TLNAသိမ်းပိုက်ထားတဲ့ ပတ္တမြားမြေမိုးကုတ်မြို့မှာ ကျောက်မျက်ရတနာတွေအကြီးအကျယ် တူးဖော်နေပါတယ်။TLNAကမြို့ကိုသိမ်းပိုက်ပြီးနောက် ကျောက်တွင်းအကြီးစားတွေတွေကို လက်ဝါးကြီးအုပ်ထားပြီးမြို့ခံကျောက်တူးသူတွေကိုတော့ အထွက်နည်းတဲ့ကျောက်တွင်းတွေကိုသာ တူးဖော်ခွင့်ပေးထားတယ်။ဒါ့အပြင်ထွက်လာတဲ့ ကျောက်အတွက်အခွန်ကိုလဲ အများအပြားကောက်ခံသေးတယ်။ဒါ့အပြင်အခြားအခွန်အခတွေပါ ပေးနေရတာကြောင့်ဒေသခံတွေ အခက်တွေ့နေတယ်။လက်ရှိအချိန်မှာတော့မြို့ခံတွေဟာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာနေတယ်။ကုန်စည်စီးဆင်းမှုကိုလဲစစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ကုန်စျေးနှုန်းတွေအဆမတန်ကြီးမြင့်နေချိန်မှာ TLNAလုပ်ရပ်တွေဟာ ပြည်သူတွေဆီကငွေညစ်သလိုဖြစ်နေတယ်။