ဒီနေ့၂၀၂၄ခုနှစ်ရဲ့ နောက်ဆုံးနှစ်သစ်ကူးညကို တကမ္ဘာလုံးမှာဆင်နွှဲကြတယ်။မြန်မာပြည်မှာတော့ ကိုယ့်အပူနဲ့ကိုယ်ဘယ်ဒေသမှ ကြီးကြီးကျယ်ကျယ်မဆင်နွှဲနိုင်ကြပါဘူး။စစ်ကောင်စီကတော့ ရန်ကုန်မှာနှစ်သစ်ကူးcountdownပွဲတွေ ကျင်းပပေးပေမယ့်ပေါ်တာဆွဲခံရမှာဆိုးလို့ တော်ရုံဘယ်သူမှသွားရကြမယ်မထင်ဘူး။ရေပေါ်ဆီလူတန်းစားတွေကတော့ နာမည်ကြီးဟိုတယ်တွေမှာ privite countdown party တွေကျင်းပကြတယ်။သာမာန်လူတန်းစားတွေကတော့ ကိုယ့်အိမ်မှာပဲအဖြစ်သဘောနဲ့ နှစ်သစ်ကိုကြိုကြတယ်။နှစ်သစ်မှာစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ပါစေလို့ပဲဆုတောင်းမိပါတယ်။
Read moreDetailsဒီဇင်ဘာ ၃၀၊ ၂၀၂၄။ (တနင်္လာ) အတင်းအဓ္ဓမပေါ်တာဆွဲဖမ်းဆီးမှုတွေအကြောင်းသိသလောက်ပြောရရင် စစ်ကောင်စီဟာအသက်၁၈နှစ်မှ၃၅နှစ်ကြားလူငယ်တွေကို စစ်မှုထမ်းဖို့ပြောထားတာကြောင့် စစ်ကောင်စီလက်အောက်ခံလဝကဌာနက တစ်နိုင်ငံလုံးကထိုအသက်အပိုင်းအခြားအတွင်းအကြုံးဝင်တဲ့ လူငယ်စာရင်းကိုစစ်တပ်ကိုပို့ထားတယ်။ထိုစာရင်းတွေထဲကမှလစဥ်တိုင်းမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတွေက ဘယ်သူ့ကိုမှအသိမပေးပဲကိုယ့်သဘောနဲ့ကိုယ်မဲနှိုက်ရွေးချယ်ပြီး မဲပေါက်တဲ့လူငယ်တွေကိုအိမ်တိုင်ရာရောက်လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်။လူငယ်တွေအတွက်ကတော့ ဒီလမဲမပေါက်လဲနောက်လမှာကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲ မဲပေါက်သွားနိုင်ပါတယ်။မဲနှိုက်ရွေးချယ်ခြင်းခံရတဲ့သူဟာ ခရီးသွားလာခွင့်ပိတ်ပင်ခံရတယ်။မရရအောင်ထွက်ပြေးသွားခဲ့ရင်လဲ ကျန်ရစ်တဲ့မိသားစုကိုပြသာနာရှာပါသေးတယ်။ ဒါ့ကြောင့်ပြည်တွင်းကလူငယ်တွေဟာ နည်းမျိုးစုံနဲ့စစ်မှုထမ်ဥပဒေကိုရှောင်တိမ်းဖို့ကြိုးစားနေကြပါတယ်။ငွေကြေးတတ်နိုင်တဲ့သူတွေက...
Read moreDetailsဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ) ရန်ကုန်မှာပေါ်တာဆွဲမှုတွေဟာ အမှန်တကယ်ဖြစ်ပေါ်နေပါပြီ။ရန်ကုန်ကမြို့နယ်အတော်များများမှာ ညပိုင်းပေါ်တာဆွဲနေတဲ့သတင်းတွေကြားနေရတယ်။ပြီးခဲ့တဲ့ရက်ကတင် သာကေတမြို့နယ်မှာညပိုင်းအလုပ်အပြန်လမ်းပေါ်တွင်သွားလာနေသော လူငယ်၃၀ကျော်ဖမ်းဆီးခံရတယ်လို့သိရတယ်။ည၈နာရီလောက်အိမ်စီးကားနဲ့ စစ်သား၊ ရဲတွေက လူလတ်အပိုင်းအမျိူးသားတွေကိုကားပေါ်ကို ဖမ်းပြီးဆွဲတင်သွားတာပါ။လမ်းမကြီးတွေသာမက ရပ်ကွက်တွေထဲကလမ်းတွေ၊မှောင်ရိပ်ကျတဲ့နေရာတွေအထိပါ ဖမ်းဆီးမှုတွေရှိလာတယ်။အချို့နေရာတွေမှာ ညဘက်အိမ်နဲ့မနီးမဝေးလမ်းပေါ်မှာသွားလာနေကြတဲ့ လူငယ်တွေလဲပါသွားတယ်။ဆိုရှယ်မီဒီယာတွေပေါ်မှာလဲ လူပျောက်ကြေငြာတွေဒီရက်ပိုင်းတန်းစီတက်လာတယ်။ပျောက်ဆုံးနေတဲ့သူ အများသူအများစုကလဲလူငယ်တွေပါပဲ။ ပေါ်တာဆွဲဖမ်းဆီးမှုတွေအမှန်တကယ်ဖြစ်ပျက်နေတာကြောင့်...
Read moreDetailsအေအေတပ်တော်ဟာ မနေ့ရခိုင်ပြည်နယ်တောင်ဘက်စွန်းဂွမြို့ကို သိမ်းပိုက်လိုက်ပါပြီ။ဂွမြို့မကျဖို့အသည်းအသန်းခုခံနေကြတဲ့ စစ်သူပုန်တွေကတော့ သံချပ်ကာကားဆယ်စီးလောက်ကို ပစ်ထားခဲ့ပြီးဧရာဝတီတိုင်းထဲ ဆုတ်ခွာထွက်ပြေးသွားကြတယ်။ဂွမြို့ကိုရရှိလိုက်တာကြောင့် ရခိုင်ပြည်နယ်မှာသိမ်းဖို့ကျန်တာဆိုလို့ မြန်အောင်မြို့၊မြို့တော်စစ်တွေနဲ့တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူစတဲ့သုံးမြို့သာကျန်ရှိတော့တဲ့အချိန်မှာ စစ်ကောင်စီနဲ့ဆွေးနွေးဖို့အသင့်ရှိတယ်လို့ အေအေကကြေညာလိုက်ပါတယ်။စစ်ရေးအပြီးမှာ နိုင်ငံရေးနည်းလမ်းနဲ့ကျန်ရှိတဲ့မြို့တွေကရရှိဖို့ အေအေကလေသံပစ်လိုက်တဲ့သဘောပါ။ရေနက်ဆိပ်ကမ်း၊အထူးစီးပွားရေးဇုန်နဲ့တရုတ်ရေနံပိုက်လိုင်းအစပြုရာ တရုတ်အကျိုးစီးပွားတွေအများအပြားရှိနေတဲ့ ကျောက်ဖြူမြို့ကိုစစ်မတိုက်ပဲထိန်းချုပ်နိုင်ဖို့ တရုတ်ကို အေအေကစတင်ကမ်းလှမ်းလိုက်ပါပြီ။တရုတ်နဲ့စစ်ကောင်စီကတော့ ဘယ်လိုတုန့်ပြန်မလဲစောင့်ကြည့်ရပါမယ်။
Read moreDetailsမုံရွာမြို့မှာ လူသတ်ပြီးကားလုပြေးသွားတဲ့ တရားခံတွေကို တော်လှန်ရေးအဖွဲ့တွေက အချိန်တိုအတွင်းဖမ်းဆီးရမိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေဟာ လူငယ်လေးတွေဟာ အသက်၂၀ကျော်လောက်သာ ရှိသေးတယ်။ ဒီအရွယ်နဲ့လူသတ်မှု ကျူးလွန်ရဲတာအံဩစရာပဲ။ ရန်ကုန်နဲ့မန္တလေးက တရားခံတွေကိုတော့ စစ်ကောင်စီကဖမ်းဆီးရမိတယ်လို့ မကြားမိသေးပါဘူး။ မြို့ကြီးတွေမှာ လူသတ်ဓားမြတိုက်ပြန်ပေးဆွဲမှုတွေ ဆက်တိုက်ဆိုသလိုရှိနေပေမယ့် စစ်ကောင်စီကတော့...
Read moreDetailsစစ်အာဏာသိမ်းပြီးနောက် တနေ့တခြား ပေါများလာတဲ့ ဒုစရိုက်မှုတွေဟာ အဆိုးဆုံးအခြေအနေကိုရောက်ရှိလာနေပါပြီ။ ဒီနေ့ဆိုရင် မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီး သုံးမြို့ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့ တို့မှာ တမနက်ထဲ ဓားပြတိုက်လူသတ်ပြန်ပေးစွဲမှု သုံးမှုဖြစ်ခဲ့တယ်။ ရန်ကုန်မြို့မှာ ဗဟန်းမြို့နယ်ရှိအလှကုန်ပစ္စည်းဆိုင်တစ်ဆိုင်ကို နံနက်၈နာရီခန့်တွင် အမျိုးသားတစ်ဦးကဝင်ရောက်လုယက်ပြီး...
Read moreDetailsမြန်မာပြည်အနောက်ပိုင်းစစ်ရေးအခြေအနေကတော့ စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ရခိုင်ပြည်နယ်ဂွမြို့ကို အေအေတပ်တော်ကရရှိခဲ့မယ်ဆိုရင် ရခိုင်ရိုးမကိုကျော်ပြီးပြည်မဘက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့လမ်းကြောင်း အတော်ပွင့်သွားပြီလို့ပြောလို့ရပြီ။အမ်းတောင်ကြားလမ်းမှတဆင့် မကွေးတိုင်းဘက်ကိုဝင်နိုင်သလို တောင်ဂုတ်တောင်ကြားလမ်းမှတဆင့် ပဲခူးတိုင်းအနောက်ခြမ်းကိုလဲ ဝင်ရောက်နိုင်တယ်။ဒါ့အပြင်ဂွမြို့ကတဆင့် ဧရာဝတီတိုင်းထဲကိုလဲဝင်ရောက်နိုင်ပါသေးတယ်။ချင်းပြည်နယ်ဘက်မှာလဲမင်းတပ်မြို့ကို သိမ်းပြီးနောက်နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်းမြောက်ပိုင်းယောနယ်မှာစစ်ဆင်ရေးတွေ ပိုမိုဖော်ဆောင်တော့မယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောထားတယ်။ထိုဒေသတွေဟာအခုအချိန်ထိ စစ်ကောင်စီကောင်းကောင်းထိန်းချုပ်နိုင်တဲ့ဒေသတွေဖြစ်တာကြောင့် စစ်တပ်အင်အားလဲအများအပြားမချထားပါဘူး။ဒါ့ကြောင့်အခုချိန်မှာစစ်တပ်ဟာ နောက်ကျောမလုံဖြစ်နေပါပြီ။ ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ပဲခူးတိုင်းအနောက်ခြမ်းနဲ့မကွေးတိုင်းထဲမှာ...
Read moreDetailsရခိုင်ပြည်နယ်၊ဂွမြို့မှာတိုက်ပွဲတွေ ပြင်းထန်လာတာကြောင့်နယ်မြေချင်းထိစပ်နေတဲ့ ဧရာဝတီတိုင်းမှာစစ်ကောင်စီဟာ အလန့်တကြားစစ်ပြင်လာပါတယ်။ဂွမြို့နဲ့မိုင်အနည်းငယ်သာဝေးတဲ့ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့ကို အင်အားအများအပြားပို့ထားတယ်။ပို့ထားတဲ့အင်အားအများစုက စစ်မှုထမ်းအပတ်စဥ်တွေကလူသစ်တွေပါ။ဧရာဝတီတိုင်းထဲမှာလဲမြို့တော်ပုသိမ်အပါအဝင် နေရာအများစုမှာပေါ်တာဆွဲနေပါတယ်။ဒါ့အပြင် ပုသိမ်မြို့ကိုကုန်တင်ကားတွေအဝင်အထွက်ပိတ်လိုက်တယ်။ရခိုင်ပြည်နယ်ထဲ ကုန်တွေမရောက်အောင်ဧရာဝတီတိုင်းမှာပါ ကုန်စည်စီးဆင်းမှုပိတ်ပင်လိုတဲ့သဘောပါ။ စစ်ရိပ်သန်းလာပေမယ့်ငွေဆောင်၊ချောင်းသာကမ်းခြေတွေမှာတော့ ခရစ်စမတ်ပိတ်ရက်လာရောက်လည်ပတ်မယ့်သူတွေအပြည့်ပဲလို့သိရတယ်။အများစုကတော့ ရန်ကုန်ကပါ။ထိုကမ်းခြေတွေကိုသွားတဲ့လမ်းတွေပေါ်မှာလဲ စစ်ဆေးရေးဂိတ်တွေအများအပြားရှိနေပြီး လုံခြုံရေးတင်းကျပ်ထားတယ်။ကမ်းခြေသွားလည်မယ့်လူငယ်တွေကို ပေါ်တာဆွဲမယ့်သတင်းတွေလဲထွက်နေတယ်။အပျော်အပါးမက်လို့စစ်မှုထမ်းထဲပါသွားရင်တော့ ဘဝဆုံးမှာပဲ။
Read moreDetailsရန်ကုန်မှာစစ်ကောင်စီက စစ်မှုထမ်းပေါ်တာဆွဲနေပြီးဆိုတဲ့သတင်းတွေ ခပ်စိတ်စိတ်ကြားနေရတယ်။ဟိုနေရာမှာလမ်းသွားရင်းဆွဲသွားတယ်၊ဒီနေရာမှာလက်ဖက်ရည်ဆိုင်ထဲ ဝင်ဆွဲသွားတယ်စသဖြင့် သတင်းတွေကတော့အစုံပဲ။တကယ်ဟုတ်မဟုတ်ကတော့ သေချာအတည်ပြုလို့မရသေးပါဘူး။ဘာပဲဖြစ်ဖြစ်လူငယ်တွေ သတိထားတာကောင်းလိမ့်မယ်။ ရန်ကုန်မှာပေါ်တာဆွဲတာကိုတိတိကျကျမသိရသေးပေမယ့် မန္တလေးမှာတော့ဒီတလထဲမှာပဲ လူငယ်၁၅၀ လောက်ပေါ်တာဆွဲခံလိုက်ရပါတယ်။မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ရွာတွေက လူငယ်တွေကိုအဓိကထားဆွဲသွားတာပါ။အရင်ကပေါ်တာဆွဲခံရရင် ငွေနဲ့ပြန်ရွေးလို့ရပေမယ့်အခုတော့ပိုက်ဆံဘယ်လောက်ပေးပေးမရတော့ပါဘူး။နိုင်ငံတဝန်းက တိုက်ပွဲတွေကြောင့်စစ်ကောင်စီဟာ လူအင်အားအငမ်းမရလိုနေတာကြောင့်ပြည်တွင်းမှာရှိတဲ့ လူငယ်တွေအတွက်အတော်အန္တရာယ်ကြီးလာနေပါပြီ။
Read moreDetailsမင်းတပ်မြို့ကိုသိမ်းပြီးနောက်တစ်ရက်မှာပဲ မင်းတပ်အနီးကန်ပက်လက်မြို့ကစစ်သူပုန်တွေထွက်ပြေးသွားတာကြောင့် မြို့ကိုသေနတ်တချက်ဖောက်စရာမလိုပဲ သိမ်းပိုက်နိုင်ခဲ့တယ်။ကန်ပက်လက်ကိုပါ သိမ်းနိုင်ခဲ့တာကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေကင်းစင်သွားပြီဖြစ်ပါတယ်။မင်းတပ်မြို့နဲ့ပြိုင်တူတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့ကိုတော့ ချင်းတော်လှန်ရေးအဖွဲ့တွေ ဆက်လက်တိုက်ခိုက်နေရဆဲပဲ။ချင်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ထန်တလန်နဲ့ဖလမ်းမြို့တို့အပြင် မြို့တော်ဟားခါးနဲ့တီးတိန်တို့သာ သိမ်းစရာကျန်ပါတော့တယ်။နှစ်ဖွဲ့ကွဲနေတဲ့ချင်းတော်လှန်ရေးအဖွဲ့တွေ ညီညွတ်ရင်တော့ချင်းပြည်နယ်ဟာ ပထမဆုံးလွတ်မြောက်တဲ့ဒေသတစ်ခု ဖြစ်လာနိုင်မှာပါ။
Read moreDetailsYou can copy without credits to our site. We Need Freedom.