အကြမ်းဖက်စစ်အာဏာသိမ်းထားသော စစ်ကောင်စီနှင့် မြန်မာနိုင်ငံကို ILO Article 33 အရ အရေးယူရန် အပြည် ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ညီလာခံက ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ လူငယ်များနှင့် အလုပ်သမားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲသွပ်သွင်းပြီး အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်နေတာကြောင့် မြန်မာစစ်ကောင်စီကို ILO Article 33 အရ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်။ Article 33 ဆိုတာ ILO ရဲ့အမြင့်ဆုံးအရေးယူမှုပါ။ ထိုအရေးယူမှုကြောင့် စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့ အများကြီးလာပါလိမ့်မယ်။ ဥရောပသမဂ္ဂအပါအဝင် တစ်ကမ္ဘာလုံးက ဒဏ်ခတ်ပိတ်ဆို့မှုတွေ လာမှာဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီကို တကယ်အထိနာစေပါ့မလား ဆိုတာကိုတော့ သံသယဖြစ်မိတယ်။
ဇွန် ၂၃၊ ၂၀၂၅။ (တနင်္လာ)
ရှမ်းမြောက်မှာ MNDAAသိမ်းပိုက်ထားတဲ့လားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးလိုက်ရပြီးနောက်သိန္ဒီမြို့ကိုပါ ပေးရဦးမယ်လို့ သတင်းတွေထွက်ပေါ်နေတယ်။သေချာပြီမဟုတ်သေးပေမယ့်...