မနေ့ကဘုရားပေါ်မှာရော၊ကမ်းခြေမှာရောစည်ကားနေကြပေမယ့်တစ်ဦးချင်းဆီရဲ့အလှပုံတွေဆိုရှယ်မီဒီယာပေါ်သိပ်တက်မလာကြဘူး။လူတိုင်းကဒီကိစ္စကိုဝိုင်းပြောနေကြတော့ပုံတွေတင်ရင်အဆဲခံရမှာစိုးလို့နဲ့တူတယ်။ AIRKBZလေယာဉ်အမှုမှာဖမ်းဆီးခံထားရတဲ့လေယာဉ်အင်ဂျင်နီယာတစ်ယောက်စစ်ကြောရေးမှာဆုံးပါးသွားခဲ့ပါတယ်။တကယ်တော့ဒီအမှုဟာသူနဲ့ဘာမှပတ်သက်ခဲ့တာမဟုတ်၊ပတ်သက်ခဲ့ရင်တောင်သေလောက်တဲ့ပြစ်ဒဏ်မျိုးချမှတ်ခံရစရာအကြောင်းမရှိဘူး။အခုတော့ဘာမှမဆိုင်ပဲပညာတတ်လူငယ်တစ်ဦးစစ်အာဏာရှင်စနစ်ကြောင့်ဆုံးရှုံးခဲ့ရပါပြီ။လေကြောင်းလိုင်းရဲ့ကိုယ့်ရဲ့ဝန်ထမ်းအပေါ်တာဝန်ယူမှုတာဝန်ခံမှုကိုလဲအံသြမိပါတယ်။
Read moreDetailsဒီနေ့သီတင်းကျွတ်လပြည့်နေ့ကိုရွှေတိဂုံဘုရားမှာလူတွေခြေချစရာနေရာမရှိအောင်များပြားနေတယ်။ချောင်းသာ၊ငွေဆောင်စတဲ့ကမ်းခြေတွေမှာလဲဟိုတယ်တွေဘိုကင်အပြည့်ဆိုပဲ။ဆိုရှယ်မီဒီယာတွေပေါ်မှာတော့မြို့ပေါ်ကလူတွေသွေးအေးကုန်ကြပြီ၊အပျော်အပါးမက်နေကြတယ်၊တောထဲမှာတိုက်ပွဲဝင်နေတဲ့ကလေးတွေကိုအားမနာကြဘူးစသဖြင့်ဆူပူကြိမ်းမောင်းတဲ့သူတွေကတဖက်၊ဘုရားပေါ်ကသူတွေကိုကာကွယ်ပြောဆိုနေသူတွေကတဖက်နဲ့ပွဲစည်ကုန်ကြတယ်။ တကယ်ကဘယ်သူမှမှားတယ်လို့မထင်ပါဘူး။ဒီကာလမှာဘယ်သူမဆိုစိတ်ဖိစီးမှုကအနည်းနဲ့အများတော့ရှိမှာပဲ။အဲ့ဒီအခါကျကိုယ်စီစိတ်လွတ်လပ်မှုရှာကြမှာပဲ။ကိုယ့်အမြင်ပြောရရင်တော့ကမ်းခြေနဲ့ဘုရားဘယ်ပဲသွားသွားအပြစ်တစ်ခုမဟုတ်ဘူး။ဒါပေမယ့်အပျော်ခရီးတွေကဓာတ်ပုံတွေတော့ဆိုရှယ်မီဒီယာတွေပေါ်မှာမတင်သင့်ဘူး။တော်လှန်ရေးကိုအသက်ပါပေးပြီးလုပ်နေတဲ့သူတွေကိုကိုယ်ချင်းစာသောအားဖြင့်ပေါ့။လူတိုင်းဟာလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။
Read moreDetailsမနေ့ကလွတ်ပေးလိုက်တဲ့သူတွေထဲမှာတချို့တွေကထောင်ဘူးဝမှာ၊တချို့ကအိမ်ပြန်ရောက်မှပြန်အဖမ်းခံရတဲ့သူတွေရှိလာတယ်။စုစုပေါင်းတစ်ရာကျော်ပြန်အဖမ်းခံရတယ်တဲ့။စစ်ကောင်စီဟာဘာတွေဘယ်လိုလုပ်နေမှန်းကိုနားမလည်နိုင်တော့ဘူး။တကယ့်ကိုကြက်သရေတုံးတဲ့အဖွဲ့အစည်းပဲ။ဒီလိုလူတွေအာဏာကိုချုပ်ကိုင်နိုင်သေးတာအံသြဖို့ကောင်းတယ်။နာမည်ကြီးအနုပညာရှင်တွေလဲတယောက်မှလွတ်မလာဘူး။ USကတော့စစ်ကောင်စီကိုဖိအားဆက်ပေးဖို့နိုင်ငံခြားရေးအတွင်းဝန်ကိုအာဆီယံကိုလွှတ်လိုက်ပြီ။ UNကတော့အမေစုနဲ့သမ္မတကြီးတို့ကိုပဲလွှတ်ပေးဖို့ဆက်လက်တောင်းဆိုနေလေရဲ့။
