ကချင်ပြည်နယ်၊ ဖားကန့်ကိုရောက်ရှိသွားတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေတယ်။ ထိုစစ်ကောင်စီစစ်ကြောင်းက လမ်းသွားလမ်းလာအရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းထွက်ခွာသွားပြီးနောက် သေဆုံးနေသည့် အရပ်သား ၁၀ဦး ကျော်အထိရှိလာပါပြီ။ အချို့ကိုပစ်သတ်ပြီး ရေတွင်းထဲပစ်ချသွားတယ်။ အချို့ကိုတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြတ်တောက်ပြီး ဆာလာအိတ်အတွင်းထည့်ထားတယ်။ အချို့ကို မျက်လုံးဖောက်ထုတ်ထားပြီး မျက်နှာတခုလုံးကြေမွအောင် ထုရိုက်ထားခဲ့တယ်။ လူမဆန်တဲ့ သတ်ဖြတ်တဲ့ပုံစံတွေနဲ့ သတ်နေတာဖြစ်ပြီး ဒေသခံတွေကို အကြောက်တရားဝင်အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေပုံရတယ်။ ဒါ့အပြင် ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီအချို့ရဲ့စက်ယန္တရားတွေကိုလဲ မီးရှို့ဖျက်စီးနေတယ်။ ဖားကန့်မြို့မှာ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကို သတိပြုကြရန် KIA ကလဲ သတိပေးထားတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


