ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ ဒီတကြိမ်ဟာလက်နက်လူသူအများဆုံးဖမ်းဆီးသိမ်းဆည်းရမိခြင်းလို့ပြောလို့ရတယ်။ မင်းတပ်မြို့ဟာချင်းပြည်နယ်တောင်ပိုင်းနဲ့ မြေပြန့်လွင်ပြင်ဖြစ်တဲ့မကွေး၊စစ်ကိုင်းတိုင်းတို့နဲ့ဆက်သွယ်ရာမှာအဓိကကျတဲ့မြို့ဖြစ်တယ်။တော်လှန်ရေးအစတုန်းကချင်းပြည်နယ်ကို မင်းတပ်မြို့ကတဆင့်ရာချီတဲ့စစ်ယာဥ်တန်းတွေနဲ့စစ်ကောင်စီက အင်အားဖြည့်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တာကို မှတ်မိသေးတယ်။အဲ့ဒီအချိန်ကတည်းကတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်ချင်းပြည်နယ်ကိုစစ်သူပုန်တွေကုန်းလမ်းက စစ်ကူမပို့နိုင်တော့တာကြာနေပါပြီ။အခုမှမင်းတပ်မြို့ကိုသိမ်းနိုင်တာ နောက်တောင်ကျနေပါသေးတယ်။
Read moreDetailsစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို အေအေတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း အေအေတပ်တော်က ဒီနေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ဒုတိုင်းမှုးအဆင့်ဗိုလ်မှုးချုပ်သုံးဦးနဲ့အတူ စစ်သူပုန်အင်အားရာဂဏန်းခန့်လက်နက်ချခဲ့ကြတယ်။လက်နက်ချဖို့ကြိုးပမ်းနေတဲ့အချိန်မှာလဲ စစ်ကောင်စီဟာသူ့တပ်ကို သူဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။နောက်ဆုံးတော့စစ်တပ်ရဲ့စစ်တိုင်းဌာနချုပ်နောက်တစ်ခုဟာ တော်လှန်ရေးအင်အားစုတွေလက်အောက်ကျရောက်ခဲ့ပါပြီ။ ဒါ့အပြင်ရခိုင်ပြည်နယ်တောင်ဘက်စွန်းက ဂွမြို့ကိုလဲအေအေကအပြင်းအထန်ဆက်လက်တိုက်ခိုက်နေတယ်။ဂွမြို့မှာအခြေပြုထားတဲ့တပ်ရင်းနှစ်ခုထဲကတစ်ခုက သိမ်းပိုက်ထားပြီးစစ်ကူလမ်းကြောင်းတွေအားလုံးကိုလဲဖြတ်တောက်ထားတာကြောင့် မကြာခင်မှာပဲမြို့ကိုသိမ်းနိုင်တော့မှာပါ။ရခိုင်ပြည်နယ်မှာအေအေရဲ့ထိုးစစ်ဟာ အတော်အားရစရာကောင်းနေပါတယ်။
Read moreDetailsလားရှိုးကိုတရုတ်အကူအညီနဲ့အလကားပြန်ရဖို့စိတ်ကူးယဥ်နေတဲ့စစ်ကောင်စီဟာ နိုင်ငံတကာမှာလဲခွေးတိုးပေါက်ကလူရာဝင်နိုင်ဖို့ ကြံစည်နေပါတယ်။ထိုင်းနိုင်ငံကကြီးမှုးကျင်းပတဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့တယ်။ထိုဆွေးနွေးပွဲကို