စစ်ကောင်စီဟာအနောက်မြောက်ပိုင်းဒေသတစ်ခုလုံးကိုစစိဆင်ရေးလုပ်ဖို့တပ်တွေရွှေ့နေဆဲပဲ။အဲ့ဒီဒေသတွေမှာခုလောလောဆယ်တိုက်ပွဲတွေတော့လျော့ကျသွားတယ်။စစ်အင်အားတွေထပ်တိုးနေတာကြောင့်ဒေသခံPDFတွေလဲရှောင်ရတိမ်းရနဲ့လုပ်ရကိုင်ရတာကြပ်တည်းကုန်တယ်ထင်တယ်။ဒါပေမယ့်ရှမ်းပြည်မြောက်ပိုင်းမှာတော့MNDAAနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်သူပုန်တွေတဖြုတ်ဖြုတ်သေနေတယ်။
ရန်ကုန်မှာတော့စစ်ကောင်စီတပ်သားတွေအရင်လိုသိပ်မရှိတော့တာသတိထားမိတယ်။ကြားရတဲ့သတင်းတွေအရတော့မြို့ကြီးတွေပေါ်ကတပ်တွေကိုစစ်ကိုင်းတိုင်းဖက်ရွှေ့နေကြတယ်တဲ့။
အုပ်ချုပ်ရေးယန္တရားကတော့အခုချိန်ထိတောရောမြို့မှာပါကောင်းကောင်းတည်မရသေးဘူး။ဒလန်တွေအပြင်အုပ်ချုပ်ရေးမှုးတွေပါပစ်မှတ်ထားလုပ်ကြံခံရတယ်။တချို့မြို့နယ်တွေမှာဆိုမြို့နယ်လုံးကျွတ်နုတ်ထွက်ကုန်ကြပြီ။