ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းအစပ် တောင်ခမ်းဒေသကတိုက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့နောင်ချိုမြို့နားကို ရောက်ရှိလာပါပြီ။ထိုဒေသမှာ ၁၀၂၇စစ်ဆင်ရေးဒုတိယပိုင်းထဲကတိုက်ပွဲတွေ တောက်လျောက်ပြင်းထန်နေတာပါ။အစောပိုင်းမှာတော့ TLNAကအသာစီးရနေပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက အသာစီးကပြန််လည်ထိုးစစ်ဆင်လာနိုင်တယ်။အခုဆိုရင်TLNAသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နဲ့၁၀မိုင်အကွာအထိ စစ်ကောင်စီတပ်တွေရောက်ရှိလာပါပြီ။စစ်ကောင်စီရဲ့ လက်နက်ကြီးတွေလက်လှမ်းမှီနိုင်တဲ့ အကွာအဝေးကိုရောက်လာတာကြောင့် မြို့ပေါ်ကပြည်သူတချို့လဲ ပြန်လည်တိမ်းရှောင်နေကြရပြီ။နောင်ချိုမြို့ဟာ စစ်ကောင်စီလက်ထဲပြန်လည်ကျရောက်သွားမလား စောင့်ကြည့်နေရပြီပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


