စစ်ကောင်စီအစည်းအဝေးတစ်ခုမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခ များစွာနစ်နာတယ်၊ လုံခြုံရေးဆိုင်ရာ အခက်အခဲများလည်း ဖြစ်ပေါ်လာနိုင်၍ ကြပ်မတ်ကြရန် ညွှန်ကြားခဲ့ပြီးနောက် တနိုင်ငံလုံးမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးနေပါတယ်။ လမ်းပေါ်မှာဖမ်းယုံမကပဲ ကားနှင့်ဆိုင်ကယ်ရောင်းချသည့် ဆိုင်တွေကိုပါ ဝင်ရောက်ဖမ်းဆီးနေတယ်။ အခုလိုလိုင်စင်မဲ့ဆိုင်ကယ်များ၊ ကားများကို တက်သုတ်ရိုက်ဖမ်းနေခြင်းမှာ ဆိုင်ကယ်စီးနင်းပြီး တိုက်ခိုက်တတ်သည့် မြို့ပြပြောက်ကျားများရဲ့ အန္တရာယ်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်နိုင်တယ်။ မြို့ပြပြောက်ကြားလှုပ်ရှားမှု အားကောင်းခဲ့တဲ့ ၂၀၂၂ခုနှစ် ၂၀၂၃ ခုနှစ်များမှာ ဆိုင်ကယ်တစ်စီးတည်းတွင် အမျိုးသား နှစ်ယောက်မစီးရ၊ မိန်းကလေးမောင်းသည့် ဆိုင်ကယ်တွင် အမျိုးသား လိုက်ပါခြင်း မပြုရ စတဲ့ နိုင်ငံတကာတွင် မရှိသော အမိန့်ညွှန်ကြားချက်များကို စစ်ကောင်စီကထုတ်ခဲ့သေးတယ်။ ဆိုင်ကယ်မြို့တော် မန္တလေးမှာလည်း အစစ်အဆေးကြမ်းနေတယ်။ စစ်ဆေးခံရချိန်မှာ လိုင်စင်မဲ့ယာဉ်ဆိုရင် ဆိုင်ကယ်ရော လူပါ ဖမ်းဆီးပြီးပိုက်ဆံနဲ့ ပြန်ရွေးရတယ်။
လိုင်စင်မဲ့ကားဆိုတာလဲနေပြည်တော်မှာဆို စစ်ဘက်အရာရှိများ၊ အုပ်ချုပ်ရေးမှူးများ၊ ထိုသူတို့နှင့် နီးစပ်သူများသာ အများဆုံးစီးနင်းကြတယ်။လိုင်စင်မဲ့ကား ရောင်းချသူများမှာလည်း စစ်ရုံးချုပ်ထဲမှ စစ်အရာရှိတွေပဲ။ သူတို့ကိုတော့ အရေးမယူပဲ လမ်းပေါ်မှာသွားလာနေတဲ့ ယာဥ်တွေကိုလိုက်ဖမ်းနေတယ်။ ဒါ့အပြင် ရပ်ထားသည့် ကားများကို လိုင်စင်မဲ့ကားဟု သံသယရှိပါက အိမ်ထဲ အထိ ဝင်ဖမ်းနေတာပါ။ ဖမ်းတယ်ဆိုပေမယ့်လဲ ထုံးစံအတိုင်း ငွေပေးနိုင်ရင်ရပါတယ်။ မင်းအောင်လှိုင် နုတ်ကထွက်သမျှဟာ အောက်ခြေကစစ်ခွေးတွေအတွက် လုပ်စားဖို့ဖန်တီးပေးနေသလိုပါပဲ။