တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့် သိန္ဒီမြို့ကို စစ်ကော်မရှင်ထံပြန်ပေးရဖို့က ရာခိုင်နှုန်းငါးဆယ်ခန့်ရှိနေတယ်။
TLNAဘက်မှာလဲကကျောက်မဲမြို့နဲ့ သီပေါမြို့ကို ဆက်ထိန်းထားနိုင်ဖို့မလွယ်လောက်ပါဘူး။ဒီကြားထဲဝတပ်ဖွဲ့က ဘာမှမကူညီနိုင်တော့ဘူးလို့ ပြောထားတော့အခြေအနေက ပိုဆိုးသွားတယ်။ရှမ်းမြောက်မှာ ပြင်းထန်နေတဲ့စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကိုTLNAတစ်ဖွဲ့ထဲ ခုခံဖို့မဖြစ်နိုင်သလောက်ပါပဲ။ခန့်မှန်းတာ မမှားဘူးဆိုရင်လာမယ့် အောက်တိုဘာလကုန်လောက်မှာပဲ ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့လက်ကျန်မြို့ကြီးတွေဖြစ်တဲ့ မိုးကုတ်၊ကျောက်မဲ၊သီပေါနဲ့သိန္ဒီမြို့တွေကို စစ်ကော်မရှင်က ပြန်လည်ရယူသွားပါလိမ့်မယ်။ထိုကဲ့သို့ဖြစ်လာရင်တော့ နွေဦးတော်လှန်ကို တဆစ်ချိုးပြောင်းလဲသွားစေခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးကြီးတစ်ခုလုံးနီးပါး အလကားဖြစ်သွားပါလိမ့်မယ်။