Read moreDetailsဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားငါးထောင်ကျော်ကိုစစ်ကောင်စီကပြန်လွှတ်ပေးလိုက်တယ်။အထူးသဖြင့်ဆန္ဒတွေပြကြတုန်းကတနိုင်ငံလုံးအနှံံ့ဖမ်းဆီးခံထားရတဲ့လူငယ်တွေပေါ့။လွှတ်ပေးတဲ့စာရင်းတွေထဲမှာနာမည်ကြီးအနုပညာရှင်တွေပါဝင်လာတယ်လို့လဲသတင်းတွေကြားနေရတယ်။အတိအကျကတော့မနက်ဖြန်မှသိမှာပဲ။ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ခွင့်မရတော့တဲ့မင်းအောင်လှိုင်ဟာနိုင်ငံတကာကိုမျက်နှာရလိုရညားမတရားဖမ်းဆီးထားတဲ့သူတွေကိုလွှတ်ပေးခြင်းသာဖြစ်တယ်။အစကတည်းကမတရားဖမ်းဆီးခံရတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စရာအကြောင်းလုံးဝမရှိဘူး။ခုလွတ်ပေးတဲ့သူတွေထဲမှာထိပ်သီးခေါင်းဆောင်တွေပါလာတာလဲမဟုတ်ဘူး။အဲ့ဒီတော့တော်လှန်ရေးမှာဘာမှအကျိုးသက်ရောက်မှုမရှိဘူး။
Read moreDetailsစစ်ကောင်စီဟာအနောက်မြောက်ပိုင်းဒေသတစ်ခုလုံးကိုစစိဆင်ရေးလုပ်ဖို့တပ်တွေရွှေ့နေဆဲပဲ။အဲ့ဒီဒေသတွေမှာခုလောလောဆယ်တိုက်ပွဲတွေတော့လျော့ကျသွားတယ်။စစ်အင်အားတွေထပ်တိုးနေတာကြောင့်ဒေသခံPDFတွေလဲရှောင်ရတိမ်းရနဲ့လုပ်ရကိုင်ရတာကြပ်တည်းကုန်တယ်ထင်တယ်။ဒါပေမယ့်ရှမ်းပြည်မြောက်ပိုင်းမှာတော့MNDAAနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်သူပုန်တွေတဖြုတ်ဖြုတ်သေနေတယ်။ ရန်ကုန်မှာတော့စစ်ကောင်စီတပ်သားတွေအရင်လိုသိပ်မရှိတော့တာသတိထားမိတယ်။ကြားရတဲ့သတင်းတွေအရတော့မြို့ကြီးတွေပေါ်ကတပ်တွေကိုစစ်ကိုင်းတိုင်းဖက်ရွှေ့နေကြတယ်တဲ့။ အုပ်ချုပ်ရေးယန္တရားကတော့အခုချိန်ထိတောရောမြို့မှာပါကောင်းကောင်းတည်မရသေးဘူး။ဒလန်တွေအပြင်အုပ်ချုပ်ရေးမှုးတွေပါပစ်မှတ်ထားလုပ်ကြံခံရတယ်။တချို့မြို့နယ်တွေမှာဆိုမြို့နယ်လုံးကျွတ်နုတ်ထွက်ကုန်ကြပြီ။
