ရန်ကုန်မှာစစ်ကောင်စီက စစ်မှုထမ်းပေါ်တာဆွဲနေပြီးဆိုတဲ့သတင်းတွေ ခပ်စိတ်စိတ်ကြားနေရတယ်။ဟိုနေရာမှာလမ်းသွားရင်းဆွဲသွားတယ်၊ဒီနေရာမှာလက်ဖက်ရည်ဆိုင်ထဲ ဝင်ဆွဲသွားတယ်စသဖြင့် သတင်းတွေကတော့အစုံပဲ။တကယ်ဟုတ်မဟုတ်ကတော့ သေချာအတည်ပြုလို့မရသေးပါဘူး။ဘာပဲဖြစ်ဖြစ်လူငယ်တွေ သတိထားတာကောင်းလိမ့်မယ်။
ရန်ကုန်မှာပေါ်တာဆွဲတာကိုတိတိကျကျမသိရသေးပေမယ့် မန္တလေးမှာတော့ဒီတလထဲမှာပဲ လူငယ်၁၅၀ လောက်ပေါ်တာဆွဲခံလိုက်ရပါတယ်။မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ရွာတွေက လူငယ်တွေကိုအဓိကထားဆွဲသွားတာပါ။အရင်ကပေါ်တာဆွဲခံရရင် ငွေနဲ့ပြန်ရွေးလို့ရပေမယ့်အခုတော့ပိုက်ဆံဘယ်လောက်ပေးပေးမရတော့ပါဘူး။နိုင်ငံတဝန်းက တိုက်ပွဲတွေကြောင့်စစ်ကောင်စီဟာ လူအင်အားအငမ်းမရလိုနေတာကြောင့်ပြည်တွင်းမှာရှိတဲ့ လူငယ်တွေအတွက်အတော်အန္တရာယ်ကြီးလာနေပါပြီ။