အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာပြည်ကို ပါးပါးလှီးဖို့ကြံစည်နေပါတယ်။အိန္ဒိယဟာမြန်မာ့နယ်မြေအချို့ကို သူ့နိုင်ငံထဲသွတ်သွင်းဖို့ကြံစည်နေချိန်မှာပဲ တရုတ်ကရှမ်းမြောက်မှာ ခြေတစ်လှမ်းလှမ်းထားပြီးပါပြီ။MNDAAဟာ တရုတ်ရဲ့မွေးစားသားEAO ဖြစ်တဲ့အတွက်လားရှိုးအထိ တရုတ်အပိုင်သဘောမျိုးဖြစ်သွားတယ်။ထိုင်းနိုင်ငံကလဲ ဒီအတိုင်းမနေပါဘူး။မြန်မာပြည်ကထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေရဲ့လုပ်အားနဲ့ သူ့စီးပွားရေးကို တည်ဆောက်နေပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဟာ ဘယ်နိုင်ငံမှ ကိုယ့်အပေါ်မကောင်းကြပါဘူး။တိုင်းပြည်အင်အားနည်းနေချိန်မှာ အချုပ်အခြာအာဏာကို ထိပါးဖို့နည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်။ဒါတွေအကုန်လုံးဟာ စစ်တပ်ရဲ့မိုက်မဲမှုတွေကြောင့်ပါပဲ။တိုးတက်ဖွံ့ဖြိုးနေတဲ့နိုင်ငံကို အာဏာသိမ်းပြီးအောက်ဆုံးထိဆွဲချလိုက်တာကြောင့် တိုင်းပြည်ဟာ အဖက်ဖက်မှာ အတော်အင်အားနည်းနေပါပြီ။