Read moreDetailsအာဆီယံဟာလာမယ့်ထိပ်သီးအစည်းအဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုပေးမတက်ဖို့ဆုံးဖြတ်လိုက်ပြီ။ပြည်တွင်းရေးကိုမစွတ်ဖက်ဖို့မူကိုကိုင်ဆွဲထားတဲ့အာဆီယံအဖို့ဒါဟာသမိုင်းဝင်မယ့်ဆုံးဖြတ်ချက်ဖြစ်သလိုပြည်သူတွေအနစ်နာခံမှုတွေအတွက်ထွက်ပေါ်လာတဲ့ရလဒ်ကောင်းတစ်ခုပေါ့။စစ်ကောင်စီအတွက်ကတော့UNမှာလဲအသိအမှတ်မပြု၊နောက်ဆုံးလက်ကျန်အာဆီယံကလဲသူတို့ကိုကန်ထုတ်လိုက်ပြီဆိုတော့သံတမန်ရေးရာမှာလုံးဝကျဆုံးသွားရှာပြီ။ဒါလဲခေါင်းမာမာနဲ့အမေစုတို့ကိုပေးတွေ့မှာမဟုတ်သေးဘူး။အာဆီယံကတော့အမေစုတို့မတွေ့ရသ၍စစ်ကောင်စီကိုအဖက်လုပ်မယ့်ပုံမပေါ်ဘူး။နှစ်ဖက်စလုံးကတင်းနေတော့ရှေ့ဆက်ဘယ်လိုစခန်းသွားကြမလဲမသိဘူး။
Read moreDetailsမိုးတွေဆက်တိုက်ရွာနေတာရက်ဆက်နေပြီ။ခါတိုင်းဒီလိုမိုးရွာရင်ကော်ဖီရယ်၊စာအုပ်လေးရယ်နဲ့ဇိမ်ယူနေကျပဲ။ဒီနှစ်မိုးတွင်းတော့ဇိမ်မယူနိုင်အားဘူး။မိုးရွာရင်စစ်ဘေးရှောင်ပြည်သူတွေဒုက္ခရောက်မှာတွေးပူမိတယ်။တောထဲကသူရဲကောင်းလေးတွေကိုင်တဲ့တူမီးသေနတ်ဆိုတာလဲမိုးမိရင်ယမ်းမပေါက်ဘူးတဲ့။သူတို့လဲစိတ်ညစ်မှာပဲ။မြို့ပေါ်ကလူတွေလဲဘာမှမထူးဘူး။လမ်းဘေးစျေးသည်တွေဆိုအစောထဲကစျေးရောင်းမကောင်းတဲ့ကြားကဒီလိုတနေကုန်မိုးရွာရင်စျေးဦးတောင်ပေါက်ပါ့မလား။ဒီကာလမှာဘယ်နေရာကြည့်ကြည့်သူ့အပူနဲ့သူပဲ။
Read moreDetailsပြီးခဲသည့်စက်တင်ဘာလ အတွင်း သမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်း အဖြစ် ၁ ဒေါ်လာလျှင် ကျပ် ၂၇၀၀ ကျော်အထိ ဖြစ်သွားခဲ့သည်/ ဧရာဝတီ မနေ့ကအလှူငွေကိစ္စဆက်ပြောရမယ်ဆိုရင်တော်လှန်ရေးမှာအလိုအပ်ဆုံးကတော့ငွေပဲ။လက်နက်ကိုင်တော်လှန်ရေးဆိုပိုတောင်လိုသေးတယ်။NUGကလဲဒီကိစ္စကိုအသည်းအသန်လုံးပန်းနေတယ်။ထီရောင်းတယ်၊ကံစမ်းမဲလက်မှတ်ရောင်းတယ်၊ဒါပေမယ့်အဲ့ဒီကရတာတွေကတပွဲထိုးတစ်ခါပဲရမယ့်ငွေတွေဖြစ်နေတယ်။ပမာဏအားဖြင့်လဲNUGအတွက်ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲဖြစ်နေတယ်။ရေရှည်ပုံမှန်ငွေရမယ့်နည်းလမ်းကတော့အခွန်ကောက်တာပဲ။တော်လှန်ရေးကရေရှည်သွားရမှာကိုး။ LocalPDFတွေအတွက်ကတော့ပြည်သူတွေလှူဒါန်းတဲ့အလှူငွေကိုပဲအားပြုနေရတယ်။ဘက်ဂျက်လုံလုံလောက်လောက်မရှိတာမို့ရင်ဆိုင်တိုက်ပွဲတွေမဆင်နွဲနိုင်သေးပဲပျောက်ကျားစနစ်နဲ့သာသွားနေရတယ်။တသက်လုံးပျောက်ကျားတိုက်နေလို့မရတဲ့အတွက်ရေရှည်မှာဘယ်လိုဖြစ်လာမလဲဆိုတာတော့စဥ်းစားရခက်တယ်။
Read moreDetailsခုတလောတော်လှန်ရေးအဖွဲ့တွေအတွက်အလှူငွေကောက်ခံတဲ့ကိစ္စမှာအငြင်းပွားဖွယ်ရာတွေဖြစ်ပေါ်နေတယ်။တနိုင်ငံလုံးကPDF တွေရှင်သန်လှုပ်ရှားနိုင်ဖို့ကပြည်တွင်းပြည်ပကမြန်မာတွေရဲ့အလှူငွေတွေအပေါ်မှာတိုက်ရိုက်မူတည်နေတာပါ။အထူးသဖြင့် NUG နဲ့ချိတ်ဆက်မထားတဲ့ Local PDF တွေအတွက်အတော်အရေးပါတယ်။နိုင်ငံတကာအကူအညီဆိုတာကလဲခုချိန်ထိဘာမှဖြစ်မလာသေးပါဘူး။ ဒီအခြေအနေမှာအလှူခံတဲ့သူရဲ့ပုံရိပ်ပေါ်မူတည်ပြီးယုံကြည်မှုတည်ဆောက်ကြရတယ်။တချို့ကလဲအကွက်ကျကျအယုံသွင်းပြီးအလှူငွေတွေကိုလိမ်သွားတဲ့ကိစ္စတွေပေါ်ပေါက်လာတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဖို့အတွက်တချို့တွေကပြန်လည်ဖြေရှင်းနေကြတယ်။ဘာပဲလုပ်လုပ်ယုံကြည်မှုကအရေးကြီးတယ်လေ။ဒီပြသာနာဟာလဲသိပ်ကြီးကြီးမားမားဖြစ်လာမှာမဟုတ်ဘူး။ပြည်သူတွေရဲ့အသိဥာဏ်ကဒီခေတ်မှာမြင့်မားနေပြီလေ။
Read moreDetailsအာဆီယံကိုယ်စားလှယ်ရဲ့မြန်မာပြည်လာမယ့်ခရီးစဥ်ကိုနောက်ဆုံးမိနစ်မှာပဲဖျက်သိမ်းလိုက်တယ်။အာဆီယံကိုယ်စားလှယ်ကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့တောင်းဆိုတာကိုစစ်ကောင်စီကလုံးဝလက်မခံပဲတော်လှန်ရေးနဲ့ဘာမှမဆိုင်တဲ့ဒုသမ္မတ၊လွှတ်တော်ဥက္ကဌနဲ့သာပေးတွေ့လို့ခရီးစဥ်ပျက်သွားတယ်ပြောတယ်။ဒါတောင်စစ်ကောင်စီကအာဆီယံကိုမလိမ့်တပတ်လုပ်ချင်သေးတာ။တကမ္ဘာလုံးကဖိအားတွေဝိုင်းပေးထားကြတော့အာဆီယံဟာလဲစစ်ကောင်စီကိုအရင်လိုအလျော့မပေးနိုင်တော့ဘူး။လက်ရှိအခြေအနေမှာဆက်လက်စောင့်ကြည့်ရမှာကဒီလကုန်မှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာမင်းအောင်လှိုင်ကိုပေးတက်မတက်ဆိုတာပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.