မနေ့ကအလှူငွေကိစ္စဆက်ပြောရမယ်ဆိုရင်တော်လှန်ရေးမှာအလိုအပ်ဆုံးကတော့ငွေပဲ။လက်နက်ကိုင်တော်လှန်ရေးဆိုပိုတောင်လိုသေးတယ်။NUGကလဲဒီကိစ္စကိုအသည်းအသန်လုံးပန်းနေတယ်။ထီရောင်းတယ်၊ကံစမ်းမဲလက်မှတ်ရောင်းတယ်၊ဒါပေမယ့်အဲ့ဒီကရတာတွေကတပွဲထိုးတစ်ခါပဲရမယ့်ငွေတွေဖြစ်နေတယ်။ပမာဏအားဖြင့်လဲNUGအတွက်ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲဖြစ်နေတယ်။ရေရှည်ပုံမှန်ငွေရမယ့်နည်းလမ်းကတော့အခွန်ကောက်တာပဲ။တော်လှန်ရေးကရေရှည်သွားရမှာကိုး။
LocalPDFတွေအတွက်ကတော့ပြည်သူတွေလှူဒါန်းတဲ့အလှူငွေကိုပဲအားပြုနေရတယ်။ဘက်ဂျက်လုံလုံလောက်လောက်မရှိတာမို့ရင်ဆိုင်တိုက်ပွဲတွေမဆင်နွဲနိုင်သေးပဲပျောက်ကျားစနစ်နဲ့သာသွားနေရတယ်။တသက်လုံးပျောက်ကျားတိုက်နေလို့မရတဲ့အတွက်ရေရှည်မှာဘယ်လိုဖြစ်လာမလဲဆိုတာတော့စဥ်းစားရခက်တယ်။