လားရှိုးမြို့မှာMNDAAက ဆုတ်ခွာပြီးစစ်ကောင်စီက ပြန်ထိန်းချုပ်မယ့်သတင်းကြောင့် မြို့ခံတွေစိုးရိမ်နေကြတယ်။စစ်ကောင်စီအုပ်ချုပ်ရေး ပြန်အသက်ဝင်လာရင်MNDAAနဲ့ ပူးပေါင်းအလုပ်လုပ်ခဲ့တဲ့ မြိုခံအများအပြား ဖမ်းဆီးခံရမှာပါ။ဒါ့အပြင်စစ်မှုထမ်းဖို့စုဆောင်းခံရမှာကိုလဲ စိုးရိမ်နေကြတယ်။ဒါပေမယ့်MNDAAလက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့မြို့ခံအတော်များများကတော့ MNDAAနဲ့လိုက်သွားဖို့ အစီအ စဥ်မရှိကြပါဘူး။စစ်ကောင်စီဝင်လာရင်တော့ သူတို့ဟာမြို့ကို စွန့်ခွာကြရမှာပါ။လောလောဆယ်မှာတော့ လားရှိုးပြည်သူ့ဆေးရုံကြီးက ဆေးပစ္စည်းတွေကို MNDAAကသူတို့ထိန်းချုပ်ထားတဲ့ သိန္ဒီမြို့ဘက်ကိုရွေ့ပြောင်းနေတယ်။ဆေးရုံကြီးကိုလဲ ပိတ်လိုက်ပြီ။လားရှိုးမြို့ရဲ့အနာဂတ်ဟာ မရေရာမှုတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေတယ်။
မေ ၂၁၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မနေ့ကအပစ်ခံရလို့ ရွှေကူမြို့ဘက်အရေးပေါ်ဆင်းသက်လိုက်ရတဲ့ စစ်တပ်ရဟတ်ယာဥ်ကို KIAကအသေခံဒရုန်းနဲ့တိုက်ခိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ထိုဒရုန်းဟာ...