မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့ ပြောလို့ရတဲ့မန္တလေးမှာ ဘယ်တုန်းကနဲ့မှမတူအောင် ခြောက်ကပ်ခဲ့ပါတယ်။မန္တလေးမှ မဟုတ်တနိုင်ငံလုံး ထိုနည်းလည်းကောင်းပဲ။ဒီနှစ်သင်္ကြန်ကတော့ ၂၀၂၀ကိုဗစ်ကာလနောက်ပိုင်း စည်ကားမှုအနည်းဆုံးသင်္ကြန်ဖြစ်လာခဲ့တယ်။
Read moreDetailsငလျင်ဘေးကြောင့် သေဆုံးသူအရေအတွက်ဟာ လေးထောင်နီးပါးရှိလာပါပြီ။အနည်းဆုံးတစ်သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အဲ့ဒီလောက်ဖြစ်မလာတာကံကောင်းတယ်လို့ပြောရမယ်။အသက်ရှင်ကျန်ရစ်တဲ့သူတွေမှာလဲ ဒုက္ခတွေတပွေ့တပိုက်နဲ့ပါ။ငလျင်ကြောင့် စားစရာနေစရာမရှိအောင် ဖြစ်သွားချိန်မှာအုတ်ပုံဖြစ်သွားတဲ့ ကိုယ့်အိမ်နေရာကို ရှင်းလင်းဖို့တောင်သိန်း၁၅၀ကနေငါးရာခန့်အထိစျေးပေါက်နေပါတယ်။အိမ်ပြန်ဆောက်ဖို့ ထပ်အပျက်အစီးတွေရှင်းလင်းဖို့တောင် သိန်းရာဂဏန်းအနည်းဆုံးကုန်ကျမှာပါ။တကယ်ဆိုရင် အပျက်အစီးတွေရှင်းလင်းဖို့ အလုပ်ကိုအစိုးရက လုပ်ပေးရမှာဖြစ်ပေ မယ့်စစ်ကောင်စီကအခုထိ ဘာမှမလုပ်ပေးပါဘူး။ ဒါ့အပြင် နောက်ဆက်တွဲငလျင်တွေကလဲ ငလျင်ကြောတလျောက်လုံးမှာရှိတဲ့...
Read moreDetailsစစ်ကောင်စီဟာ သင်္ကြန်တွင်းလဲမရှောင် အညာဒေသအနှံအပြားကို ဗုံးကြဲတိုက်ခိုက်နေပါတယ်။ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက ကြက်ခတ်ကျေးရွာဘုန်းကြီးကျောင်းမှာ အခါတွင်းကာလ တရားပွဲလုပ်နေချိန် ဗုံးကြဲချခဲ့လို့ ကိုရင်သုံးပါး အပါအဝင် ငါးဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ရှိခဲ့တယ်။ အလားတူပဲ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ဝန်းသို၊ ကနီ၊...
Read moreDetails၂၀၂၅ခုနှစ်ရဲ့သင်္ကြန်ချိန်ခါ ကျရောက်လို့လာပြန်ပါပြီ။သင်္ကြန်မတိုင်ခင်ထဲကရွာနေတဲ့ မိုးဟာ ဒီနေ့သင်္ကြန်အကြိုနေ့ထိ ရွာသွန်းနေဆဲပဲ။မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြီးကြောင့် ဒီနှစ်သင်္ကြန်မှာတော့ မြို့တိုင်းမှာမဏ္ဠပ်တွေ ဆောက်လုပ်ခဲ့ခြင်းမရှိပါဘူး။လူတိုင်းနီးပါး အပူမိနေချိန်မှာ လူစိတ်ရှိတဲ့သူတိုင်း သင်္ကြန်ပျော်ဖို့စိတ်မဝင်စားတော့ပါဘူး။ဒီနှစ်ကစပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာ ယူနက်စကိုဒြပ်မဲ့ယဥ်ကျေးမှုစာရင်းထဲ ဝင်ခဲ့တယ်။ဒါပေမယ့်မြန်မာတွေကတော့ သင်္ကြန်အရသာကို အပြည့်အဝမခံစားရတော့တာ ၂၀၂၀ခုနှစ်ကတည်းကပါ။အရင်တုန်းကစိတိလွတ်ကိုယ်လွတ် ပျော်ရွင်ခဲ့ရတဲ့အချိန်တွေကို ပြန်လည်တမ်းတမိတယ်။ဘယ်အချိန်မှ...
