အာဏာသိမ်း ဒိုင်ယာရီ

ဇန်နဝါရီ ၃၁၊ ၂၀၂၅။ (သောကြာ)

စစ်မှုထမ်းနည်းဥပဒေထွက်လာပြီးတစ်ပတ်အကြာမှာပဲအသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းရှိတဲ့လူငယ်တွေကိုရန်ကုန်နဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များမှထွက်ခွာခွင့်ပိတ်ပင်လိုက်ပါပြီ။အရင်ကအလည်အပတ်ပတ်စပို့နဲ့ထွက်ခွာခွင့်တွေကိုပိတ်ပင်ထားခဲ့ပြီးအခုအလုပ်အကိုင်ပတ်စပို့စ်နဲ့ထွက်ခွာမယ့်သူတွေကိုပါပိတ်ပင်လိုက်လိုက်တာပါ။ နိုင်ငံခြားကိုအေဂျင်စီတွေနဲ့တဆင့်အလုပ်သွားလုပ်မယ့်သူတွေကိုစစ်ကောင်စီလက်အောက်ခံအလုပ်သမားဌာနကထုတ်ပေးနေတဲ့အလုပ်သမားတွေကိုမနက်ဖြန်ကစပြီးမထုတ်ပေးတော့ပါဘူး။ထိုကဒ်မပါရင်လေဆိပ်တွေကတဆင့်ထွက်ခွာခွင့်ရှိတော့မှာမဟုတ်ဘူး။ဒါ့ကြောင့်စစ်ကောင်စီဟာစစ်မှုထမ်းအသက်အရွယ်အတွင်းအကျုံးဝင်နေတဲ့လူငယ်တွေအားလုံးပြည်ပထွက်ခွင့်ပိတ်လိုက်တဲ့သဘောပါပဲ။လူငယ်တွေအားလုံးပြည်တွင်းမှာ​ပဲနေထိုင်ကာစစ်တပ်ကလာခေါ်တာကိုထိုင်စောင့်နေရတော့မယ့်အခြေအနေတွေဖြစ်လာပါပြီ။

Read moreDetails

ဇန်နဝါရီ ၃၀၊ ၂၀၂၅။ (ကြာသပတေး)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ - ဆီမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ကျေးရွာကို ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ်ခဲ့ပါတယ်။ ထိုကျေးရွာက ပြည်သူ့ ကာကွယ်ရေး အဖွဲ့ - ပကဖ...

Read moreDetails

ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက် လောက်သာစည်ကားတာပါ။ ဒါပေမယ့်ဒီနေ့မှာတော့လားရှိုးနဲ့ပတ်သက်တဲ့ သတင်းတပုဒ်ထွက်လာတယ်။လားရှိုးမြို့ကနေMNDAAက အသုတ်လိုက်ဆုတ်ခွာမှာဖြစ်ပြီးလာမယ့် ဇွန်လနောက်ဆုံးထားဆုတ်ခွာမယ်လို့ တရုတ်ကိုယ်စားလှယ်တဦးရှမ်းမြောက်ကတရုတ်နှစ်ကူးပွဲတစ်ခုမှာပြောသွားတယ်။မြေပြင်သတင်းတွေအရလဲ လားရှိုးမှပြန်ဆုတ်ခွာပေးရမှာသေချာသလောက်ရှိတယ်။လက်ရှိမှာတော့လားရှိုးမြို့ကို MNDAAကစီမံအုပ်ချုပ်နေပါတယ်။

Read moreDetails

ဇန်နဝါရီ ၂၈၊ ၂၀၂၅။ (အင်္ဂါ)

စစ်မှုထမ်းဖို့အတွက်အမျိုးသမီးတွေကို ရန်ကုန်ကမြို့နယ်တစ်ချို့မှာစတင်စာရင်း​ကောက်ခံနေပါပြီ။မိန်းကလေးတွေဆိုတာ ယောကျ်ားလေးတွေလိုကြုံရာကို ပြေးဖို့အဆင်မ​ပြေတာကြောင့် မိဘတွေလဲအတော်စိတ်သောကများနေကြရတယ်။အခုမှစတင်စာရင်းကောက်နေတုန်းဆိုပေမယ့်နောက်သုံးလအတွင်းအမှန်တကယ်ခေါ်ယူမှုတွေရှိလာနိုင်ပါတယ်။ ဒါ့အပြင်ရန်ကုန်စက်မှုဇုန်တွေ၊စက်ရုံတွေက အလုပ်သမားစာရင်းတွေကိုပါ စစ်ကောင်စီကကောက်​ခံ​နေပါတယ်။ထိုအလုပ်သမားတွေဟာအခြေခံလူတန်းစားတွေဖြစ်တာကြောင့် ဘယ်ကိုမှပြေးဖို့မလွယ်ပါဘူး။ဒါကိုသိလို့စစ်ကောင်စီဟာထိုအလုပ်သမားစာရင်းတွေတောင်းနေတာဖြစ်တယ်။ ဒီရက်ပိုင်းပြည်သူတွေကြားမှာ စစ်မှုထမ်းဥပဒေအကြောင်းပဲ​ပြောနေကြတယ်။ဒီကိစ္စဟာအားလုံးနဲ့သက်ဆိုင်နေတဲ့အတွက် ကိုယ်စီလွတ်လမ်းရှာဖို့ကြိုးစားနေရတယ်။ကိုယ့်နိုင်ငံမှာနေတာတောင်ကောင်းကောင်းမနေနိုင်ပဲ အခြားနိုင်ငံတွေကိုထွက်ပြေးရမယ့် ဘဝတွေဖြစ်ကုန်ကြပြီ။

Read moreDetails

ဇန်နဝါရီ ၂၇၊ ၂၀၂၅။ (တနင်္လာ)

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာမြို့မှာ စစ်အုပ်စုက တွေ့သမျှလူကို ပေါ်တာဆွဲ ဖမ်းဆီးကာ အသေခံ စစ်သားသစ်အဖြစ် စုဆောင်းနေလို့ ပြည်သူတွေ အိမ်အပြင်ထွက် သွားလာတာတွေ မလုပ်ဝံ့တော့ဘဲ စျေးတွေလည်း ပိတ်ထားရတယ်။ စစ်အုပ်စုဟာ ဇန်နဝါရီလ ၂၅ ရက်က စလို့...

Read moreDetails

ဇန်နဝါရီ ၂၆၊ ၂၀၂၅။ (တနင်္ဂနွေ)

ဇန်နဝါရီ ၂၆၊ ၂၀၂၅။ (တနင်္ဂနွေ) အတင်းအဓ္ဓမစစ်မှုထမ်းဥပဒေ ပြဌာန်းပြီးတစ်နှစ်ခန့်အကြာမှာနည်းဥပဒေပေါ်ထွက်လာပါပြီ။ထိုနည်းဥပဒေထဲမှာတော့ စစ်မှုထမ်းခေါ်ယူမှုအတွက်အသေးစိတ်ဖော်ပြထားတယ်။အချက်အတော်များများမှာတော့လူငယ်တွေကို လွတ်လမ်းမရှိအောင်ပိတ်ဖမ်းထားတယ်။ စစ်မှုထမ်းဖို့ခေါ်တဲ့အချိန်ထွက်ပြေးရင်ထောင်၃နှစ်ကျမှာဖြစ်ပြီး ထောင်ကလွတ်လာရင်လဲစစ်မှုထမ်းရမှာပါ။ပြည်ပထွက်ပြေးမယ့်လူငယ်တွေကိုလဲ အလွတ်မပေးတော့ပါဘူး။အသက်၁၈နှစ်မှ၃၅နှစ်အတွင်းလူငယ်တွေ ပြည်ပထွက်ချင်ရင်စစ်ကောင်စီရဲ့ခွင့်ပြုချက်ရမှ ထွက်လို့ရတော့မှာပါ။လက်ရှိပြည်ပမှာရောက်နေတဲ့လူငယ်တွေလဲ ပတ်စပို့စ်သက်တမ်းတိုးချင်ရင်စစ်ကောင်စီရဲ့ခွင့်ပြုချက်လိုလာပါပြီ။စစ်မှုမထမ်းချင်လို့ ပြည်ပရောက်နေလဲစစ်ကောင်စီဆင့်ခေါ်ရင် ပြည်တွင်းပြန်လာပြီးစစ်မှုထမ်းရမှာပါ။မဟုတ်ရင်ပတ်စပို့ သက်တမ်းတိုးမပေးတော့ပါဘူး။ဒါ့အပြင်အမျိုးသမီးစစ်မှုထမ်းတွေကို ခေါ်ယူတော့မယ်လို့သိရတယ်။မိန်းကလေးတွေပါ အလွတ်မပေးတော့ပါဘူး။မြန်မာပြည်ကလူငယ်တွေအတွက်တော့ ထိုနည်းဥပဒေဟာအိပ်မက်ဆိုးတစ်ခုပါပဲ။ဘယ်လိုပြေးပြေးမလွတ်နိုင်တော့တဲ့...

Read moreDetails

ဇန်နဝါရီ ၂၅၊ ၂၀၂၅။ (စနေ)

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်က စစ်ကောင်စီတပ်ရဲ့သုံ့ပန်းတွေ ဖမ်းဆီးထိမ်းသိမ်းထားတဲ့နေရာကို စစ်တပ်ကပဲဗုံးကြဲသွားလို့စစ်သုံ့ပန်း၃၀ကျော် သေဆုံးသွားပါတယ်။မှားယွင်းမှုမဟုတ်ပဲ တမင်ကိုဗုံးကြဲသွားခြင်းပါ။ထိုစစ်သုံ့ပန်းတွေဟာ အေအေကမကြာမီလွတ်ပေးဖို့ စီစဥ်ထားတဲ့သူတွေဖြစ်တယ်။အလားတူဖြစ်စဥ်မျိုးပြီးခဲ့လတွေက ရခိုင်ပြည်နယ်ပေါက်တောမြို့မှာ ဖြစ်ပွားခဲ့သေးတယ်။စစ်ကောင်စီဟာရန်သူ့လက်ထဲရောက်နေတဲ့ ကိုယ့်လူတွေကိုကယ်တင်ဖို့မကြိုးစားပဲ လူမဆန်စွာရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေတာပါ။ထိုကဲ့သို့အဖွဲ့အစည်းမျိုးအတွက် အသက်ပေးပြီးတိုက်နေတဲ့စစ်သူပုန်တွေကိုလဲ အံ့သြမိတယ်။ စစ်ကိုင်းထဲမှာလဲNUGကရုံးထိုင်မယ်လို့ပြောပြီးနောက်မှာ ခမ်းပတ်နဲ့မော်လူးမြို့တို့ကို​ဗုံးကြဲခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်။စစ်ကောင်စီဟာသတင်းအတိအကျရလို့မဟုတ်ပဲ သူတို့ထင်တဲ့နေရာတွေလေကြောင်းက တိုက်ခိုက်သွားတာပါ။NUGကဘယ်​ရောက်နေမှန်းတောင် မသိသေးပဲ...

