တရုတ်ရဲ့ဖိအားကိုရင်ဆိုင်နေရတဲ့ ရှမ်းမြောက်ကနောက်တစ်ဖွဲ့ဖြစ်တဲ့ MNDAAအဖွဲ့ကိုလဲ စစ်ကော်မရှင်ကသိန္ဒီမြို့ကို ပြန်တောင်းနေတယ်လို့ သိရတယ်။တရုတ်ရဲ့ ဖိအားကြောင့် MNDAAဟာလားရှိုးမြို့ကို စစ်ကောင်စီထံပြီးခဲ့တဲ့ ဧပြီလကလွှဲအပ်ခဲ့ရပြီးပြီ။ဒါကိုစစ်ကော်မရှင်ကလားရှိုးမြို့အထက်က စစ်ရေးနဲ့စီးပွားရေးအချက်အခြာကျတဲ့ သိန္ဒီမြို့ကိုထပ်တောင်းနေတာပါ။ထိုမြို့မှာတော့ အခုချိန်ထိ MNDAAကအုပ်ချုပ်ရေး၊စီးပွားရေးနဲ့စည်ပင်သာယာရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လည်ပတ်နေဆဲပါ။ ဒါပေမယ့် အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ စစ်ကော်မရှင်ရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလမယ့် စက်တင်ဘာလမှာ မြို့ပေါ်ကိုဝင်ရောက်လာတော့မယ်လို့ သတင်းတွေထွက်နေတယ်။MNDAAက တရုတ်နဲ့စစ်ကော်မရှင်တို့ရဲ့ဖိအားကို ဘယ်လောက်ထိတောင့်ခံနိုင်မလဲ စောင့်ကြည့်ရမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