မြန်မာ့အိမ်နီးချင်းငါးနိုင်ငံလုံးက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ကြတယ်။စစ်ကောင်စီကတော့လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအကြောင်းအဓိကထားပြောခဲ့တယ်လို့သိရတယ်။ထိုင်းနိုင်ငံဟာပြီးခဲ့တဲ့နှစ်ကလဲ စစ်ကောင်စီလူရာသွင်းလိုတဲ့အနေနဲ့ဒီလိုဆွေးနွေးပွဲမျိုး ကြီးမှုးကျင်းပခဲ့သေးတယ်။ဒါပေမယ့်ထူးခြားမှုတစ်စုံတစ်ရာရှိမလာခဲ့ပါဘူး။အခုလဲစစ်ကောင်စီကို လူရာသွင်းဖို့ကြိုးပမ်းလာပြန်ပါပြီ။ တကယ်တော့တရုတ်အပါအဝင် အာဆီယံနိုင်ငံအတော်များများနဲ့အိမ်နီးချင်းနိုင်ငံတွေဟာ စစ်ကောင်စီကိုအသိအမှတ်ပြုချင်နေပါပြီ။ဘယ်ကိစ္စမဆိုမြန်မာပြည်နဲ့အလုပ်တွဲလုပ်လို့ မရတာလေးနှစ်ခန့်ရှိပြီလေ။ဒါပေမယ့်စစ်ကောင်စီကလဲ ကမ်းကုန်အောင်ပြည်သူကိုအကြမ်းဖက်နေတော့ အသိအမှတ်ပြုမရဖြစ်နေတယ်။ဒါ့ကြောင့်ဂယ်ပေါက်အနေနဲ့စစ်ကောင်စီပြုလုပ်မယ်ဆိုတဲ့ အတုအယောင်ရွေးကောက်ပွဲကိုစောင့်ဆိုင်းနေကြတယ်။ထိုရွေးကောက်ပွဲသာတကယ်ဖြစ်လာခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေအားလုံးစစ်ကောင်စီကို တရားဝင်လူရာသွင်းလို့ရပြီလေ။
Read moreDetailsမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ကိုးကန့်အဖွဲ့MNDAAနဲ့စစ်ကောင်စီတို့ တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ကြတယ်။တရုတ်ရဲ့စီစဥ်ပေးမှုနဲ့ တွေ့ဆုံကြတာဖြစ်တယ်။ဒါပေမယ့်၂ရက်ကြာ တွေ့ဆုံမှုအပြီးမှာတော့ဘာအဖြေမှမထွက်ပဲ ပြီးဆုံးသွားခဲ့တယ်။စစ်ကောင်စီကလားရှိုးကို အတင်းပြန်တောင်းခဲ့ပြီးMNDAAကတော့လားရှိုးကို သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကိုထည့်ဖို့ တောင်းဆိုခဲ့တယ်။နှစ်ဖက်လုံးကဆန့်ကျင်ဖက်တွေချည်း တောင်းဆိုနေတာကြောင့် ဘာရလဒ်မှထွက်လာမှာမဟုတ်ပါဘူး။လာမယ့်ဇန်နဝါရီလလယ်မှာ နောက်တကြိမ်တွေ့ဆုံကြဦးမယ်လို့သိရတယ်။ MNDAAကတော့တရုတ်ဖိအားကြောင့်စစ်ကောင်စီနဲ့ ဆွေးနွေးပွဲစကားဝိုင်းကိုတက်ရောက်နေရတာဖြစ်ပြီး စစ်ရေးအရတော့အလျော့ပေးမယ့်ပုံံမပေါ်သေးပါဘူး။နှစ်ဖက်လုံးက လဲရန်စောင်နေတာကြောင့်ဒီအချိန်မှာဘယ်လောက်ပဲဆွေးနွေးညှိနှိုင်းပါစေ ဘာအဖြေမှထွက်လာမှာမဟုတ်ဘူး။တရုတ်ရဲ့ရည်ရွယ်ချက်တွေလဲ အောင်မြင်မယ့်ပုံမပေါ်သေးပါဘူး။
