနေချိန်မှာ အခုလိုအခွန်တွေမတရားကောက်ခံတာဟာ ဒေသခံပြည်သူတွေကို အကြီးအကျယ်ထိခိုက်စေတယ်။ထိုဆိုင်တွေဟာအရင်စစ်ကောင်စီလက်အောက်မှာ အခွန်ဆိုပြီးမယ်မယ်ရရပေးခဲ့ရတာမဟုတ်ပါဘူး။စစ်စားရိတ်လိုလို့ အခွန်ကောက်တယ်ဆိုပေမယ့် မျှမျှတတတော့လုပ်သင့်တယ်။ MNDAAထိန်းချုပ်နယ်မြေမှာလဲ စက်သုံးဆီသယ်ဆောင်လာတဲ့ ဘောင်ဆာကားတွေကို တစ်စီးငါးသိန်းနှုန်းနဲ့အခွန်ကောက်ခံနေတယ်။စက်သုံးဆီရှားပါးနေတဲ့...

Read moreDetails

မတ် ၀၃၊ ၂၀၂၅။ (တနင်္လာ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်​ငံ​ကိုဒီနေ့စတင်ထွက်ခွာသွားပါတယ်။အရင်ကမင်းအောင်လှိုင်ဟာ ရုရှားကိုသုံးကြိမ်ထပ်မနည်းသွားခဲ့ဖူးပေမယ့် ဒီတစ်ခေါက်မှာတော့ ရုရှားသမ္မတ ပူတင်ရဲ့ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် သွားရောက်တာဖြစ်တယ်။ရုရှားတင်မကပဲပုလင်းတူဘူးဆို့နိုင်ငံတွေဖြစ်တဲ့ ဘီလာရုစ်ကိုပါသွားရောက်မယ်လို့သိရတယ်။ အာဏာသိမ်းပြီးတဲ့နောက်ဘယ်နိုင်ငံမှစစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုတဲ့အတွက်မင်းအောင်လှိုင်ဟာ ရုရှားနဲ့တရုတ်ကိုသာလှည့်ပတ်သွားလာနေရတယ်။​ဒါပေမယ့်ထိုနှစ်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးအာဏာရှင်နိုင်ငံတွေဖြစ်တာကြောင့် မင်းအောင်လှိုင်ရဲ့ခရီးစဥ်တွေကို စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။

Read moreDetails

မတ် ၀၂၊ ၂၀၂၅။ (တနင်္ဂ​နွေ)

အေအေတပ်တော်ရဲ့ထိုးစစ်တွေဟာ မကွေးတိုင်းနဲ့ပဲခူးတိုင်းမှာရခိုင်ရိုးမပေါ်က စစ်ကောင်စီရဲ့နောက်ဆုံးခံစစ်ကြောင်းတွေအထိ ရောက်ရှိလာနေပါပြီ။မကွေးတိုင်းထဲက နတ်ရေကန်စခန်းကိုထိုးစစ်ဆင်နေသလိုပဲခူးတိုင်းထဲက ညောင်ကျိုးစခန်းကိုလဲ တပြိုင်နက်ထဲတိုက်ခိုက်နေပါတယ်။ထိုစခန်းတွေကိုသာရရှိခဲ့ရင် စစ်ကောင်စီရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေပါ အေအေလက်ထဲရောက်သွားမှာဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလဲ အပြင်းအထန်ခုခံနေတယ်။ ဧရာဝတီတိုင်းဘက်မှာတော့အေအေက ထိုးစစ်တွေရပ်နားထားတာကြောင့် လောလောဆယ်တိုက်ပွဲတွေငြိမ်သက်နေလို့ တချို့စစ်ရှောင်တွေနေရပ်ပြန်လာကြတယ်။ကမ်း​ခြေတွေပြန်ဖွင့်ထားပေမယ့် လာ ရောက်လည်ပတ်သူတွေနည်းပါးပါတယ်။

Read moreDetails

မတ် ၀၁၊ ၂၀၂၅။ (စနေ)

မြိုင်နယ် အနောက်တောင်ပိုင်း ရေနံမှော်တွေထဲက PDF မင်္ဂလာဆောင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံး‌မှုများပြားပြီး ပြည်သူတွေရွှေ့ပြောင်းထွက်ပြေးနေရပါတယ်။ မင်္ဂလာ​ဆောင်ကိုလာရောက်သူ ၁၀ဦးကျော် သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရသွားတယ်။ စစ်အုပ်စုက ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒုတိယအကြိမ် ...

Read moreDetails
Page 18 of 173 1 17 18 19 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist