အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်ဟာ မနေ့ကမင်းအောင်လှိုင်နဲ့ဘန်ကောက်မှာ တွေ့ဆုံးပြီး ဒီနေ့မှာတော့ NUGဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အွန်လိုင်းကနေတွေ့ဆုံခဲ့ပါတယ်။NUGကတော့လူသားချင်းစာနာမှုအကူအညီတွေ ပေးရေးဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့ နှစ်ဖက်လုံးကိုတွေ့ဆုံမှုမှာ အပစ်ရပ်သက်တမ်းတိုးရေးလဲ ပါဝင်မယ်လို့ယူဆကြတယ်။
အရင်ကအာဆီယံအနေနဲ့ NUGကိုတိုးတိုးတိတ်တိတ်တွေ့ဆုံံခဲ့တာတွေရှိခဲ့မယ့် ဒီတကြိမ်မှာတော့ငလျင်ကိုအကြောင်းပြုပြီး ပထမဆုံးအကြိမ်နိုင်ငံတော်အဆင့်တရားဝင်တွေ့ဆုံခဲ့တာကြောင့် တိုးတက်မှုတွေရှိလာတယ်လို့ပြောရမလားပဲ။