မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တမြို့နယ်လုံးက လူငယ်လူရွယ်တွေကို မဲနှိုက်ရွေးချယ်ကာ အပါတ်စဉ် ၁၂ အတွက် စစ်သားသစ် စုဆောင်းမှာဖို့ဓမ္မာရုံနဲ့ သတ်မှတ် နေရာတွေမှာ မပျက်မကွက် မဲလာနှိုက်ကြဖို့ စစ်အုပ်စုက မြို့နှံ့ လော်စပီကာနဲ့ လိုက်အော်နေပါတယ်။ စစ်သားသစ် စုဆောင်းခံရမယ့် အသက်အရွယ် အကျုံးဝင်တဲ့ လူငယ်တိုင်း ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ်စား မဲလာနှိုက်နိုင်ပြီး အဲ့ဒီလို လာရောက်ခြင်းမရှိပါက စစ်အုပ်စုက မျက်ကွယ်မဲနှိုက်ကာ ရွေးချယ်မှာလို့ပြောသွားတယ်။ ရပ်ကွက်ထဲက အိမ်တွေကိုလဲ မဲလာနှိုက်ဖို့ စာရွက်လည်း လာပေးသွားပြီ။ မိုက်နဲ့လည်း လိုက်အော်နေတယ်။ တစ်ရပ်ကွက်လုံး လူငယ်ရှိတဲ့ အိမ်တိုင်း မဲနှိုက်ရမှာ ဖြစ်တယ်။ မဲကျသူတွေကို ခံဝန်ထိုးခိုင်းပြီးနောက် ရှောင်တိမ်းသွားပါက မိသားစုကို ဖမ်းဆီးတာ၊ မိသားစုလိုက် တိမ်းရှောင်ပါက နေအိမ် ချိတ်ပိတ်တာတွေ လုပ်ဆောင်မယ်လို့လည်း စစ်အုပ်စုက ခြိမ်းခြောက် ထားတယ်။ စစ်အုပ်စုဟာ ငွေပေးနိုင်သူတွေကို စစ်သားသစ် မစုသေးဘဲ ရပ်ကွက်အလိုက် သတ်မှတ်အရေအတွက် ပြည့်မီအောင် ပေါ်တာဆွဲ စစ်သားသစ် စုခဲ့ရာက လက်ရှိမှာ ပေါ်တင် စစ်သားသစ် စုဆောင်းလာတာ ဖြစ်တယ်။ ဒီကိစ္စကြောင့် မဟာအောင်မြေမြို့နယ်ထဲမှာလဲ အတော်ပွက်လောရိုက်နေကြတယ်။ ဘာတွေဆက်ဖြစ်လာမလဲ မသိဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


