LATEST STORIES

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅။ (စနေ)

ပြည်ပထွက်ပြီးအလုပ်လုပ်မယ့်အလုပ်သမားတွေအတွက် ထုတ်ပေးနေတဲ့အလုပ်သမားမှတ်ပုံတင်ကတ်OWICကတ် ထုတ်ပေးမှုကိုစစ်ကောင်စီက ယာယီရပ်ဆိုင်းလိုက်ပါပြီ။ဘယ်တော့ပြန်ဖွင့်ပေးမလဲဆိုတာလဲ မသိရသေးပါဘူး။ဒါဟာပြည်ပကိုအလုပ်သမားစေလွှတ်မှုတွေအားလုံး ရပ်နားလိုက်တဲ့သဘောပါပဲ။အသက်၁၈နှစ်မှ၃၅နှစ်ကြားလူငယ်တွေကို လေကြောင်းလမ်းကနေ ပြည်ပထွက်ခွာခွင့်လုံးဝမပေးတော့ပါဘူး။ ဒါ့အပြင်နယ်စပ်ထွက်ပေါက်တွေကတဆင့် အိမ်နီးချင်းနိုင်ငံတွေကိုထွက်ခွာမယ့် လူငယ်တွေကိုပါ လိုက်လံပိတ်ပင်တားဆီးနေပါတယ်။ထိုင်းနိုင်ငံဘက်ထွက်လို့ရတဲ့ နယ်စပ်ဂိတ်အနည်းဆုံးသုံးခုခန့်နှင့်တရုတ်နိုင်ငံဘက်ထွက်လို့ရတဲ့ ရှမ်းမြောက်ကမူဆယ်နယ်စပ်ဂိတ်တွေမှာပါ ထိုအသက်အရွယ်အတွင်းအကျုံးဝင်သူတွေကို တရားဝင်လမ်းကြောင်းမှထွက်ခွာခွင့်မပေးတော့ပါဘူး။စစ်မှုထမ်းအသက်ရွယ်အတွင်းရှိနေတဲ့ လူငယ်တွေအားလုံးပြည်တွင်းမှာပိတ်မိကုန်ကြပါပြီ။

Read moreDetails

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅။ (သောကြာ)

စောချစ်သူကိုထိုင်းဘက်က ဖမ်းဝရမ်းထုတ်ဖို့လေသံပစ်ပြီးနောက်ကျားဖြန့်လုပ်ငန်းတွေထဲမှ ဖမ်းဆီးခိုင်းစေခံနေရသူအများအပြားကိုBGFက ပြန်လွတ်ပေးနေပါတယ်။နိုင်ငံခြားသားအများစုပါဝင်နေပြီး ထိုင်းနိုင်ငံဘက်ကိုပြန်ပို့ပေးနေတယ်။စောချစ်သူကလဲ သူ့နယ်မြေထဲကျားဖြန့်လုပ်ငန်းတွေရှိနေတာ သူမသိကြောင်းခပ်ပြောင်ပြောင်ပဲငြင်းထားတယ်။ကျားဖြန့်လုပ်ငန်းတွေထဲမှာ အနိုင်ကျင့်ဖမ်းဆီးခံနေရသူတွေကိုပြန်လွတ်ပေးရုံလောက်နဲ့ ဒီကိစ္စကြီးတစ်ခုလုံးပြေလည်သွားမယ်လို့ ထင်နေကြတယ်။အနိုင်ကျင့်သူတွေ၊ပြစ်မှုကျူးလွန်သူတွေ တကယ်ငွေလိမ်နေတဲ့တရုတ်သူဌေးတွေကို အရေးယူဖို့ကျတော့ဘယ်သူမှစကားမဟပဲအသံတိတ်နေကြတယ်။ထိုသူတွေကို ဖမ်းဆီးအရေးမယူသ၍နိုင်ငံခြားသားတွေလွတ်ပေးလိုက်လဲ မြန်မာနိုင်ငံသားအလုပ်သမားတွေနဲ့ ကျားဖြန့်ကဆက်လက်လည်ပတ်နေဦးမှာပဲ။ ဒီအရှုပ်တော်ပုံရဲ့အဓိကလက်သည်ကတော့ စစ်ကောင်စီနဲ့စောချစ်သူပါပဲ။သူတို့လက်ခံထားလို့သာ ကျားဖြန့်လုပ်ငန်တွေရှင်သန်နေတာပါ။ဒါပေမယ့်စောချစ်သူကို ထိုင်းကမထိရဲသလို စစ်ကောင်စီကိုလဲတရုတ်ကမထိရဲပါဘူး။ဒါ့ကြောင့်မြန်မာပြည်က...