Read moreDetails

ဇန်နဝါရီ ၂၄၊ ၂၀၂၅။ (သောကြာ)

မန္တလေးမြို့မှာ စစ်အုပ်စုက လူငယ်လူရွယ်တွေကို ထင်တိုင်းကျဲ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး စစ်သင်တန်း ပေးကာ အသေခံ စစ်သား အဖြစ် တိုက်ပွဲဖြစ်ပွားရာ နေရာတွေဆီ ပို့လွှတ်နေပါတယ်။ စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲတာ၊ ဧည့်စာရင်းစစ်ရင်း ပေးတာဆွဲတာ၊ လက်ဖက်ရည်ဆိုင်နဲ့...

Read moreDetails

ဇန်နဝါရီ ၂၃၊ ၂၀၂၅။ (ကြာသပတေး)

တရုတ်သရုပ်ဆောင်တစ်ဦးကရင်ပြည်နယ်က ကျားဖြန့်လုပ်ငန်းထဲလိမ်လည်ခေါ်ဆောင်ခံရတဲ့အဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာတိုင်းသိပြည်သိဖြစ်သွားပြီးနောက် တရုတ်အစိုးရကဇင်ယော်စစ်ဆင်ရေးနဲ့ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို အရေးယူမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုကျားဖြန့်အရှုပ်မှာစစ်ကောင်စီရော ထိုင်းနိုင်ငံရောစောချစ်သူရဲ့BGFတပ်တွေပါ ပါဝင်ပတ်သက်နေပါတယ်။လက်ရှိအချိန်မှာတော့သူတို့မသိပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ အားလုံးကငြင်းဆိုထားကြတယ်။ တရုတ်ကစစ်ဆင်ရေးတစ်ခုနဲ့အရေးယူမယ်ဆိုတာကလဲ ထူးဆန်းနေတယ်။ထိုဒေသမှာတရုတ်သြဇာခံတပ်မရှိပါဘူး။ဘယ်အဖွဲ့အစည်းကို အသုံးချမလဲမပြောတတ်ဘူး။ကျားဖြန့်အရေးအကြောင်းပြုပြီးကရင်ပြည်နယ်မှာ အပြောင်းအလဲတစ်ခုဖြစ်ပေါ်လာမှာလား။

Read moreDetails

ဇန်နဝါရီ ၂၂၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ဧရာဝတီတိုင်းရဲ့နာမည်ကျော်ကမ်းခြေနှစ်ခုဖြစ်တဲ့ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေမှာတိုက်ပွဲတွေ နီးကပ်လာတာကြောင့်အပန်းဖြေသူတွေမရှိသလောက် ဖြစ်သွားပြီ။ဒီအချိန်ဟာ လာရောက်လည်ပတ်သူအများအပြားရှိလေ့ရှိတဲ့ကာလဖြစ်ပေမယ့် အခုတော့ထိုကမ်းခြေတွေက ဟိုတယ်တွေလဲပိတ်ကုန်ကြပြီ။ပြီ။ ဒေသခံတွေကတော့အထုတ်ပြင်နေကြပါပြီ။တချို့လဲပုသိမ်မြို့ဘက်ကို ရွေ့ပြောင်းသွားကြတယ်။ရွေ့ပြောင်းသူတွေများလာတာကြောင့် ပုသိမ်မြို့ပေါ်မှာအိမ်ငှားခတွေစျေးတက်ကုန်တယ်။ရခိုင်ပြည်နယ်ကနာမည်ကျော်ငပလီကမ်းခြေဟာလဲ အေအေလက်အောက်ရောက်သွားတာကြောင့်ထိုကမ်းခြေနှစ်ခုသာ ပိတ်လိုက်ရရင်မြန်မာပြည်မှာလည်ပတ်စရာကမ်းခြေဒေသ မရှိသလောက်ဖြစ်သွားမှာပါ။ဘေးရန်ကင်းစွာလည်ပတ်နိုင်တဲ့ဒေသတွေဟာ တနိုင်ငံလုံးမှာတဖြည်းဖြည်းနဲ့နည်းလာပါပြီ။

Read moreDetails
Page 27 of 178 1 26 27 28 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist