ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ)
ရန်ကုန်မှာပေါ်တာဆွဲမှုတွေဟာ အမှန်တကယ်ဖြစ်ပေါ်နေပါပြီ။ရန်ကုန်ကမြို့နယ်အတော်များများမှာ ညပိုင်းပေါ်တာဆွဲနေတဲ့သတင်းတွေကြားနေရတယ်။ပြီးခဲ့တဲ့ရက်ကတင် သာကေတမြို့နယ်မှာညပိုင်းအလုပ်အပြန်လမ်းပေါ်တွင်သွားလာနေသော လူငယ်၃၀ကျော်ဖမ်းဆီးခံရတယ်လို့သိရတယ်။ည၈နာရီလောက်အိမ်စီးကားနဲ့ စစ်သား၊ ရဲတွေက လူလတ်အပိုင်းအမျိူးသားတွေကိုကားပေါ်ကို ဖမ်းပြီးဆွဲတင်သွားတာပါ။လမ်းမကြီးတွေသာမက ရပ်ကွက်တွေထဲကလမ်းတွေ၊မှောင်ရိပ်ကျတဲ့နေရာတွေအထိပါ ဖမ်းဆီးမှုတွေရှိလာတယ်။အချို့နေရာတွေမှာ ညဘက်အိမ်နဲ့မနီးမဝေးလမ်းပေါ်မှာသွားလာနေကြတဲ့ လူငယ်တွေလဲပါသွားတယ်။ဆိုရှယ်မီဒီယာတွေပေါ်မှာလဲ လူပျောက်ကြေငြာတွေဒီရက်ပိုင်းတန်းစီတက်လာတယ်။ပျောက်ဆုံးနေတဲ့သူ အများသူအများစုကလဲလူငယ်တွေပါပဲ။
ပေါ်တာဆွဲဖမ်းဆီးမှုတွေအမှန်တကယ်ဖြစ်ပျက်နေတာကြောင့် ည၈နာရီနောက်ပိုင်းလမ်းမကြီးတွေပေါ်မှာတောင် လူသွားလူလာသိပ်ရှိကြတော့ဘူး။ညပိုင်းရောင်းတဲ့လမ်းဘေးစျေးသည်တွေတောင် ည၈နာရီလောက်ဆို ဆိုင်သိမ်းကုန်ကြပြီ။ရန်ကုန်မှာနေဝင်သွားရင် လူငယ်တွေအတွက်စိတ်မချရတော့တဲ့ အခြေအနေတွေဖြစ်လာပြီ။