မနေ့ကဘုရားပေါ်မှာရော၊ကမ်းခြေမှာရောစည်ကားနေကြပေမယ့်တစ်ဦးချင်းဆီရဲ့အလှပုံတွေဆိုရှယ်မီဒီယာပေါ်သိပ်တက်မလာကြဘူး။လူတိုင်းကဒီကိစ္စကိုဝိုင်းပြောနေကြတော့ပုံတွေတင်ရင်အဆဲခံရမှာစိုးလို့နဲ့တူတယ်။
AIRKBZလေယာဉ်အမှုမှာဖမ်းဆီးခံထားရတဲ့လေယာဉ်အင်ဂျင်နီယာတစ်ယောက်စစ်ကြောရေးမှာဆုံးပါးသွားခဲ့ပါတယ်။တကယ်တော့ဒီအမှုဟာသူနဲ့ဘာမှပတ်သက်ခဲ့တာမဟုတ်၊ပတ်သက်ခဲ့ရင်တောင်သေလောက်တဲ့ပြစ်ဒဏ်မျိုးချမှတ်ခံရစရာအကြောင်းမရှိဘူး။အခုတော့ဘာမှမဆိုင်ပဲပညာတတ်လူငယ်တစ်ဦးစစ်အာဏာရှင်စနစ်ကြောင့်ဆုံးရှုံးခဲ့ရပါပြီ။လေကြောင်းလိုင်းရဲ့ကိုယ့်ရဲ့ဝန်ထမ်းအပေါ်တာဝန်ယူမှုတာဝန်ခံမှုကိုလဲအံသြမိပါတယ်။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...