Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီက စက်တပ်လေထီးသုံးပြီး ဗုံးကြဲ၊ တောင်သာ ဒေသခံ၂ ဦး ဒဏ်ရာရ

တောင်သာမြို့ ကျေးရွာတစ်ရွာကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လူလိုက်ပါမောင်းနှင်နိုင်သော စက်တပ်တပ်လေထီးကို ပထမဆုံးအကြိမ် အသုံးပြုပြီး ဗုံးကြဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

December 26, 2024
in သတင်း
Reading Time:2 mins read
Share on FacebookShare on Twitter

နိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို ဒီဇင်ဘာ ၂၅ ( ခရစ္စမတ်နေ့ ) နေ့လယ်တွင် စက်တပ်လေထီး (Paramotor) ဖြင့်  ဗုံးချခဲ့သဖြင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ကျေးရွာ စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

တောင်သာမြို့အရှေ့ဘက် ၈ မိုင်ခွဲအကွာရှိ အဆိုပါကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်လေယာဉ်က လာရောက်ပစ်ခတ်ခဲ့သည်၊ တစ်နာရီအကြာတွင် အရှေ့ဘက် ကပ်လျက် မလှိုင်မြို့နယ်ဘက်မှ လူလိုက်ပါမောင်းနှင်နိုင်သော စက်တပ်လေထီးဖြင့် ဗုံးချခဲ့သည်ဟု တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) မှ တာဝန်ရှိသူ အမျိုးသားတစ်ဦး က Myanmar Now ကို ပြောသည်။

“စာသင်ကျောင်းကတော့ ကလေးတွေက စာသင်မနေဘူး။ အဲ့တော့ လူနေအိမ်တွေနဲ့လည်း နည်းနည်း ကွာတော့ အစအနတွေမှန်လို့တော့ အနီးနားက ပြည်သူအမျိုးသမီး ၂ ယောက်တော့ အသေးစားဒဏ်ရာ တော့ ရတာပေါ့” ဟု သူက ပြောသည်။

လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသည့် တောင်သာမြို့နယ်တွင် တော်လှန်ရေးတပ်များ၏  ထိန်းချုပ်နယ်မြေကျယ်ပြန့်လာသည်၊ စစ်တပ်က မြေပြင်စစ်ကြောင်းမထိုးနိုင်၍ လေကြောင်းကို အားကိုးနေရကာ ယခုအခါ စက်တပ်တပ်လေထီးများကို ပထမဆုံးအကြိမ်အသုံးပြုလာသည်ဟု သူက ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးရွာ စာသင်ကျောင်းဆောင် ၄ ခု ပျက်စီးပြီး အဆောင်သစ်တစ်ခု၏ မျက်နှာကျက် ကွဲအက်သွားကြောင်း တောင်သာဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

“လေထီးစက်တပ်ယာဉ်တွေကိုသုံးပြီးတော့ ဒီမှာ ပထမဆုံးတိုက်ခိုက်ခံရတယ်ပြောရမှာပေါ့နော်။ လေယာဉ်ဆီမသုံးဘဲ သာမန်ဆီနဲ့သွားတဲ့သဘောဖြစ်နိုင်လောက်တယ်။ ကျွန်တော်တို့က အဲ့လို ယူဆ တယ်။ လေယာဉ်ဆီ ရှားပါးလာတာဖြစ်တဲ့အတွက် နောက်ပိုင်းနည်းပညာနဲ့ သုံးပြီးတိုက်ခိုက်တယ်လို့ ယူဆတယ်” ဟု ၎င်းက ဆိုသည်။

ဇရပ်ကြီးရွာလေကြောင်းတိုက်ခိုက်မှုမှ လက်နက်ကြီးအပိုင်းအစတစ်ခု။ (ဓာတ်ပုံ- လူထုလှုပ်ရှားမှုကော်မတီ -တောင်သာ) 

ထိုစက်တပ်လေထီးသုံး၍ ဗုံးကြဲချခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် တောင်သာပကဖ တာဝန်ရှိသူနှင့် ဒေသခံတို့က ပြောသော်လည်း တိုက်ခိုက်ရေးတွင် အသုံးဝင်ပုံအသေးစိတ်ကို မသိရသေးသလို ထိုအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ထိုကဲ့သို့သောယာဉ်ဖြင့် တိုက်ခိုက်မှုမှ ပထမဆုံးဟု ဒေသခံတို့က ဆိုကြပြီး အခြားစစ်မျက်နှာပြင်များ တွင် စစ်ကောင်စီတပ်က အသုံးပြုမှုမတွေ့ရပေ။

အာဏာမသိမ်းမီနှစ်များက ထိုစက်တပ်လေထီးများကို မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်က ဦးစီး၍ ခရီးသွားလုပ်ငန်းများတွင်သာ အသုံးပြုရန် ကြိုးပမ်းခဲ့ဖူးသည်။

ဘေးအန္တရာယ် ကာကွယ်ရန်အတွက်   ဗုံးခိုကျင်းတူးရန် လိုအပ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ အကြံပြုသည်။

“အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးထားသင့်တယ်ပေါ့ဗျာ။ အဲ့ဒါမှ လေကြောင်းစစ်ဆင်ရေးကြောင့်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်ပျက်စီးပေမယ့်လို့ လူ့အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပေါ့” ဟု သူက ပြောသည်။

လူဦးရေ ၂ သိန်းခွဲနီးပါး နေထိုင်ပြီး မြို့ပေါ်ရပ်ကွက် ၆ ခု၊ ကျေးရွာပေါင်း ၂၄၀ ကျော်ရှိသည့် တောင်သာ မြို့နယ်သည် မလှိုင်၊ ကျောက်ပန်းတောင်း၊ ပုဂံညောင်းဦး၊ မြင်းခြံမြို့နယ်များနှင့် ထိစပ်နေသည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း သုံးပွင့်ဆိုင်ရှိနေသည့် တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တို့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းပြီး ယခုနှစ်လယ်ပိုင်းတွင်   ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  အပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့် စုဖွဲ့ထားသည့် မဟာမိတ်တို့က “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (Myingyan District Special Operation)” အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့သည်။

ထိစစ်ဆင်ရေးအတွင်း မြင်းခြံခရိုင်တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ဖရိုဖရဲဖြစ်သည်အထိ တော်လှန်ရေးတပ်များက တိုက်ပွဲဖော်ဆောင်နိုင်သည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ တွင် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်  မန္တလေးတိုင်း ၊ နွားထိုးကြီးအခြေစိုက် PDF တပ်ဖွဲ့ဝင်များ တက်ရောက်စစ်ဆေးခဲ့သည်။

အမြန်လမ်းပေါ်ထိ တော်လှန်ရေးအင်အားစုများတက်လာပြီးနောက် စစ်ကောင်စီက ထိုဒေသကို ဗုံးကြဲ တိုက်ခိုက်မှုများ ပြန်လုပ်လာသည်။

 ထိခိုက်ပျက်စီးခဲ့သည့် ဇရပ်ကြီးကျေးရွာ စာသင်ကျောင်း။ (ဓာတ်ပုံ- လူထုလှုပ်ရှားမှုကော်မတီ- တောင်သာ) 

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English