ငလျင်ဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မည်သည့်အဖွဲ့အစည်းမဆို ခွင့်ပြုချက်တင်ရမှာဖြစ်ပြီးသူတို့နဲ့ပူးပေါင်းလုပ်ဆောင်ရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်ပါတယ်။ဒါဟာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ကန့်သတ်လိုက်တဲ့သဘောပါပဲ။ငလျင်ဘေးသင့်ပြည်သူတွေကို ဘာမှမလုပ်ပေးနိုင်တဲ့အပြင် ကူညီနေသူတွေကိုပါ အခုလိုကန့်သတ်လိုက်တာဟာ အတော်တရားလွန်ပါတယ်။ဒါ့အပြင်ပြည်ပကသတင်းထောက်တွေဝင်ရောက် သတင်းယူမှာစိုးလို့အလည်အပတ်ဗီဇာထုတ်ပေးမှုတွေကိုပါ ရပ်ဆိုင်းလိုက်တယ်။ပီးခဲ့တဲ့ရက်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ အုတ်ပုံလေးတစ်ခုကို စစ်သား၁၀ယောက်ခန့်စိတ်မပါလက်မပါရှင်းနေတဲ့ဗီဒီယိုဖိုင်တွေ နိုင်ငံတကာအထိပြန့်နှံသွားပြီးနောက်ပိုင်းမှာ ဗီဇာတွေကိုပါကန့်သတ်လိုက်တာပါ။စစ်ကိုင်းငလျင်သတင်းတွေကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်သိဖို့သတင်းထောက်တွေရဲ့ ကဏ္ဏဟာအရေးပါပါတယ်။သတင်းတွေသိမှာသာ စာနာမှုအကူအညီတွေ များများရမှာပါ။အခုတော့စစ်ကောင်စီလုပ်သမျှ အရာအားလုံး ငလျင်ဘေးသင့်ပြည်သူတွေကို ပိုဒုက္ခရောက်စေသလိုဖြစ်နေတယ်။
မေ ၂၁၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မနေ့ကအပစ်ခံရလို့ ရွှေကူမြို့ဘက်အရေးပေါ်ဆင်းသက်လိုက်ရတဲ့ စစ်တပ်ရဟတ်ယာဥ်ကို KIAကအသေခံဒရုန်းနဲ့တိုက်ခိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ထိုဒရုန်းဟာ...