မုံရွာမြို့မှာ လူသတ်ပြီးကားလုပြေးသွားတဲ့ တရားခံတွေကို တော်လှန်ရေးအဖွဲ့တွေက အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေဟာ လူငယ်လေးတွေဟာ အသက်၂၀ကျော်လောက်သာ ရှိသေးတယ်။ ဒီအရွယ်နဲ့လူသတ်မှု ကျူးလွန်ရဲတာအံဩစရာပဲ။ ရန်ကုန်နဲ့မန္တလေးက တရားခံတွေကိုတော့ စစ်ကောင်စီကဖမ်းဆီးရမိတယ်လို့ မကြားမိသေးပါဘူး။
မြို့ကြီးတွေမှာ လူသတ်ဓားမြတိုက်ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဆိုသလိုရှိနေပေမယ့် စစ်ကောင်စီကတော့ ဖမ်းဆီးပေးနိုင်ခြင်းမရှိပါဘူး။ ထိုရာဇဝတ်မှုတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတွေစစ်သားတွေနဲ့ ပျူစောထီးတွေကိုယ်တိုင် တဖက်လှည့်နဲ့ကျူးလွန်နေကြတာဖြစ်လို့ ဖမ်းဆီးဖို့လဲစိတ်မဝင်စားပါဘူး။ ဒါပေမယ့် စစ်အုပ်စုထဲကမဟုတ်ပဲ အခြားသူတွေက အလားတူဒုစရိုက်မှုတွေကျူးလွန်ရင်တော့ တရားခံတွေမိလေ့ရှိတယ်။ ဒါကြောင့်စစ်ကောင်စီဟာ သူ့ရဲ့လက်အောက်ငယ်သားတွေကို ဒုစရိုက်မှုတွေ ကျူးလွန်ဖို့ခွင့်ပြုပေးထားတဲ့သဘောပါပဲ။ မြို့ကြီးတွေမှာ လူသတ်၊ပြန်ပေးဆွဲစတဲ့အမှုကြီးတွေသာမကပဲ အုပ်စုဖွဲ့ပြီးဖုန်းလုတာတွေ၊ဆိုင်ကယ်လုတာတွေ၊ ကားလုတာတွေကတော့ပုံမှန်လိုဖြစ်နေပါပြီ။ စစ်ကောင်စီကတော့ နိုင်ငံရေးလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေကလွဲလို့ ကျန်တဲ့အမှုတွေကို တရားခံရှာဖမ်းဆီးဖို့ စိတ်မဝင်စားပါဘူး။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။