မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့ ပြောလို့ရတဲ့မန္တလေးမှာ ဘယ်တုန်းကနဲ့မှမတူအောင် ခြောက်ကပ်ခဲ့ပါတယ်။မန္တလေးမှ မဟုတ်တနိုင်ငံလုံး ထိုနည်းလည်းကောင်းပဲ။ဒီနှစ်သင်္ကြန်ကတော့ ၂၀၂၀ကိုဗစ်ကာလနောက်ပိုင်း စည်ကားမှုအနည်းဆုံးသင်္ကြန်ဖြစ်လာခဲ့တယ်။
ဧပြီ ၁၅၊ ၂၀၂၅။ (အင်္ဂါ)
ငလျင်ဘေးကြောင့် သေဆုံးသူအရေအတွက်ဟာ လေးထောင်နီးပါးရှိလာပါပြီ။အနည်းဆုံးတစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အဲ့ဒီလောက်ဖြစ်မလာတာကံကောင်းတယ်လို့ပြောရမယ်။အသက်ရှင်ကျန်ရစ်တဲ့သူတွေမှာလဲ...