Read moreDetailsရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။ စဈတပျရဲ့တိုငျးဌာနခြုပျကွီးနောကျတဈခုဟာတောျလှနျရေးတပျဖှဲ့တှအေောကျမကွာမီရောကျရှိတော့မှာပါ။မွို့ရဲ့နရောအမြားစုကိုနဲ့ရခိုငျရိုးမပေါျကလမျးကွောငျးတှကေိုအအေကေထိနျးခြုပျထားတဲ့အတှကျစဈကောငျစီဟာအမျးမွို့ကိုကုနျးကွောငျးကရောလကွေောငျးကပါစဈကူပေးဖို့မဖွဈနိုငျတော့ပါဘူး။အသကျဆကျနိုငျဖို့လကွေောငျးကနခေပြေးတဲ့ခဲယမျးရိက်ခါတှဟောလဲအအေလေကျထဲကိုသာရောကျရှိနတေယျ။နပခဝနျးထဲကစဈသူပုနျတှအေတှကျလုံးဝမြှောျလငျ့ခကြျကငျးမဲ့နပေါပွီ။မသခေငြျရငျလကျနကျအဖမျးခံဖို့ပဲရှိပါတော့တယျ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသာ လက်လွတ်ရရင်စစ်ကောင်စီအနေနဲ့လေးလအတွင်းဒုတိယမြောက်တိုင်းစစ်ဌာနချုပ်တစ်ခုကို ဆုံးရှုံးရမှုအဖြစ်မှတ်တမ်းဝင်သွားမယ်။၂၀၂၄ခုနှစ်ဟာတော်လှန်ရေးအင်အားစုတွေအတွက်အပိတ်လှသွားမှာပါ။
Read moreDetailsမြန်မာ့စီးပွားရေး ဆက်လက်ကျဆင်းနေဦးမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ GDPဟာ ဒီနှစ်ထဲမှာ ၁ ရာခိုင်နှုန်းတက်မယ်လို့ ကနဦးခန့်မှန်းခဲ့ပေမယ့် လက်တွေ့မှာ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုတယ်။ ပြည်တွင်းစစ်ဖြစ်နေတာကြောင့် စီးပွားရေး တိုးတက်မှုနှုန်းဟာ ဆက်လက်ပြီး ဆုတ်ယုတ် ကျဆင်းနေဦးမှာပါ။...
Read moreDetailsမြန်မာပြည်ရဲ့ လျပ်စစ်ဓာတ်အားပြတ်တောက်မှု အခြေအနေက ဆောင်းရာသီအဝင်ဒီဇင်ဘာလမှာပဲ အတော်အခြေအနေဆိုးနေပါပြီ။ ရန်ကုန်က မြို့နယ်အတော်များများမှာ ညကိုးနာရီမှ ၁၁နာရီအထိမီးပျက်ချိန် တစ်ချိန်ထပ်တိုးသွားပြီ။ မနှစ်ကထိုအချိန်ကို နွေရာသီအပူဆုံးအချိန်ဖြစ်တဲ့ ဧပြီလနောက်ပိုင်းမှသာ မီးဖျက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ စောစောစီးစီးမီးတွေဖျက်နေပြီ။ လျှပ်စစ်မီးက လာချိန်တွေမှာလဲ ပုံမှန်မလာပါဘူး။ လာချိန်လည်း...
Read moreDetailsစစ်ကောင်စီဟာ မေလကတည်းက အတင်းအဓ္ဓမစစ်သားစုဆောင်းလာတာ အခုဆိုရင်အပတ်စဥ်၈ကို ရောက်ရှိလာပါပြီ။ စစ်မှုထမ်း အပတ်စဉ် ၈ ရောက်လာတော့ လိုအပ်သော တပ် သားသစ်အရေအတွက် ရရှိခြင်းမရှိသဖြင့် ယခု ဒီဇင်ဘာလလယ်အထိ စစ်မှု ထမ်း သင်တန်း မစတင်နိုင်သေးဘူးလို့ သိရှိတယ်။...
