လားရှိုးမြို့ကိုMNDAAက ဆုတ်ခွာပြီးစစ်ကောင်စီ ပြန်ဝင်လာမယ့် သတင်းကအတည်ဖြစ်သွားပါပြီ။ဒီလ၂၁ရက်နေ့နောက်ဆုံးထားပြီး ဆုတ်ခွာမှာဖြစ်တယ်။MNDAAဟာ မြို့ပေါ်ကဆုတ်ခွာမှာဖြစ်ပေမယ့် မြို့ပတ်ပတ်လည်မှာ ဆက်လက်တပ်စွဲထားမှာဖြစ်တယ်။စစ်ကောင်စီဘက်က သေနတ်တစ်ချက်ပေါက်တာနဲ့ မြို့ထဲပြန်ဝင်လာမယ်လို့သိရတယ်။မြို့ပေါ်မှာလဲ MNDAAဆက်ဆံရေးရုံးတစ်ခု ဖွင့်ထားမယ်လို့ဆိုတယ်။မြို့ကိုဘယ်လိုအုပ်ချုပ်သွားမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် လားရှိုးမြို့ကိုပြန်ပေးလိုက်ရတဲ့အတွက် တော်လှန်ရေးကို သက်ရောက်မှုတွေ ရှိလာတော့မှာပါ။
အောက်တိုဘာ ၂၁၊ ၂၀၂၅။ (တနင်္လာ)
မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးရဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်တဲ့...