Read moreDetailsလားရှိုးမြို့မှာMNDAAက ဆုတ်ခွာပြီးစစ်ကောင်စီက ပြန်ထိန်းချုပ်မယ့်သတင်းကြောင့် မြို့ခံတွေစိုးရိမ်နေကြတယ်။စစ်ကောင်စီအုပ်ချုပ်ရေး ပြန်အသက်ဝင်လာရင်MNDAAနဲ့ ပူးပေါင်းအလုပ်လုပ်ခဲ့တဲ့ မြိုခံအများအပြား ဖမ်းဆီးခံရမှာပါ။ဒါ့အပြင်စစ်မှုထမ်းဖို့စုဆောင်းခံရမှာကိုလဲ စိုးရိမ်နေကြတယ်။ဒါပေမယ့်MNDAAလက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့မြို့ခံအတော်များများကတော့ MNDAAနဲ့လိုက်သွားဖို့ အစီအ စဥ်မရှိကြပါဘူး။စစ်ကောင်စီဝင်လာရင်တော့ သူတို့ဟာမြို့ကို စွန့်ခွာကြရမှာပါ။လောလောဆယ်မှာတော့ လားရှိုးပြည်သူ့ဆေးရုံကြီးက ဆေးပစ္စည်းတွေကို MNDAAကသူတို့ထိန်းချုပ်ထားတဲ့ သိန္ဒီမြို့ဘက်ကိုရွေ့ပြောင်းနေတယ်။ဆေးရုံကြီးကိုလဲ ပိတ်လိုက်ပြီ။လားရှိုးမြို့ရဲ့အနာဂတ်ဟာ...
Read moreDetailsငလျင်ဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မည်သည့်အဖွဲ့အစည်းမဆို ခွင့်ပြုချက်တင်ရမှာဖြစ်ပြီးသူတို့နဲ့ပူးပေါင်းလုပ်ဆောင်ရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်ပါတယ်။ဒါဟာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကန့်သတ်လိုက်တဲ့သဘောပါပဲ။ငလျင်ဘေးသင့်ပြည်သူတွေကို ဘာမှမလုပ်ပေးနိုင်တဲ့အပြင် ကူညီနေသူတွေကိုပါ အခုလိုကန့်သတ်လိုက်တာဟာ အတော်တရားလွန်ပါတယ်။ဒါ့အပြင်ပြည်ပကသတင်းထောက်တွေဝင်ရောက် သတင်းယူမှာစိုးလို့အလည်အပတ်ဗီဇာထုတ်ပေးမှုတွေကိုပါ ရပ်ဆိုင်းလိုက်တယ်။ပီးခဲ့တဲ့ရက်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ အုတ်ပုံလေးတစ်ခုကို စစ်သား၁၀ယောက်ခန့်စိတ်မပါလက်မပါရှင်းနေတဲ့ဗီဒီယိုဖိုင်တွေ နိုင်ငံတကာအထိပြန့်နှံသွားပြီးနောက်ပိုင်းမှာ ဗီဇာတွေကိုပါကန့်သတ်လိုက်တာပါ။စစ်ကိုင်းငလျင်သတင်းတွေကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်သိဖို့သတင်းထောက်တွေရဲ့ ကဏ္ဏဟာအရေးပါပါတယ်။သတင်းတွေသိမှာသာ...
Read moreDetailsအင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဆုတ်ခွာထွက်ပြေးသွားတဲ့တပ်မ၇၇တပ်မမှုးနဲ့ အင်အား၁၃၀ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေကကသာ မြို့နားမှာအရှင်ဖမ်းဆီးရမိပါတယ်။တပ်မ၇၇ဆိုတာ စစ်ကောင်စီရဲ့နာမည်အကြီးဆုံးတပ်မဖြစ်တယ်။အင်းတော်တိုက်ပွဲမှာ EAOတပ်တွေမပါပဲ NUGPDFစုပေါင်းအဖွဲ့တွေသာ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ထိုတပ်မမှုးဟာNUGက ပထမဆုံးဖမ်းဆီးရမိတဲ့တပ်မမှုးပါ။ မြို့ကိုလက်လွတ်ရပီးနောက် စစ်ကောင်စီဟာအင်းတော်မြို့အနီး ဝန်းသိုမြို့အနားကရွာတွေကို တိုက်ပွဲမရှိပဲ လေကြောင်းကဗုံးကြဲခဲ့လို့ ဒေသခံပြည်သူနှစ်ဆယ်ဦးခန့် သေဆုံးခဲ့ပါတယ်။ငလျင်ဘေးကာလအတွင်းနှစ်ဖက်စလုံးက အပစ်ရပ်ထားမယ်လို့ကြေညာထားပေမယ့် စစ်ကောင်စီဟာစစ်ရေးနဲ့အရပ်သားပစ်မှတ်တွေကို...