Read moreDetails

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅။ (ကြာသပတေး)

ကရင်ပြည်နယ်၊ မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေကို လက်ခံထားတဲ့ BGFခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ဖို့ စီစဥ်ခဲ့ပေမယ့် အခုထိုအစီအစဥ်ကို ရပ်ဆိုင်းထားလိုက်တယ်။ စောချစ်သူရဲ့အနေအထားက ကိုးကန့်လိုဖြစ်မှပဲ BGF နဲ့ ကျားဖြန့် ကို အမြစ်ပြတ်နိုင်မှာပါ။ထိုင်းအစိုးရဘက်ကနေ ဖမ်းဝရမ်း ထုတ်နိုင်လည်း...

Read moreDetails

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅။ (ဗုဒ္ဓဟူး)​

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့ အနီးဝန်းကျင်က စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို မနေ့က ည၁၀နာရီကနေ ဒီမနက် ၁၀နာရီအထိ စစ်အုပ်စုက ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်လို့ ကလေးသူငယ်တွေ အပါအဝင် ၁၀...

Read moreDetails

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅။ (အင်္ဂါ)​

စစ်ကောင်စီဟာတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ဒေသတွေကိုလေကြောင်းမှ တိုက်ခိုက်ရာမှာစက်တပ်လေထီးတွေကိုအသုံးပြုလာပါတယ်။စက်တပ်လေထီးတွေဟာ ထိရောက်မှုအားနည်းတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မသုံးပဲအရပ်သားပြည်သူတွေကို လေကြောင်းကတိုက်ခိုက်တဲ့နေရာမှာသုံးလာတယ်။အထူးသဖြင့်EAO​ဒေသတွေမှာ မသုံးပဲမြန်မာပြည်အလယ်ပိုင်းက အရပ်သားပစ်မှတ်တွေကိုတိုက်ခိုက်ရာမှာသုံးလာတယ်။ထိုစက်တပ်လေထီးတွေကြောင့် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲမှာအရပ်သားပြည်သူသေဆုံးမှုတွေ ဆက်တိုက်ဆိုသလိုရှိလာပါပြီ။လိုကယ်PDFတွေ စိုးမိုးတဲ့နေရာတွေဖြစ်တာကြောင့် ပစ်ချဖို့လဲမတတ်နိုင်သေးပါဘူး။လေယာဥ်၊ရဟတ်ယာဥ်တွေထပ်စာရင် စားရိတ်ကုန်ကျမှုမရှိသလောက်နည်းပါတဲ့ စက်တပ်လေထီးတွေကိုစစ်ကောင်စီဟာ နောက်ပိုင်းမှာကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်တာကြောင့် ဒါ​ကိုတန်ပြန်နိုင်ဖို့နည်းလမ်းတွေအခုထဲက ရှာထားသင့်ပါပြီ။

Read moreDetails

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅။ (တနင်္လာ)​

တော်လှန်ရေးအင်အားစုတွေဘက်မှာ ငြိမ်သက်နေသလိုဖြစ်နေပေမယ့်စစ်ကောင်စီကတော့ သူ့အလုပ်သူ့ဆက်တိုက်လုပ်နေပါတယ်။တနိုင်ငံလုံးမှာ အတင်းအဓ္ဓမပေါ်တာဆွဲပြီးစစ်သားဟု ဆောင်းနေတာအပတ်စဥ်၁၀အထိရောက်ရှိလာပြီဖြစ်ပါတယ်။ဒါ့ကြောင့် အနည်းဆုံးအင်အားလေးသောင်းခန့်စုဆောင်းမိသွားပြီလို့ ခန့်မှန်းလို့ရတယ်။စစ်တပ်ဟာသူ့အင်အားကို ပြန်လည်တည်ဆောက်နေပြီးအချို့ဒေသတွေမှာ တန်ပြန်ထိုးစစ်အသေးစားလေးတွေကိုပြန်လည်စတင်လာနိုင်နေပါပြီ။ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလဲ စစ်ရေးအရှိန်ရပ်တန့်နေရင်စစ်ကောင်စီကပြန်လည်အသာစီးယူသွားနိုင်တယ်။အခုလောလောဆယ်အ​ချိန်မှာ စစ်တပ်ရဲ့လက်နက်ထုတ်စက်ရုံတွေရှိတဲ့ နိုင်ငံအနောက်ပိုင်းဒေသတွေနဲ့စစ်ကိုင်း၊မကွေးစတဲ့မြေလတ်ဒေသတွေကို အားယူပြီးထိုးစစ်ကြီးတစ်ခုစဖို့မျှော်လင့်မိတယ်။ကျန်တဲ့​ကရင်နဲ့ရှမ်းမြောက်ဒေသတွေကိုတော့ သိပ်မျှော်လင့်လို့မရတော့ပါဘူး။ဒီနှစ်မိုးရာသီမတိုင်ခင်မှာ နောက်တလှိုင်းမစနိုင်ရင်တော့ ၂၀၂၅အကုန်အဖြေတစ်ခုခုထွက်ဖို့က အလှမ်းဝေးနေဦးမှာပဲ။

