အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဆုတ်ခွာထွက်ပြေးသွားတဲ့တပ်မ၇၇တပ်မမှုးနဲ့ အင်အား၁၃၀ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေကကသာ မြို့နားမှာအရှင်ဖမ်းဆီးရမိပါတယ်။တပ်မ၇၇ဆိုတာ စစ်ကောင်စီရဲ့နာမည်အကြီးဆုံးတပ်မဖြစ်တယ်။အင်းတော်တိုက်ပွဲမှာ EAOတပ်တွေမပါပဲ NUGPDFစုပေါင်းအဖွဲ့တွေသာ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ထိုတပ်မမှုးဟာNUGက ပထမဆုံးဖမ်းဆီးရမိတဲ့တပ်မမှုးပါ။
မြို့ကိုလက်လွတ်ရပီးနောက် စစ်ကောင်စီဟာအင်းတော်မြို့အနီး ဝန်းသိုမြို့အနားကရွာတွေကို တိုက်ပွဲမရှိပဲ လေကြောင်းကဗုံးကြဲခဲ့လို့ ဒေသခံပြည်သူနှစ်ဆယ်ဦးခန့် သေဆုံးခဲ့ပါတယ်။ငလျင်ဘေးကာလအတွင်းနှစ်ဖက်စလုံးက အပစ်ရပ်ထားမယ်လို့ကြေညာထားပေမယ့် စစ်ကောင်စီဟာစစ်ရေးနဲ့အရပ်သားပစ်မှတ်တွေကို ဆက်တိုက်ဗုံးကြဲနေသလို တော်လှန်ရေးအဖွဲ့တွေကလဲ အပြီးသတ်မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။