သင်္ကြန်တွင်းပြည်သူတွေကို ဆက်တိုက်ဗုံးကြဲနေတဲ့စစ်ကောင်စီဟာ သင်္ကြန်အပြီးမှာလဲ ဆက်လက်ဗုံးကြဲနေပါတယ်။ ဧပြီလ ၁၈ ရက်က မန္တလေး – မိုးကုတ် ကားလမ်းပေါ်က လိပ်ကျကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ ဧပြီလ ၁၉ ရက် မွန်းလွဲပိုင်းမှာလဲ လိပ်ကျကျေးရွာနဲ့မိုင်အနည်းငယ်သာဝေးတဲ့ ရေထွက်ကျေးရွာ ရွာလယ်စျေးဆိုင်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ရာ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၃၀ ဝန်းကျင် သေဆုံးပြီး စျေးဆိုင်နဲ့ နေအိမ်တချို့ မီးလောင်ပြာကျ ပျက်စီးခဲ့ပါတယ်။ အဲ့ဒီ ရေထွက်ရွာ ဗုံးကြဲခံရမှုအတွင်း စက်သုံးဆီ အရောင်းဆိုင်ပေါ် ဗုံးကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူ ဒါဇင်နဲ့ချီ မီးလောင် သေဆုံးခဲ့ကာ ဒီကနေ့အထိ အလောင်းတွေကို ကောက်ယူလို့ မပြီးသေးဘဲ အဲ့ဒီလို အလောင်းကောက်၊ သန့်ရှင်းရေး လုပ်နေသူတွေကို စစ်အုပ်စုက ထပ်မံ ဗုံးကြဲသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုဟာ ထိုနေရာကို သင်္ကြန်တွင်း ဧပြီလ ၁၆ရက်ကလည်း ဗုံးကြဲခဲ့သေးပြီး လူထိခိုက် သေဆုံးမှု မရှိတဲ့အတွက် နောက်ရက်တွေမှာ လူစည်ကားရာ စျေးဆိုင်တန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲသတ်ဖြတ်တာဖြစ်တယ်။
ဗုံးကြဲသတ်ဖြတ်ခံရလို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လိပ်ကျရွာနဲ့ ရေထွက်ရွာ အပါအဝင် မန္တလေး – မိုးကုတ် ကားလမ်းပေါ်က ညောင်ပင်သာရွာနဲ့ ကျောက်ဖြာရွာတို့ကို ဧပြီလ ၂၀ရက် ဒီကနေ့ မွန်းလွဲ ၁နာရီခွဲကျော် အချိန်မှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ လာရောက်ကာ ထပ်မံ ဗုံးကြဲ သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ထိခိုက် ပျက်စီးမှုနဲ့ အသေအပျောက် ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။ ကလေးသူငယ်တွေ အပါအဝင် လူ ၄၀ သေဆုံးခဲ့တဲ့ နေရာတွေကို ဒီကနေ့ သုံးရက်မြောက်အဖြစ် ဆက်လက် ဗုံးကြဲသတ်ဖြတ်ခဲ့တာပါ။
ဧပြီလဆန်းကနေ ယနေ့အချိန်အထိ သပိတ်ကျင်းနယ် ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် ပြုလုပ်နေပြီး ရွာခံတချို့ အိမ်မှာ မနေရတော့ဘဲ တောတောင်ထဲ ထွက်ပြေးနေကြရတယ်။ နိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် လူထောင်နဲ့ချီ သေဆုံးခဲ့လို့ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီ ကယ်ဆယ် နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ – NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက အပစ်အခတ် ရပ်စဲထားချိန် စစ်အုပ်စုက တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ မြို့၊ရွာတွေကို ဗုံးကြဲသတ်ဖြတ်တာတွေ ပိုမို ကျူးလွန်နေပါတယ်။