မန္တလေးမြို့မှာငလျင်ကြီးလှုပ်ပြီး နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်ဆက်လှုပ်နေတာကြောင့် မြို့ခံအများစုဟာသူတို့အိမ်တွေပေါ်မအိပ်ရဲပဲ လမ်းမပေါ်ထွက်အိပ်နေကြရတယ်။ကျုံးဘေးပတ်ပတ်လည်မှာ၊ဘောလုံးကွင်းတွေမှာ၊မြေကွက်လပ်ရှိတဲ့နေရာတွေမှာ ဖြစ်သလိုနေကြရတယ်။ရန်ကုန်ကပြည်သူတွေလဲ ငလျင်ဒဏ်မခံစားရပေမယ့် လျပ်စစ်မီးပြတ်တောက်မှုတွေကြောင့် အကြီးအကျယ်ဒုက္ခရောက်နေတယ်။နိုင်ငံတော်ဓာတ်အားပေးစနစ်က ဓာတ်အားလိုင်းတွေဓတ်အားရုံတွေပျက်စီးသွားတာကြောင့် တနိုင်ငံလုံးနီးပါးလျပ်စစ်မီးပျက်တောက်နေတယ်။
ငလျင်လှုပ်ပြီးသုံးရက်ကြာလာတဲ့အထိ စစ်ကောင်စီကကူညီကယ်ဆယ်ရေးတွေ ဘာမှမလုပ်ပေးပါဘူး။ပြည်သူတွေဟာကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေရတယ်။တရုတ်၊စင်ကာပူ၊အိန္ဒိယ၊ရုရှားစတဲ့နိုင်ငံတကာကကယ်ဆယ်ရေးအဖွဲ့တွေကတော့ စတင်ဝင်ရောက်လာနေပါပြီ။ဒါပေမယ့် နေပြည်တော်နဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှစ်ခု ငလျင်ဒဏ်ကြောင့်ပိတ်ထားရတာကြောင့် ရန်ကုန်ကနေတဆင့်ခရီးဆက်နေရတယ်။သုံးရက်ခန့်ကြာနေပြီမို့အပျက်အစီးတွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့အချိန်သိပ်မကျန်တော့ပါဘူး။