Read moreDetails

ဖေဖော်ဝါရီ ၀၉၊ ၂၀၂၅။ (တနင်္ဂ​နွေ)​

ဒီနှစ်ဆန်းပိုင်းကစပြီးတနိုင်ငံလုံးမှာ တော်လှန်စစ်ပွဲအရှိန်သိသိသာသာ လျော့ကျလာပါတယ်။၂၀၂၄စက်တင်ဘာလလောက်ကစပြီး ရှမ်းမြောက်မှာတရုတ်ဖိအားကြောင့်အပစ်ရပ်လိုက်ရပေမယ့် ရခိုင်၊ကချင်စတဲ့ဒေသတွေမှာ စစ်ကောင်စီကိုမြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွဲကြတယ်။ဒီလိုနဲ့၂၀၂၅ခုနှစ်ထဲရောက်လာချိန်မှာတော့ ရခိုင်​မှာလဲတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုအပါအဝင် ပြည်နယ်တစ်ခုလုံးသိမ်းပြီးသွားပြီ။ဒါကြောင့်အေအေတပ်တော်ဟာ ပြည်မဘက်ကိုသွေးတိုးစမ်းတိုက်ပွဲတွေလောက်သာဖော်ဆောင်နေပြီး ထိုးစစ်ကြီးတွေရပ်ထားတယ်။ကချင်ပြည်နယ်မှာလဲKIAကဗန်းမော်မြို့ကို သိမ်းနိုင်ဖို့ကြိုးစားနေရတဲ့အတွက်အခြားနေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေမရှိသလောက်နည်းပါးသွားတယ်။အခြားဒေသကြီးတွေမှာလဲ အထင်ကြီးလောက်စရာစစ်ရေးလှုပ်ရှားမှုတွေ မတွေ့ရတဲ့အတွက်၂၀၂၅ခုနှစ်ထဲမှာစစ်ရေးအရှိန်ရပ်တန့်နေသလို ဖြစ်နေတယ်။ဒါဟာတော်လှန်ရေးအတွက်​ကောင်းတဲ့လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။

Read moreDetails

ဖေဖော်ဝါရီ ၀၈၊ ၂၀၂၅။ (စနေ)

ရှမ်းပြည်နယ်နဲ့ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့ကိုပြန်ရဖို့စစ်ကောင်စီက ဒီနှစ်ဆန်းပိုင်းကတည်းကထိုးစစ်ဆင်နေပါတယ်။ဇန်နဝါရီလအစကတည်းက ထိုဒေသမှာကရင်နီတော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေ နေ့စဥ်တိုက်ပွဲပြင်းထန်နေတယ်။ထိုးစစ်ဆင်လာတာ တလ​ကျော်ကြာသည်အထိတော်လှန်ရေးတပ်တွေက အကောင်းဆုံးခုခံထားနိုင်ပါတယ်။စစ်ကောင်စီဟာ မိုး​​​​ဗြဲကိုပြန်ရရင်လွိုင်ကော်အထိလမ်းတလျောက်အတားအဆီးမရှိ ထိန်းချုပ်သွားနိုင်မှာဖြစ်ပြီး ထိုမှတဆင့်စစ်အင်အားတွေတိုးချဲ့ကာတော်လှန်ရေးတပ်တွေ ခြေကုတ်ယူထားတဲ့ဒီမော့ဆိုမြို့နဲ့သံလွင်မြစ်အရှေ့ခြမ်းကိုပါ ခြိမ်းခြောက်နိုင်မှာမို့မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ရေးနှစ်ဘက်လုံးကအသည်းအသန် ကြိုးစားနေကြပါတယ်။နေပြည်တော်နဲ့သိပ်မဝေးတဲ့ ကရင်နီပြည်နယ်မှာတော့ တော်လှန်ရေးတပ်တွေဟာခံစစ်အသွင်နဲ့သာ စစ်ကောင်စီကိုရင်ဆိုင်ထားနိုင်ကြတယ်။

