ငလျင်ဘေးကြောင့် သေဆုံးသူအရေအတွက်ဟာ လေးထောင်နီးပါးရှိလာပါပြီ။အနည်းဆုံးတစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အဲ့ဒီလောက်ဖြစ်မလာတာကံကောင်းတယ်လို့ပြောရမယ်။အသက်ရှင်ကျန်ရစ်တဲ့သူတွေမှာလဲ ဒုက္ခတွေတပွေ့တပိုက်နဲ့ပါ။ငလျင်ကြောင့် စားစရာနေစရာမရှိအောင် ဖြစ်သွားချိန်မှာအုတ်ပုံဖြစ်သွားတဲ့ ကိုယ့်အိမ်နေရာကို ရှင်းလင်းဖို့တောင်သိန်း၁၅၀ကနေငါးရာခန့်အထိစျေးပေါက်နေပါတယ်။အိမ်ပြန်ဆောက်ဖို့ ထပ်အပျက်အစီးတွေရှင်းလင်းဖို့တောင် သိန်းရာဂဏန်းအနည်းဆုံးကုန်ကျမှာပါ။တကယ်ဆိုရင် အပျက်အစီးတွေရှင်းလင်းဖို့ အလုပ်ကိုအစိုးရက လုပ်ပေးရမှာဖြစ်ပေ မယ့်စစ်ကောင်စီကအခုထိ ဘာမှမလုပ်ပေးပါဘူး။
ဒါ့အပြင် နောက်ဆက်တွဲငလျင်တွေကလဲ ငလျင်ကြောတလျောက်လုံးမှာရှိတဲ့ ဒေသတွေမှာဆက်တိုက်လှုပ်နေပါတယ်။ထိုနောက်ဆက်တွဲငလျင်တွေဟာလဲ ပြင်းအားအဆင့်ငါး လောက်အထိရှိတတ်တာကြောင့်ကျန်နေတဲ့ အဆောက်အအုံတွေအတွက် စိတ်မချရသေးပါဘူး။ဒီနေ့ဆိုရင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေးကအဆောက်အအုံတစ်ချို့ထပ်မံပြိုကျခဲ့သေးတယ်။ဒါ့ကြောင့် ကိုယ်အိမ်ကအကောင်းတိုင်းနီးပါးကျန်ရင်တောင် ဘယ်သူမှအိမ်ပေါ်မှာ စိတ်ချလက်ချမနေရဲသေးပါဘူး။ဒီပုံအတိုင်းဆိုငလျင်ဘေးသင့်ပြည်သူတွေဟာ နေစရာအတည်တကျမရှိတော့ပဲ နီးစပ်ရာမှာနှစ်နဲ့ချီပြီး သောင်တင်နိုင်ပါတယ်။