ငလျင်ဘေးဒဏ်ခံနေရတဲ့ မန္တလေးနဲ့စစ်ကိုင်းမြို့မှာ အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် လမ်းဘေးမှာဖြစ်သလိုနေထိုင်နေရတဲ့ ပြည်သူတွေ အတိဒုက္ခရောက်နေကြတယ်။အခုချိန်ထိစစ်ကောင်စီ ကယ်ဆယ်ရေးစခန်းဆိုပြီး ဆောက်ပေးတာမျိုးမတွေ့ရသေးပါဘူး။နိုင်ငံတကာက လာရောက်ကူညီပေးတဲ့ကယ်ဆယ်ရေးစခန်းတချို့နဲ့ ပြည်သူအချင်းချင်းသာကူညီနေကြရတယ်။နိုင်ငံတကာကရတဲ့အလှူငွေဆိုတာကလဲ တခြားနိုင်ငံတွေရခဲ့တဲ့အလှူငွေနဲ့ယှဉ်ရင် ဆယ်ပုံတစ်ပုံတောင်မရှိပါဘူး။အခုချိန်ထိ ဒေါ်လာသန်း၁၃၀ခန့်သာ ရပါသေးတယ်။ထိုငွေတွေထဲက တဝက်လောက်က ကုလသမဂ္ဂနဲ့INGO တွေကတဆင့်လှုဒါန်းကြတာဖြစ်တယ်။စစ်ကောင်စီကို တိုက်ရိုက်လှူရင်ပြည်သူတွေလက်ထဲရောက်မှာမဟုတ်တာကို နိုင်ငံတကာကလဲသိနေကြပြီလေ။အကူအညီတွေလိုသလောက်မရတာကြောင့် စစ်ကောင်စီလက်အောက်က ငလျင်ဘေးသင့်ပြည်သူတွေရဲ့ဘဝတွေက ခက်ခဲကြမ်းတမ်းနေဦးမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


