မြန်မာပြည်အနောက်ပိုင်းစစ်ရေးအခြေအနေကတော့ စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ရခိုင်ပြည်နယ်ဂွမြို့ကို အေအေတပ်တော်ကရရှိခဲ့မယ်ဆိုရင် ရခိုင်ရိုးမကိုကျော်ပြီးပြည်မဘက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့လမ်းကြောင်း အတော်ပွင့်သွားပြီလို့ပြောလို့ရပြီ။အမ်းတောင်ကြားလမ်းမှတဆင့် မကွေးတိုင်းဘက်ကိုဝင်နိုင်သလို တောင်ဂုတ်တောင်ကြားလမ်းမှတဆင့် ပဲခူးတိုင်းအနောက်ခြမ်းကိုလဲ ဝင်ရောက်နိုင်တယ်။ဒါ့အပြင်ဂွမြို့ကတဆင့် ဧရာဝတီတိုင်းထဲကိုလဲဝင်ရောက်နိုင်ပါသေးတယ်။ချင်းပြည်နယ်ဘက်မှာလဲမင်းတပ်မြို့ကို သိမ်းပြီးနောက်နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်းမြောက်ပိုင်းယောနယ်မှာစစ်ဆင်ရေးတွေ ပိုမိုဖော်ဆောင်တော့မယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောထားတယ်။ထိုဒေသတွေဟာအခုအချိန်ထိ စစ်ကောင်စီကောင်းကောင်းထိန်းချုပ်နိုင်တဲ့ဒေသတွေဖြစ်တာကြောင့် စစ်တပ်အင်အားလဲအများအပြားမချထားပါဘူး။ဒါ့ကြောင့်အခုချိန်မှာစစ်တပ်ဟာ နောက်ကျောမလုံဖြစ်နေပါပြီ။
ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ပဲခူးတိုင်းအနောက်ခြမ်းနဲ့မကွေးတိုင်းထဲမှာ စစ်တပ်ရဲ့လက်နက်ထုတ်စက်ထုတ်အကြီးစားများစွာရှိနေပါတယ်။အခုဆိုရင်ထိုစက်ရုံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေခြိမ်းခြောက်လာနိုင်နေပါပြီ။အေအေကသာထိုစက်ရုံတွေကို ပစ်မှတ်ထားပြီးထိုးစစ်ဆင်လာရင်စစ်ကောင်စီအနေနဲ့ ခုခံနိုင်မယ်မထင်ဘူး။ဒါ့ကြောင့်ရခိုင်ပြည်နယ်ကို သိမ်းပိုက်ပြီးသွားရင်အေအေရဲ့နောက်ထပ်ရည်မှန်းချက်ဟာ စစ်ကောင်စီရဲ့ကပစစက်ရုံတွေဖြစ်မလား၊ဧရာဝတီတိုင်းဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။