စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ဂျက်ဖိုက်တာလေယာဥ် တစ်စီးဒီနေ့ပျက်ကျခဲ့ပါတယ်။ထိုလေယာဥ်ဟာ ရွာတစ်ရွာထဲပျက်ကျခဲ့တာဖြစ်ပြီးအပျက်အစီးတွေကြားထဲမှာ လေယာဥ်မှုးအလောင်းလို့ ယူဆရတဲ့အရာတွေကို တွေ့ရှိထားတယ်။ပျက်ကျသွားတဲ့လေယာဥ်အမျိုးအစားကိုတော့ မသိရသေးပါဘူး။ထိုဒေသကတော်လှန်ရေးအဖွဲ့တွေကတော့ သူတို့ပစ်ချလိုက်တာလို့ ပြောကြတယ်။
ပုလဲမြို့နယ်မှာဇွန်လ၂ရက်နေ့ကတည်းက ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။စစ်ကောင်စီက နေ့စဥ်ဗုံးကြဲခုခံနေရင်း ဒီနေ့ဂျက်လေယာဥ်တစ်စီးပျက်ကျခဲ့တာပါ။