LATEST STORIES

ဧပြီ ၂၂၊ ၂၀၂၅။ (အင်္ဂါ)

MNDAAသိမ်းပိုက်ခဲ့တဲလားရှိုးမြို့ကို စစ်ကောင်စီထံပြန်ပေးလိုက်ရချိန်မှာပဲ TLNAထိန်းချုပ်နယ်မြေက တောင်ခမ်းစစ်မျက်နှာမှာလဲစစ်ကောင်စီက အသာစီးရလာနေပါတယ်။ထိုဒေသကစစ်ကောင်စီအမြောက်တပ်လေးခုကို အပြီးသတ်မသိမ်းနိုင်ခဲ့တာ​ကြောင့် စစ်ကောင်စီကအင်အားဖြည့်တင်းပြီးခံစစ်ကနေ တိုက်စစ်ကိုကူးပြောင်းလာခဲ့တယ်။စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဒရုန်းတွေကိုအဆမတန်အသုံးပြု ထိုးစစ်ဆင်လာတာကြောင့်မတ်လကုန်လောက်ကစပြီး ထိုစစ်မျက်နှာမှာTLNAတပ်တွေတဖြည်းဖြည်းနဲ့ အရေးနိမ့်လာတယ်။အခုဆိုရင်နောင်ချိုမြို့နဲ့မိုင်နှစ်ဆယ်အကွာအထိ စစ်ကောင်စီတပ်တွေရောက်လာပါပြီ။ ကရင်နီပြည်နယ်မှာလဲ မိုးဗြဲမြို့ကိုပြန်သိမ်းနိုင်ဖို့စစ်ကောင်စီက အပြင်းအထန်တိုက်ခိုက်နေတုန်းပါပဲ။အခုချိန်ထိတော့ ကရင်နီတော်လှန်ရေးတပ်တွေက စစ်ကောင်စီရဲ့ထိုးစစ်ကို ထိန်းချုပ်ထားနိုင်သေးတယ်။မိုး​​​ဗြဲမြို့ဟာ...

Read moreDetails

ဧပြီ ၂၁၊ ၂၀၂၅။ (တနင်္လာ)

လားရှိုးမြို့ထဲကိုစစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။စစ်ယာဥ်တန်းတွေနဲ့ အင်အားများစွာပါလာတယ်။လားရှိုးမြို့အလွဲအပြောင်းကိစ္စအတွက် တရုတ်အထူးကိုယ်စားလှယ် ကိုယ်တိုင်လာရောက်စောင့်ကြည့်နေတာပါ။ဒါပေမယ့် အခုချိန်ထိစစ်ကောင်စီရော MNDAAရောဘာသတင်းမှ မထုတ်ပြန်သေးပါဘူး။ဒါပေမယ့်ကျိန်းသေတာတစ်ခုကတော့ မြန်မာပြည်မတော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် အသက်ပေါင်းများစွာ ရင်းနှီးပြီးတိုက်ယူထားတဲ့လားရှိုးမြို့ကြီးကို တရုတ်ရဲ့ဝင်ရောက်ရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့် စစ်ကောင်စီထံ ပြန်​ပေးလိုက်ရပီဖြစ်ပါတယ်။

Read moreDetails

ဧပြီ ၂၀၊ ၂၀၂၅။ (တနင်္ဂ​နွေ)

သင်္ကြန်တွင်းပြည်သူတွေကို ဆက်တိုက်ဗုံးကြဲနေတဲ့စစ်ကောင်စီဟာ သင်္ကြန်အပြီးမှာလဲ ဆက်လက်ဗုံးကြဲနေပါတယ်။ ဧပြီလ ၁၈ ရက်က မန္တလေး - မိုးကုတ် ကားလမ်းပေါ်က လိပ်ကျကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၁၃...

Read moreDetails

ဧပြီ ၁၉၊ ၂၀၂၅။ (စနေ)

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ကြုံတွေ့ခဲ့ရသော မြန်မာပြည်သူများအတွက် နိုင်ငံတကာက အရေးပေါ် ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ ဆက်တိုက် ပေးပို့နေပါတယ်။ ရန်ကုန်လေဆိပ်ကို  ကယ်ဆယ်ရေးပစ္စည်းတွေသယ်ဆောင်လာတဲ့...

Read moreDetails

ဘယ်သူ့​ကြောင့်လဲ

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက် တချို့တွေ အသက်ရှင်လျက်ကယ်တင်ပေးနိုင်ခဲ့တာကျေးဇူးတင်စရာပါပဲ။ ငလျင်လှုပ်ပြီး ပြီးချင်းအကူအညီတွေချက်ခြင်းပေးခဲ့တာကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်။Emergency Respond Team ကို လွှတ်ပေးခဲ့ရုံသာမက ကူငွေအနေနှင့်ယွင်သန်း၁၀၀ ကျော် ကူညီပေးတာမို့ဒေါ်လာအားဖြင့်၁၃ သန်းရှိပြီး အကူအညီပေးတဲ့နိုင်ငံတွေထဲအများဆုံးဖြစ်ပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂ၊...

