ရခိုင်ပြည်နယ်၊ဂွမြို့မှာတိုက်ပွဲတွေ ပြင်းထန်လာတာကြောင့်နယ်မြေချင်းထိစပ်နေတဲ့ ဧရာဝတီတိုင်းမှာစစ်ကောင်စီဟာ အလန့်တကြားစစ်ပြင်လာပါတယ်။ဂွမြို့နဲ့မိုင်အနည်းငယ်သာဝေးတဲ့ ဧရာဝတီတိုင်း
ငသိုင်းချောင်းမြို့ကို အင်အားအများအပြားပို့ထားတယ်။ပို့ထားတဲ့အင်အားအများစုက စစ်မှုထမ်းအပတ်စဥ်တွေကလူသစ်တွေပါ။ဧရာဝတီတိုင်းထဲမှာလဲမြို့တော်ပုသိမ်အပါအဝင် နေရာအများစုမှာပေါ်တာဆွဲနေပါတယ်။ဒါ့အပြင် ပုသိမ်မြို့ကိုကုန်တင်ကားတွေအဝင်အထွက်ပိတ်လိုက်တယ်။ရခိုင်ပြည်နယ်ထဲ ကုန်တွေမရောက်အောင်ဧရာဝတီတိုင်းမှာပါ ကုန်စည်စီးဆင်းမှုပိတ်ပင်လိုတဲ့သဘောပါ။
စစ်ရိပ်သန်းလာပေမယ့်ငွေဆောင်၊ချောင်းသာကမ်းခြေတွေမှာတော့ ခရစ်စမတ်ပိတ်ရက်လာရောက်လည်ပတ်မယ့်သူတွေအပြည့်ပဲလို့သိရတယ်။အများစုကတော့ ရန်ကုန်ကပါ။ထိုကမ်းခြေတွေကိုသွားတဲ့လမ်းတွေပေါ်မှာလဲ စစ်ဆေးရေးဂိတ်တွေအများအပြားရှိနေပြီး လုံခြုံရေးတင်းကျပ်ထားတယ်။ကမ်းခြေသွားလည်မယ့်လူငယ်တွေကို ပေါ်တာဆွဲမယ့်သတင်းတွေလဲထွက်နေတယ်။အပျော်အပါးမက်လို့စစ်မှုထမ်းထဲပါသွားရင်တော့ ဘဝဆုံးမှာပဲ။