တကယ်တော့လားရှိုးမြို့က MNDAAဆုတ်ခွာပေးရတာ တရုတ်ရဲ့ကြီးမားတဲ့ ဖိအားတွေကြောင့်ပါ။အခုလိုဆုတ်ခွာမပေးရင် တရုတ်ကMNDAAကိုအဖက်ဖက်က ပြန်လည်ပိတ်ဆိို့မှာဖြစ်ပြီး စစ်ကောင်စီကလဲမြို့ကို လေကြောင်းကဗုံးကြဲဖျက်စီးပါလိမ့်မယ်။အခုလိုမြန်မာပြည်ထဲက မြို့ကြီးတစ်မြို့ကို ဘယ်သူအုပ်ချုပ်ပါဆိုပြီးကြားဝင်စွက်ဖက်နေတာဟာ မြန်မာပြည်ရဲ့အချုပ်အခြာအာဏာကို ပေါ်ပေါ်ထင်ထင်ထိပါးနေတာပါပဲ။
လားရှိုးမြို့ကိစ္စမှာMNDAAရော စစ်ကောင်စီပါနှစ်ဖက်လုံး အမြတ်မထွက်ပါဘူး။အသက်သွေးချွေးမြောက်မြားစွာရင်းပြီး တိုက်ခိုက်ခဲ့ပြီးမှစွန့်လွတ်လိုက်ရတဲ့အတွက်MNDAAအတွက် အမြတ်မထွက်သလိုလားရှိုးမြို့ပေါ် ကွက်ကွက်လေးကိုပဲ တရုတ်ရဲ့အကူအညီနဲ့ထိန်းချုပ်ခွင့်ရခြင်းဟာ နိုင်ငံရေးနဲ့စစ်ရေးအရဆိုရင် စစ်ကောင်စီဟာအရှုံးပြပါတယ်။ဒါပေမယ့် နောက်ပိုင်းပြောင်းလဲလာနိုင်တဲ့ အခြေအနေတွေ ကြောင့်ရှမ်းမြောက်စစ်ရေးဟာလဲ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။