Read moreDetails

ဖေဖော်ဝါရီ ၀၇၊ ၂၀၂၅။ (သောကြာ)

ထိုင်းဘက်ကလျှပ်စစ်ဓာတ်အားဖြတ်​​တောက်လိုက်ပေမယ့် မြဝတီမြို့ပတ်ဝန်းကျင်ကကျားဖြန့်လုပ်ငန်းတွေကို မထိပဲမြို့ခံပြည်သူတွေသာ ထိခိုက်နေပါတယ်။မြို့နယ်ဆေးရုံလိုနေရာမျိုးတွေမှာ လျှပ်စစ်မီးမရတော့တာကြောင့် လူနာတွေဒုက္ခရောက်ကုန်ကြတယ်။ကျားဖြန့်လုပ်ငန်းတွေကတော့ ပုံမပျက်ပဲဆိုလာတွေမီးစက်တွေနဲ့ဆက်လက်လည်ပတ်နေကြဆဲပဲ။ဒါ့ကြောင့်ထိုင်းဘက်က မနေ့ကစပြီးလောင်စာဆီ၊စက်သုံးဆီပါ စတင်ဖြတ်တောက်လိုက်ပါပြီ။ထိုင်းဘက်ခြမ်းကဆီတင်ကားတွေကို မြဝတီဘက်ဝင်ခွင့်မပေးတော့ပါဘူး။မြဝတီဘက်မှာရှိတဲ့ဆီဆိုင်ကြီးတွေ ပိတ်လိုက်ရပြီ။စက်သုံးဆီပါ ဖြတ်တောက်ခံရတာကြောင့်မြို့နေလူထုတွေ ပိုမိုဒုက္ခများကုန်တယ်။မြဝတီကမော်တော်ယာဥ်တွေ ဆီထည့်ချင်ရင်ထိုင်းဘက်ကိုသွားထည့်နေရတယ်။လျှပ်စစ်ဓာတ်အားနဲ့လောင်ဟာ ဆီပါရုတ်တရက်ဖြတ်တောက်ခံရကြောင့် တမြို့လုံး​ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြပြီ။အခုချိန်ထိတော့ကျားဖြန့်လုပ်ငန်းတွေအပေါ် ထိခိုက်မှုရှိလာတာမတွေ့ရသေးပါဘူး။ဒါ့ပေမယ့်စောချစ်သူတို့အဖွဲ့​ကတော့ မတရားဖမ်းဆီးနှိပ်စက်ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသားတချို့ကို...

Read moreDetails

ဖေဖော်ဝါရီ ၀၆၊ ၂၀၂၅။ (ကြာသပတေး)

USAIDကိုရံပုံငွေဖြတ်တောက်လိုက်ခြင်းဟာ နယ်စပ်မှာသာမကပြည်တွင်းမှာပါ အကျိုးသက်ရောက်မှုတွေရှိလာတယ်။ထိုအဖွဲ့ဟာNGOမှတဆင့် HIVနဲ့ တီဘီဆေးတွေကိုအဓိကထောက်ပံပေးနေတာပါ။ထိုအဖွဲ့မရှိတော့ရင်ပြည်တွင်းက HIVနဲ့တီဘီလူနာတွေ ဆေးအချိန်မီရရှိဖို့အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။အခုတောင်USAIDကထောက်ပံထားတဲ့ NGOတချို့ပိတ်သိမ်းဖို့လုပ်နေပါပြီ။စစ်ကောင်စီကလဲ ထိုကိစ္စကိုတာဝန်ယူမှာမဟုတ်ပါဘူး။ထရန့်အမေရိကန်သမ္မတဖြစ်လာတာ တော်လှန်ရေးအတွက်ကောင်းမကောင်းမသိသေးခင်မှာပဲ ​မြန်မာပြည်သူတွေအတွက်တော့ ဆိုးကျိုးတွေစတင်ဖြစ်ပေါ်လာနေပါပြီ။

Read moreDetails
Page 26 of 233 1 25 26 27 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist