စစ်ကောင်စီဟာဗုံးတွေဆက်တိုက်ကြဲနေပေမယ့်လဲ ငလျင်အတွက်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘာတစ်ခုမှမလုပ်ပေးပါဘူး။တကယ်ဆိုရင် နိုင်ငံတစ်ခုရဲ့စစ်တပ်ဟာ သဘာဝဘေးအန္တရာယ်ကြုံလာရင်သူ့မှာရှိတဲ့ အရင်းအမြစ်တွေ အကုန်သုံးပြီးပြည်သူကို ကူညီဖို့လုပ်ဆောင်ရမှာပါ။အခုတော့ ထိုအရင်းအမြစ်တွေကို ပြည်သူကိုသတ်ဖြတ်ဖို့အတွက်သာ သုံးနေပါတယ်။အခုချိန်အထိလဲ ကူညီကယ်ဆယ်ရေးအတွက် ကောင်းမွန်တဲ့အစီအစဥ် ဘာတစ်ခုမှရှိမနေပါဘူး။ငလျင်ဒဏ်သင့်ပြည်သူတွေဟာ ချက်ချင်းအိမ်ခြေရာခြေမဲ့ဖြစ်သွားပြီး လမ်းဘေးမှာဖြစ်သလ်ို အိပ်နေရတယ်။စစ်ကောင်စီက အမိုးအကာတွေနဲ့ယာယီနေထိုင်နိုင်ရေးတောင် မစီစဥ်ပေးနိုင်ဘူး။ဒါ့အပြင်NLDအစိုးရလက်ထက်က စီမံထားခဲ့တဲ့သဘာဝဘေးအန္တရာယ်ရံပုံငွေ ဘီလီယံသုံးရာကျော်ကိုလဲ မိုက်မဲစွာသုံးပစ်ခဲ့သေးတယ်။ငလျင်ဘေးကိုပြည်သူအချင်းချင်းသာ ကူညီနေကြရတယ်။
နိုင်ငံတကာကလဲ စစ်ကောင်စီအကြောင်းသိလို့ရုပ်ဝတ္ထုပစ္စည်းအကူအညီတွေသာပေးပြီး ငွေကြေးအကူအညီမပေးပါဘူး။ငွေကြေးအကူအညီပေးလိုက်ရင် စစ်ကောင်စီကလူသတ်ဖို့ပဲသုံးမှာပါ။ပေးလာတဲ့ငွေကြေးအကူအညီအများစုကလဲ စစ်ကောင်စီ ထံတိုက်ရိုက်မသွားပဲNGOတွေ၊ကုလသမဂ္ဂအဖွဲ့အစည်းတွေကတဆင့် လှုဒါန်းနေတာကိုတွေ့ရတယ်။ပြန်လည်ထူထောင်ရေးအတွက် အများကြီးရုန်းရဦးမှာပါ။