စစ်ကောင်စီကပြည်ပအလုပ်သမားစေလွတ်မှုကို အကန့်အသတ်နဲ့ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ဒါပေမယ့် တလကို တစ်ရာခန့်သာခွင့်ပြုမယ်ဆိုတော့ အတော်ကန့်သတ်လိုက်တဲ့သဘောပါပဲ။ပြည်ပကိုအခြေခံလုပ်သားတွေလုံးဝသွားခွင့်မရှိတော့ပဲ သူတို့ခွင့်ပြုသလောက်သာ သွားခွင့်ရှိတော့မှာပါ။လက်ရှိပြည်ပရောက်နေတဲ့ အလုပ်သမားတွေဆီကလဲ အခွန်ငွေလိုချင်သလောက်မရတဲ့အတွက် အခုလိုကန့်သတ်လိုက်တာဖြစ်တယ်။လေဆိပ်တွေကနေသွားခွင့်မရတော့သလို နယ်စပ်ဂိတ်တွေမှာလဲပိတ်ပင်ထားတာကြောင့် တရားဝင်နည်းလမ်းနဲ့လူငယ်တွေပြည်ပထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်သလောက်ဖြစ်သွားပါပြီ။ပျက်စီးနေတဲ့နိုင်ငံအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့စစ်တပ်ထဲမရောက်သွားအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားရှောင်တိမ်းကြရတော့မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