Read moreDetailsအင်းတော်မြို့ကိုသိမ်းပိုက်နိုင်ပြီး နောက်တစ်ရက်မှာပဲ ချင်းပြည်နယ်ကဖလမ်းမြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဖလမ်းမြို့ကိုလဲ လေးလကြာအောင် တိုက်ခိုက်ခဲ့ရတယ်။လေးလအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကိုးဆယ်ကျော်ကျဆုံးခဲ့ရတယ်။ထိုမြို့ကိုရရှိလိုက်တာကြောင့် ချင်းပြည်နယ်မှာဟားခါး၊ထန်တလန်နဲ့တီးတိန်မြို့တွေကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့ပြီး ချင်းပြည်နယ်တစ်ခုလုံးရဲ့၈၅ရာခိုင်နှုန်းအထိ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်နေပါပြီ။ဆက်လက်ပြီး တီးတိန်မြို့ကို တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ကြေညာထားတယ်။ချင်းတော်လှန်ရေးအင်အားစုတွေသာ နှစ်ဖွဲ့ကွဲမနေရင် ဒီထက်ပိုပြီးအောင်မြင်နိုင်ပါတယ်။
Read moreDetailsကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအစပ်က အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်သိမ်းယူလိုက်နိုင်ပါပြီ။ထိုမြို့ကိုထိန်းချုပ်ထားပေမယ့် စစ်သူပုန်တွေဟာ မြို့ပြင်ကဒုတိယကမ္ဘာစစ်လက်ကျန် ဂျပန်လှိုင်ဂူမှာဆက်လက်ခုခံနေတဲ့အတွက် ၇လ ကျော်တိုက်ခိုက်ခဲ့ရတယ်။မန္တလေးမြစ်ကြီးနား ကားမလမ်းပေါ်မှာတည်ရှိနေတဲ့ အင်းတော်မြို့ကိုရလိုက်တဲ့အတွက် ကချင်ပြည်နယ်ထဲကိုကုန်းလမ်းကနေ ထောက်ပံပို့ဆောင်ရေးလုပ်ဖို့ စစ်ကောင်စီအနေနဲ့ခက်ခဲသွားမှာပါ။ဆက်လက်ပြီး ထီးချိုင့်မြို့ကိုသိမ်းပိုက်နိုင်ရင်တော့ ရှမ်းမြောက်နဲ့စစ်ကိုင်းတိုင်းအတွက် ဆက်သွယ်ရေးလမ်းကြောင်းပွင့်သွားမှာပါ။
Read moreDetailsငလျင်ဘေးဒဏ်ခံနေရတဲ့ မန္တလေးနဲ့စစ်ကိုင်းမြို့မှာ အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် လမ်းဘေးမှာဖြစ်သလိုနေထိုင်နေရတဲ့ ပြည်သူတွေ အတိဒုက္ခရောက်နေကြတယ်။အခုချိန်ထိစစ်ကောင်စီ ကယ်ဆယ်ရေးစခန်းဆိုပြီး ဆောက်ပေးတာမျိုးမတွေ့ရသေးပါဘူး။နိုင်ငံတကာက လာရောက်ကူညီပေးတဲ့ကယ်ဆယ်ရေးစခန်းတချို့နဲ့ ပြည်သူအချင်းချင်းသာကူညီနေကြရတယ်။နိုင်ငံတကာကရတဲ့အလှူငွေဆိုတာကလဲ တခြားနိုင်ငံတွေရခဲ့တဲ့အလှူငွေနဲ့ယှဉ်ရင် ဆယ်ပုံတစ်ပုံတောင်မရှိပါဘူး။အခုချိန်ထိ ဒေါ်လာသန်း၁၃၀ခန့်သာ ရပါသေးတယ်။ထိုငွေတွေထဲက တဝက်လောက်က ကုလသမဂ္ဂနဲ့INGO တွေကတဆင့်လှုဒါန်းကြတာဖြစ်တယ်။စစ်ကောင်စီကို တိုက်ရိုက်လှူရင်ပြည်သူတွေလက်ထဲရောက်မှာမဟုတ်တာကို နိုင်ငံတကာကလဲသိနေကြပြီလေ။အကူအညီတွေလိုသလောက်မရတာကြောင့် စစ်ကောင်စီလက်အောက်က...
Read moreDetailsYou can copy without credits to our site. We Need Freedom.