ထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရ ဘင်းစတက်စည်းအဝေးတက်ရောက်ဖို့ မင်းအောင်လှိုင်ဘန်ကောက်ကို ရောက်နေပါတယ်။ဒါဟာရုရှားနဲ့တရုတ်ပြီးရင် သူ့ရဲ့တတိယမြောက် ပြည်ပခရီးစဥ်ပါ။နိုင်ငံတကာမှာလူရာမဝင်တဲ့ မင်းအောင်လှိုင်ဟာ လူရာဝင်နိုင်ဖို့အစွမ်းကုန်ကြိုးစားနေပါတယ်။အခုဆိုရင်ဒေသတွင်းအစည်းအဝေးတွေ တက်ရောက်လာနိုင်နေပါပြီ။အိမ်နီးချင်းနိုင်ငံတွေကလဲ စစ်ခေါင်းဆောင်ကိုတဖြည်းဖြည်းနဲ့ နေရာပေးလာပြီ။ထိုအစည်းအဝေးတွေမှာ ဘာရလဒ်မှာမထွက်လဲ မင်းအောင်လှိုင်အတွက်တော့ လူရာဝင်လာတဲ့ အကျိုးအမြတ်တော့ရမှာပဲ။
ဒါပေမယ့်ဒီတခေါက် ထိုင်းခရီးစဥ်မှာတော့ဘန်ကောက်မှာ ဆန္ဒပြမှုတချို့နဲ့ကြုံရတယ်။မင်းအောင်လှိုင်နဲ့လက်စွဲနုတ်ဆက်နေတဲ့ ပုံတင်ခဲ့တဲ့ဘူတန်ဘုရင်တောင် ဝိုင်းဆဲတာခံရလို့ ပုံကိုပြန်ဖြုတ်ချသွားခဲ့ရတယ်။တခြားနိုင်ငံခေါင်းဆောင်တွေကြားမှာ မင်းအောင်လှိုင်ဟာ သွေးစွန်းနေတဲ့ လူသတ်သမားတကောင်ပဲ။