Read moreDetailsရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက ငြိမ်သက်သွားခဲ့တယ်။ဒါ့ပေမယ့်အခုဒီဇင်ဘာလလယ်ထိတိုင်အောင် ကချင်၊ကယား၊ကရင်၊ချင်းနဲ့ရခိုင်ပြည်နယ်တွေမှာတော်လှန်စစ်တွေ ဆက်တိုက်ရှိနေတာကိုတွေ့ရတယ်။ဒါကိုကြည့်ချင်းအားဖြင့် စစ်ကောင်စီတပ်တွေဟာတနိုင်ငံလုံးမှာစစ်မျက်နှာအနည်းဆုံး ငါးခုခန့်တပြိုင်နက်ရင်ဆိုင်နေရဆဲလို့ပြောနိုင်ပါတယ်။တော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်တပ်ကို နလန်ပြန်မထူနိုင်အောင်အလုပ်ပေးထားနိုင်ဆဲပါ။ ဒါ့ပေမယ့်ဒီအခင်းအကျင်းမှာ တစ်ခုသတိထားမိတာကတိုက်ပွဲတွေဟာ ပြည်နယ်တွေမှာသာပြင်းထန်နေပြီးပြည်မဒေသတွေဖြစ်တဲ့တိုင်းတွေမှာ ငြိမ်သက်နေတုန်းပါပဲ။တော်လှန်ရေးအောင်မြင်ဖို့မြန်မာပြည်အလယ်ပိုင်းနဲ့စစ်ကိုင်း၊မကွေး၊ပဲခူးစတဲ့တိုင်းတွေမှာ စစ်ဆင်ရေးကြီးတွေဖော်ဆောင်နိုင်ဖို့လိုပါတယ်။ထိုဒေသတွေမှာEAOတွေမရှိပဲ NUGလက်အောက်ခံတပ်တွေအခြေစိုက်ထားတယ်။တော်လှန်ရေးဟာပြည်နယ်တွေအားလုံး သိမ်းနိုင်ရင်တောင် အောင်မြင်ဦးမှာမဟုတ်သေးပဲတိုင်းဒေသကြီးတွေကို အတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်မှ...
Read moreDetailsစစ်ရေးလှုပ်ရှားမှုတွေမရှိသလောက်ငြိမ်သက်သွားတဲ့ ကရင်ပြည်နယ်မှာလဲဒီလထဲမှာတော်လှန်စစ်တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာပါတယ်။မြို့သိမ်းတိုက်ပွဲတွေတော့ မရှိသေးပေမယ့်KNUကစခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်နေတယ်။ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီစခန်းသုံးထပ်မနည်းကိုဆက်တိုက်ဆိုသလို သိမ်းပိုက်ထားတယ်။အောင်ဇေယျစစ်ကြောင်းတည်ရှိရာ အာရှလမ်းမကြီးနဲ့ဒေါနတောင်ပေါ်မှာလဲ နှစ်ဘက်တိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေပါတယ်။အောင်ဇေယျစစ်ကြောင်းဟာ ရှေ့မတိုးနိုင်သေးပေမယ့်သူတို့ပြန်လည်သိမ်းပိုက်ထားတဲ့ ကော့ကရိတ်မြို့ကနေစစ်ကူတွေဆက်တိုက်ပို့နေပါတယ်။ ကရင်နီပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာမိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားထောင်ကျော်စစ်ကြောင်းထိုးနေတာ တစ်လခန့်ရှိနေပါပြီ။ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ အသည်းအသန်ခုခံနေရပါတယ်။ကရင်နီကနေရာအများစုကို စစ်ကောင်စီပြန်လည်မထိန်းချုပ်သွားနိုင်ရေးမှာ တော်လှန်ရေးအဖွဲ့တွေအဓိကလိုအပ်နေတာက ခဲယမ်းဖြစ်ပါတယ်။အရင်လိုရှမ်းမြောက်EAOတွေဆီကလမ်းကြောင်းအခြေအနေအရ သိပ်မရတော့လို့ရှိတာလေးနဲ့...
Read moreDetailsYou can copy without credits to our site. We Need Freedom.