မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မိုနိုဝါဟူစိန်ကို ဒါကာသို့ ချက်ချင်း ပြန် လာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်ခေါ်လိုက်တယ်။ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ အာရက္ခတပ်တော် (AA) ကြား ထိတွေ့ဆက်ဆံမှုတွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီက ကန့်ကွက်မှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို နေရပ်ပြန်ခေါ်ခဲ့တာဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့စစ်ကောင်စီတို့ဟာ အရင်ကတည်းက သိပ်တည့်ကြတာမဟုတ်ဘူး။ တော်လှန်ရေးကာလမှာ စစ်ကောင်စီကို လုံးဝမကူညီတဲ့အိမ်နီးချင်းနိုင်ငံဆိုရင် ဘင်္ဂလားဒေ့ရှ်ပဲရှိမယ်ထင်တယ်။ အခုကိစ္စကိုအကြောင်းပြုပြီး အေအေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဆီက အခွင့်ကောင်းယူဖို့အစီအစဥ်တွေရှိနေမယ်လို့ မျှော်လင့်ပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