Read moreDetails

ဧပြီ ၁၈၊ ၂၀၂၅။ (သောကြာ)

အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်ဟာ မနေ့ကမင်းအောင်လှိုင်နဲ့ဘန်ကောက်မှာ တွေ့ဆုံးပြီး ဒီနေ့မှာတော့ NUGဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အွန်လိုင်းကနေတွေ့ဆုံခဲ့ပါတယ်။NUGကတော့လူသားချင်းစာနာမှုအကူအညီတွေ ပေးရေးဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့ နှစ်ဖက်လုံးကိုတွေ့ဆုံမှုမှာ အပစ်ရပ်သက်တမ်းတိုးရေးလဲ ပါဝင်မယ်လို့ယူဆကြတယ်။ အရင်ကအာဆီယံအနေနဲ့ NUGကိုတိုးတိုးတိတ်တိတ်တွေ့ဆုံံခဲ့တာတွေရှိခဲ့​​မယ့် ဒီတကြိမ်မှာတော့ငလျင်ကိုအကြောင်းပြုပြီး ပထမဆုံးအကြိမ်နိုင်ငံတော်အဆင့်တရားဝင်တွေ့ဆုံ​ခဲ့တာကြောင့် တိုးတက်မှုတွေရှိလာတယ်လို့ပြောရမလားပဲ။

Read moreDetails

ဧပြီ ၁၇၊ ၂၀၂၅။ (ကြာသပတေး)

မင်းအောင်လှိုင်ဘန်ကောက်ကို ခိုးကြောင်ခိုးဝှက် ထပ်ရောက်နေတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ငလျင်ဘေးနဲ့အပစ်ရပ်ရေးအတွက် မင်းအောင်လှိုင်နဲ့ဆွေးနွေးဖို့ အာဆီယံကိုအကြံပေးတယ်။ဒါ့ကြောင့် အာဆီယံအလှည့်ကျဥက္ကဌမလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်နဲ့ ဘန်ကောက်မှာ တွေ့ဖို့စီစဥ်တယ်။ငလျင်ဘေးအကူအညီတွေပေးဖို့ဆိုပြီး အကြောင်းပြတာပဲ။ဒါပေမယ့်မင်းအောင်လှိုင်ကတော့ငလျင်ဘေးအကြောင်းပြုပြီး အာဆီယံမှာပါ လူရာဝင်ဖို့ နိုင်ငံရေးအမြတ်ထုတ်နိုင်သွားတယ်။

Read moreDetails

ဧပြီ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက်​ မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့ ပြောလို့ရတဲ့မန္တလေးမှာ ဘယ်တုန်းကနဲ့မှမတူအောင် ခြောက်ကပ်ခဲ့ပါတယ်။မန္တလေးမှ မဟုတ်တနိုင်ငံလုံး ထိုနည်းလည်းကောင်းပဲ။ဒီနှစ်သ​င်္ကြန်ကတော့ ၂၀၂၀ကိုဗစ်ကာလနောက်ပိုင်း စည်ကားမှုအနည်းဆုံးသင်္ကြန်ဖြစ်လာခဲ့တယ်။

Read moreDetails

ဧပြီ ၁၅၊ ၂၀၂၅။ (အင်္ဂါ)

ငလျင်ဘေးကြောင့် သေဆုံးသူအရေအတွက်ဟာ လေးထောင်နီးပါးရှိလာပါပြီ။အနည်းဆုံးတစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အဲ့ဒီလောက်ဖြစ်မလာတာကံကောင်းတယ်လို့ပြောရမယ်။အသက်ရှင်ကျန်ရစ်တဲ့သူတွေမှာလဲ ဒုက္ခတွေတပွေ့တပိုက်နဲ့ပါ။ငလျင်ကြောင့် စားစရာနေစရာမရှိအောင် ဖြစ်သွားချိန်မှာအုတ်ပုံဖြစ်သွားတဲ့ ကိုယ့်အိမ်နေရာကို ရှင်းလင်းဖို့တောင်သိန်း၁၅၀ကနေငါးရာခန့်အထိစျေးပေါက်နေပါတယ်။အိမ်ပြန်ဆောက်ဖို့ ထပ်အပျက်အစီးတွေရှင်းလင်းဖို့တောင် သိန်းရာဂဏန်းအနည်းဆုံးကုန်ကျမှာပါ။တကယ်ဆိုရင် အပျက်အစီးတွေရှင်းလင်းဖို့ အလုပ်ကိုအစိုးရက လုပ်ပေးရမှာဖြစ်ပေ မယ့်စစ်ကောင်စီကအခုထိ ဘာမှမလုပ်ပေးပါဘူး။ ဒါ့အပြင် နောက်ဆက်တွဲငလျင်တွေကလဲ ငလျင်ကြောတလျောက်လုံးမှာရှိတဲ့...

Read moreDetails

ဧပြီ ၁၄၊ ၂၀၂၅။ (တနင်္လာ)

စစ်ကောင်စီဟာ သင်္ကြန်တွင်းလဲမရှောင် အညာဒေသအနှံအပြားကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကြက်ခတ်ကျေးရွာဘုန်းကြီးကျောင်းမှာ အခါတွင်းကာလ တရားပွဲလုပ်နေချိန် ဗုံးကြဲချခဲ့လို့ ကိုရင်သုံးပါး အပါအဝင် ငါးဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိခဲ့တယ်။ အလားတူပဲ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ဝန်းသို၊ ကနီ၊...

Read moreDetails
Page 25 of 240 1 24 25 26 240

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist